/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/နို့တိုက်မိခင်တွေ-သိထားသင့်သော-အာဟာရဆိုင်ရာအချက်များ

နို့တိုက်မိခင်တွေ သိထားသင့်သော အာဟာရဆိုင်ရာအချက်များ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

(Zawgyi)

    မိခင္ႏို႔တိုက္ေကၽြးတယ္ဆိုတာ ကေလးက်န္းမာဖို႔နဲ႔ ႀကီးထြားဖို႔အတြက္ လိုအပ္တဲ့ အာဟာရဓာတ္ေတြကို ကေလးကို ေပးေနျခင္းပဲ ျဖစ္ပါတယ္။ ကေလးအာဟာရအတြက္ မိခင္ႏို႔ခ်ိဳ တိုက္ေကၽြးတာနဲ႔ ပတ္သက္ၿပီး ႏို႔တိုက္မိခင္က အစာဘယ္ေလာက္စားရမလဲ၊ ဘာေတြ ေရွာင္ရမလဲ၊ မိခင္ စားလိုက္တဲ့ အစားအစာက ကေလးအေပၚ ဘယ္လိုအက်ိဳးသက္ေရာက္မႈရွိလဲ စသည္ျဖင့္ ေမးခြန္းမ်ားစြာ ရွိၾကပါလိမ့္မယ္။ ဒီေတာ့ မိခင္ႏို႔တိုက္ေကၽြးျခင္းနဲ႔ ပတ္သက္တဲ့ အာဟာရဆိုင္ရာ အေျခခံ အခ်က္အလက္ေလးေတြကို နားလည္ထားဖို႔ လိုပါတယ္။

>>    ကေလးႏို႔တိုက္ေနခ်ိန္မွာ အေမအတြက္ ကယ္လိုရီေတြ ပိုၿပီးလိုအပ္ပါသလား?
    လိုအပ္ပါတယ္။ မိခင္ရဲ႕စြမ္းအင္ေတြကို ထိန္းသိမ္းထားႏိုင္ဖို႔အတြက္ တစ္ေန႔ကို ၃၃၀-၄၀၀ ကယ္လိုရီခန္႔ ပိုစားေပးဖို႔ လိုပါတယ္။ ဒီအပိုလိုအပ္တဲ့ ကယ္လိုရီအတြက္ဆိုရင္ ျဖဴေအာင္ အတင္းဖြတ္ထားတာ ျပဳျပင္ထားတာမဟုတ္တဲ့ ေပါင္မုန္႔နဲ႔ ေျမပဲ၊ ေထာပတ္စားပြဲတင္ဇြန္း တစ္ဇြန္း၊ အလယ္အလတ္အရြယ္ ငွက္ေပ်ာသီး (သို႔) ပန္းသီးတစ္လံုး၊ ဒိန္ခ်ဥ္ ၈ ေအာင္စခန္႔ စတာေတြကဲ့သို႔ေသာ အာဟာရဓာတ္ျပည့္ဝတဲ့ အစားအစာေတြကို ေရြးခ်ယ္စားေသာက္ေပးပါ။

>>    ကေလးႏို႔တိုက္ေနတဲ့ မိခင္ေတြက ဘာေတြစားသင့္သလဲ?
    ႏို႔ထြက္အားေကာင္းဖို႔အတြက္ အေထာက္အကူျပဳေစတဲ့ က်န္းမာေရးနဲ႔ညီညြတ္္တဲ့ အစားအစာေတြကုိ စားေပးရပါမယ္။ အဆီမပါတဲ့ အသား၊ ငါး၊ ဥ၊ ႏို႔ႏွင့္ ႏို႔ထြက္ပစၥည္းမ်ား၊ ပဲ၊ ျပဒါးပါဝင္မႈနည္းေသာ ပင္လယ္စာမ်ားစတဲ့ အသားဓာတ္ ႂကြယ္ဝေသာ အစားအစာမ်ား၊ ျပဳျပင္ထားျခင္းမရွိေသာ ေကာက္ပဲသီးႏွံမ်ား၊ ဟင္းသီးဟင္းရြက္ႏွင့္ သစ္သီးမ်ားစတာေတြကို ေရြးခ်ယ္ စားေသာက္ပါ။ သစ္သီးနဲ႔ ဟင္းသီးဟင္းရြက္ေတြ စားတဲ့အခါမွာ ပိုးသတ္ေဆးအႏၲရာယ္ကို ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ ေသခ်ာ ေဆးေၾကာၿပီးမွ စားပါ။
    ကေလးႏို႔တိုက္ေနခ်ိန္မွာ အစားအစာမ်ိဳးစံု စားေပးျခင္းျဖင့္ ႏို႔အရသာကို ေျပာင္းလဲေစပါတယ္။ ဒီအခါမွာ ကေလးကို အရသာအမ်ိဳးမ်ိဳး ထိေတြ႕ၿပီးျဖစ္ေစတဲ့အတြက္ ကေလး အစာစၿပီးေကၽြးတဲ့အခါမွာ လြယ္ကူေစပါတယ္။ ကေလးေကာ အေမပါ လိုအပ္တဲ့ အာဟာရဓာတ္ေတြ ေသခ်ာရဖို႔အတြက္ ကေလးျဖည့္စြက္စာ စေကၽြးတဲ့အခ်ိန္အထိ ဆရာဝန္က ကိုယ္ဝန္ေဆာင္အားေဆး ဆက္ေသာက္ဖို႔ ညႊန္ၾကားပါလိမ့္မယ္။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)

    မိခင်နို့တိုက်ကျွေးတယ်ဆိုတာ ကလေးကျန်းမာဖို့နဲ့ ကြီးထွားဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ကလေးကို ပေးနေခြင်းပဲ ဖြစ်ပါတယ်။ ကလေးအာဟာရအတွက် မိခင်နို့ချို တိုက်ကျွေးတာနဲ့ ပတ်သက်ပြီး နို့တိုက်မိခင်က အစာဘယ်လောက်စားရမလဲ၊ ဘာတွေ ရှောင်ရမလဲ၊ မိခင် စားလိုက်တဲ့ အစားအစာက ကလေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲ စသည်ဖြင့် မေးခွန်းများစွာ ရှိကြပါလိမ့်မယ်။ ဒီတော့ မိခင်နို့တိုက်ကျွေးခြင်းနဲ့ ပတ်သက်တဲ့ အာဟာရဆိုင်ရာ အခြေခံ အချက်အလက်လေးတွေကို နားလည်ထားဖို့ လိုပါတယ်။

>>    ကလေးနို့တိုက်နေချိန်မှာ အမေအတွက် ကယ်လိုရီတွေ ပိုပြီးလိုအပ်ပါသလား?
    လိုအပ်ပါတယ်။ မိခင်ရဲ့စွမ်းအင်တွေကို ထိန်းသိမ်းထားနိုင်ဖို့အတွက် တစ်နေ့ကို ၃၃၀-၄၀၀ ကယ်လိုရီခန့် ပိုစားပေးဖို့ လိုပါတယ်။ ဒီအပိုလိုအပ်တဲ့ ကယ်လိုရီအတွက်ဆိုရင် ဖြူအောင် အတင်းဖွတ်ထားတာ ပြုပြင်ထားတာမဟုတ်တဲ့ ပေါင်မုန့်နဲ့ မြေပဲ၊ ထောပတ်စားပွဲတင်ဇွန်း တစ်ဇွန်း၊ အလယ်အလတ်အရွယ် ငှက်ပျောသီး (သို့) ပန်းသီးတစ်လုံး၊ ဒိန်ချဉ် ၈ အောင်စခန့် စတာတွေကဲ့သို့သော အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာတွေကို ရွေးချယ်စားသောက်ပေးပါ။

>>    ကလေးနို့တိုက်နေတဲ့ မိခင်တွေက ဘာတွေစားသင့်သလဲ?
    နို့ထွက်အားကောင်းဖို့အတွက် အထောက်အကူပြုစေတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို စားပေးရပါမယ်။ အဆီမပါတဲ့ အသား၊ ငါး၊ ဥ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ပဲ၊ ပြဒါးပါဝင်မှုနည်းသော ပင်လယ်စာများစတဲ့ အသားဓာတ် ကြွယ်ဝသော အစားအစာများ၊ ပြုပြင်ထားခြင်းမရှိသော ကောက်ပဲသီးနှံများ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများစတာတွေကို ရွေးချယ် စားသောက်ပါ။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားတဲ့အခါမှာ ပိုးသတ်ဆေးအန္တရာယ်ကို လျှော့ချနိုင်ဖို့အတွက် သေချာ ဆေးကြောပြီးမှ စားပါ။
    ကလေးနို့တိုက်နေချိန်မှာ အစားအစာမျိုးစုံ စားပေးခြင်းဖြင့် နို့အရသာကို ပြောင်းလဲစေပါတယ်။ ဒီအခါမှာ ကလေးကို အရသာအမျိုးမျိုး ထိတွေ့ပြီးဖြစ်စေတဲ့အတွက် ကလေး အစာစပြီးကျွေးတဲ့အခါမှာ လွယ်ကူစေပါတယ်။ ကလေးကော အမေပါ လိုအပ်တဲ့ အာဟာရဓာတ်တွေ သေချာရဖို့အတွက် ကလေးဖြည့်စွက်စာ စကျွေးတဲ့အချိန်အထိ ဆရာဝန်က ကိုယ်ဝန်ဆောင်အားဆေး ဆက်သောက်ဖို့ ညွှန်ကြားပါလိမ့်မယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)