နို့တိုက်မိခင်က အသီးအရွက်စားသမားဆိုရင်ကောဘယ်လိုလုပ်မလဲ?
နို့တိုက်မိခင်က အသီးအရွက်စားသမားဖြစ်တယ်ဆိုရင်တော့ လိုအပ်တဲ့အာဟာရဓာတ်တွေပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေကို သေချာရွေးချယ်စားဖို့ အရေးကြီးပါတယ်။ ဥပမာအားဖြင့်-
- • သံဓာတ်၊ အသားဓာတ်နဲ့ ကယ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေရွေးစားပါ။
သံဓာတ်ကြွယ်ဝတဲ့အစားအစာတွေကတော့ ပဲ၊ ကောက်ပဲသီးနှံ၊ ပြုပြင်မထားသောအစေ့အဆန်များ၊ အစိမ်းရင့်ရောင်အရွက်များ၊ သစ်သီးခြောက်များစတာတွေဖြစ်ပါတယ်။ ခန္ဓာကိုယ်မှ သံဓာတ်စုပ်ယူမှုအားကောင်းစေဖို့အတွက် သံဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို ဗီတာမင် C ပါဝင်တဲ့အစားအစာတွေနဲ့ တွဲဖက်စားသုံးပါ။
အသားဓာတ်ရရှိဖို့အတွက် ဥနှင့် နို့ထွက်ပစ္စည်းများ၊ ပဲပိစပ်ဖြင့်လုပ်ထားသော အစားအစာများနှင့် အသားအစားထိုး ပဲအမျိုးမျိုး၊ အခွံမာသီးများ၊ အစေ့များနှင့် ကောက်ပဲသီးနှံများ စတာတွေစားသုံးပါ။
ကယ်ဆီယမ်ဓာတ်အတွက် အကောင်းဆုံးအစားအစာ၇င်းမြစ်တွေကတော့ နို့နှင့်နို့ထွက်ပစ္စည်းများ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များစတာတွေနဲ့ ကယ်ဆီယမ်ဓာတ်ထည့်သွင်းထုတ်လုပ်ထားသော ဖျော်ရည်၊ ကောက်နှံ၊ ပဲနို့၊ ဒိန်ချဉ်၊ တို့ဖူး စသည်တို့ကို စားသုံးပါ။
- • အားဆေးသောက်ပါ။
ဆရာဝန်က ဗီတာမင် B12 နေ့စဉ်သောက်ဖို့ညွန်ကြားပါလိမ့်မယ်။ ဗီတာမင် B12 က တိရိစၧာန်ကနေအဓိကရတာဖြစ်တဲ့အတွက် ဟင်းသီးဟင်းရွက်စားသူတွေမှာ လုံလောက်စွာရဖို့ခက်ပါတယ်။ ဗီတာမင် B12 က ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးပါတယ်။ omega-3 လည်းသောက်ဖို့လိုပါတယ်။ ဗီတာမင် D ထည့်သွင်းထုတ်လုပ်ထားတဲ့အစားအစာတွေဖြစ်တဲ့ နွားနို့နဲ့ အချို့သောကောက်ပဲသီးန့ှတွေကို လုံလောက်စွာမစားဘူးဆိုရင် ဗီတာမင် D အားဆေးလည်းသောက်ဖို့လိုပါတယ်။ ကလေးက ကယ်ဆီယမ်နဲ့ ဖော့စ်ဖရပ်တွေကို စုပ်ယူနိုင်ဖို့အတွက် ဗီတာမင် D ကိုလိုအပ်ပါတယ်။ ဗီတာမင် D နည်းလွန်းရင် ကလေးမှာ အရိုးပျော့ရောဂါဖြစ်နိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
(Unicode)
အသားဓာတျရရှိဖို့အတှကျ ဥနှင့ျ နို့ထှကျပစ်စညျးမြား၊ ပဲပိစပျဖွင့ျလုပျထားသော အစားအစာမြားနှင့ျ အသားအစားထိုး ပဲအမြိုးမြိုး၊ အခှံမာသီးမြား၊ အစေ့မြားနှင့ျ ကောကျပဲသီးနှံမြား စတာတှစေားသုံးပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























