နောက်ထပ်ကိုယ်ဝန်မဆောင်မီ ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်သင့်သောအချက်များ
ပထမကိုယ်ဝန်ဆုံးရှုံးပြီးနောက်ပိုင်း ကိုယ်ဝန်ထပ်ဆောင်ဖို့ အစီအစဉ်ရှိတယ်ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေစားပြီး နေထိုင်မှုပုံစံတွေ ပြုလုပ်ဖို့ အရေးကြီးပါတယ်။ ဒါက နောက်ကိုယ်ဝန်မှာ နောက်ဆက်တွဲဆိုးကျိုးမရှိဘဲ ချောချောမောမော မွေးဖွားနိုင်ခြင်းစတဲ့ ရေရှည်အကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။ နောက်ထပ်ကိုယ်ဝန်မဆောင်မီနဲ့ ဆောင်နေစဉ်အတွင်းမှာ အာဟာရပြည့်ဝတဲ့အစားအစာတွေစားဖို့ အရေးကြီးဆုံးပါပဲ။
1. ဖောလစ်အက်ဆစ်
ကိုယ်ဝန်ထပ်မယူခင် လအနည်းငယ်ကတည်းက ဖောလစ်အက်ဆစ် သောက်ထားနိုင်ပါတယ်။ ဖောလစ်အက်စစ်က သန္ဓေအောင်နိုင်ချေကို များစေပြီး သန္ဓေသားကိုလည်း ကာကွယ်ပေးပါတယ်။ သန္ဓေသားရဲ့ကျောရိုးမနဲ့ အာရုံကြောမစနစ် ဖွံ့ဖြိုးဖို့အတွက် folate က အရေးကြီးပါတယ်။ ဖောလစ်အက်စစ်က သန္ဓေသားဘဝမှာ အာရုံကြောဆိုင်ရာချို့တဲ့ခြင်းတွေကို လျော့ကျစေပါတယ်။
2. ကျန်းမာရေးနဲ့ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းထားခြင်း
နောက်ထပ်ကိုယ်ဝန်ထပ်ယူဖို့ စီစဉ်နေစဉ်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ထိန်းထားဖို့ အလွန်အရေးကြီးပါတယ်။ အဝလွန်တာ (သို့) ပိန်လွန်းတာတွေက မကောင်းပါဘူး။ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို မှန်မှန်ကန်ကန် စားသောက်ဖို့ လိုအပ်ပါတယ်။ မိခင်အများစု အစာစားရင် ကောင်းတယ်လို့ထင်ပြီး အများကြီး စားတတ်ကြပါတယ်။
3. လေ့ကျင့်ခန်း
ကိုယ်ဝန်ပျက်ကျဖူးလို့ ကိုယ်ခန္ဓာလှုပ်ရှားမှုလုပ်ရမှာ အားစိုက်ရမှာကို ကြောက်ရွံ့နေနိုင်ပေမယ့်လည်း ကျန်းမာဖို့အတွက် လေ့ကျင့်ခန်းပုံမှန်လုပ်ပေးဖို့ လိုပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး လေ့ကျင့်ခန်းလုပ်ပါ။ ကလေးမွေးတဲ့အခါမှာ ခံနိုင်ရည်ရှိဖို့အတွက် ခန္ဓာကိုယ်က ကျန်းမာနေဖို့ အရေးကြီးပါတယ်။
4. အရက်နှင့် မူးယစ်ဆေးများကို ရှောင်ကြဉ်ပါ
ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးစွဲနေတယ်ဆိုရင် ဒါတွေကိုဖြတ်ဖို့ အချိန်ရောက်ပါပြီ။ သန္ဓေသား ကြီးထွားဖွံ့ဖြိုးဖို့အတွက် အရက်နဲ့ဆေးလိပ်က အန္တရာယ်ရှိပါတယ်။ နောက်ထပ်ကိုယ်ဝန်မဆောင်မီမှာ ဒီအကျင့်ဆိုးတွေ အားလုံးကို စွန့်လွှတ်လိုက်တာ အကောင်းဆုံးပါ။ ဒါ့အပြင် ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေက မသောက်တဲ့သူတွေနဲ့ယှဉ်ရင် ကိုယ်ဝန်ရနိုင်ချေ နည်းပါတယ်။
5. ယောဂကျင့်ခြင်းနှင့် တရားထိုင်ခြင်း
ယောဂကျင့်ခြင်းနဲ့ တရားထိုင်ခြင်းတွေက စိတ်ပိုင်းဆိုင်ရာရော ကိုယ်ပိုင်းဆိုင်ရာကိုပါ ဟန်ချက်ညီစေပါတယ်။ ကိုယ်ဝန်ထပ်ယူဖို့ စီစဉ်နေတုန်းမှာ ဒါတွေကို လုပ်ကြည့်ပါ။ ယောဂက မကောင်းတဲ့အတွေးတွေကိုလည်း ဖယ်ထုတ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ရှိလာတဲ့အခါမှာလည်း စိတ်ရောကိုယ်ပါ ဟန်ချက်ညီမှုတွေက ဗိုက်ထဲက သန္ဓေသားလေးရဲ့ကြီးထွားမှုအတွက် ကောင်းကျိုးတွေ ဖြစ်စေပါတယ်။ ဒီတော့ ယောဂ၊ တရားထိုင်ခြင်းနဲ့ အသက်ရှူလေ့ကျင့်ခန်းတွေလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။
6. ခန္ဓာကိုယ်ကို လုံလောက်စွာ အနားပေးခြင်း
တက်ကြွပြီး ကျန်းမာဖို့အတွက် ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့လိုသလိုပဲ တစ်နေ့တစ်နေ့ အနားယူဖို့လည်း လိုပါတယ်။ ကိုယ်ဝန်ယူဖို့ အစီအစဉ်ရှိတယ်ဆိုရင် အလုပ်မှာ ခန္ဓာကိုယ် အရမ်းပင်ပန်းအောင် မလုပ်ပါနဲ့။ အလုပ်နဲ့ အနားပေးတာ ညီမျှပါစေ။
7. စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ပေးတဲ့သူတွေနဲ့ ဆက်သွယ်ပါ။
ကိုယ်ဝန်ပျက်ကျပြီး နောက်ထပ်ကိုယ်ဝန်ယူဖို့ အမျိုးသမီးတိုင်းနီးပါး ကြောက်တတ်ကြပါတယ်။ တခြားဒီလိုရာဇဝင်ရှိဖူးတဲ့ အမျိုးသမီးတွေ အများကြီးရှိပါတယ်။ ဒီလိုလူတွေနဲ့ အုပ်စုဖွဲ့စကားပြောခြင်း၊ ဆွေးနွေးခြင်းက စိတ်သက်သာရာရစေပြီး စိတ်ပိုင်းဆိုင်ရာကို တိုးတက်လာစေနိုင်ပါတယ်။ ပြဿနာတွေကို တိုင်ပင်ဆွေးနွေးပြီး အတွေ့အကြုံတွေ ဖလှယ်နိုင်ပါတယ်။
Obimin 1

>> စိတ်ခံစားချက်များ
ကိုယ်ဝန်ဆောင်တယ်ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ဘဝအတွက် အပြောင်းအလဲတစ်ခုပါပဲ။ ကိုယ်ဝန်ပျက်ကျဖူးတဲ့ အမျိုးသမီးတွေအတွက် နောက်ထပ်ကိုယ်ဝန်ဆောင်ရတာက ပိုပြီးစိတ်ခံစားချက်တွေကို လေးလံစေပါတယ်။ ပျော်ရွှင်ခြင်းနဲ့အတူ စိုးရိမ်ပူပန်မှုတွေ၊ စိတ်လှုပ်ရှားမှုတွေ ကြောက်ရွံ့မှုတွေကို တစ်ဆက်တည်း ခံစားရတာက ပုံမှန်ပါပဲ။ ကိုယ်ဝန်ရှိလို့ ပျော်နေပေမယ့်လည်း အရင်က ပျက်ကျဖူးလို့ အပြည့်အဝ မပျော်နိုင်ဘဲ ကြောက်ရွံ့မှုတွေ ရှိနေနိုင်ပါတယ်။ ဘာကိုကြောက်နေမှန်းမသိတဲ့အတွက် နောက်ထပ်ကိုယ်ဝန်ရှိနေပြီလို့ ပြောရမှာတောင်မှာ ကြောက်နေနိုင်ပါတယ်။
ကိုယ့်ရဲ့ရှုပ်ထွေးနေတဲ့ခံစားချက်တွေကို ခင်ပွန်းကို ပြောပြပါ။ ခံစားချက်တွေက ပိုဆိုးလာပြီး ထိန်းလို့မရဘူးဆိုရင် စိတ်ပိုင်းဆိုင်ရာအထူးကုဆရာဝန်နဲ့ ပြသပြီး တိုင်ပင်ဆွေးနွေးပါ။
ကိုယ်ဝန်ဆောင်တယ်ဆိုတာက ပုံံမှန်ဖြစ်စဉ်တစ်ခုပါပဲ။ တစ်ခါတလေမှာလည်း ဆုံးရှုံးမှုတွေ ကြုံရနိုင်တယ်ဆိုတာကို မမေ့ပါနဲ့။ ကိုယ်ဝန်ပျက်ကျတာက ဆိုးရွားတဲ့အတွေ့အကြုံဆိုပေမယ့်လည်း ကိုယ့်ကိုယ်ကို ပြန်လည်တည်ဆောက်နိုင်ဖို့ အချိန်ယူပါ။ အဆင်သင့်ဖြစ်ပြီဆိုတာ သေချာမှသာပဲ နောက်ထပ်ကိုယ်ဝန်ယူပါ။ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေက ကျော်လွှားနိုင်ဖို့ ခက်တယ်ဆိုပေမယ့်လည်း ဒါက ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ တခြားအောင်မြင်တဲ့သူတွေလိုပဲ ကိုယ်လည်း ဒီလိုဆိုးရွားတဲ့အတိတ်ကို ထားခဲ့ပြီး ပျော်ရွှင်ကြည်နူးတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။
Dr. Mya Myo Myo Swe (www.drmyanma.com)
Obimin 2

(Zawgyi)
ပထမကိုယ္ဝန္ဆုံးရႈံးၿပီးေနာက္ပိုင္း ကိုယ္ဝန္ထပ္ေဆာင္ဖို႔ အစီအစဥ္ရွိတယ္ဆိုရင္ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အစားအစာေတြစားၿပီး ေနထိုင္မႈပုံစံေတြ ျပဳလုပ္ဖို႔ အေရးႀကီးပါတယ္။ ဒါက ေနာက္ကိုယ္ဝန္မွာ ေနာက္ဆက္တြဲဆိုးက်ိဳးမရွိဘဲ ေခ်ာေခ်ာေမာေမာ ေမြးဖြားႏိုင္ျခင္းစတဲ့ ေရရွည္အက်ိဳးျဖစ္ထြန္းေစႏိုင္ပါတယ္။ ေနာက္ထပ္ကိုယ္ဝန္မေဆာင္မီနဲ႔ ေဆာင္ေနစဥ္အတြင္းမွာ အာဟာရျပည့္ဝတဲ့အစားအစာေတြစားဖို႔ အေရးႀကီးဆုံးပါပဲ။
1. ေဖာလစ္အက္ဆစ္
ကိုယ္ဝန္ထပ္မယူခင္ လအနည္းငယ္ကတည္းက ေဖာလစ္အက္ဆစ္ ေသာက္ထားႏိုင္ပါတယ္။ ေဖာလစ္အက္စစ္က သေႏၶေအာင္ႏိုင္ေခ်ကို မ်ားေစၿပီး သေႏၶသားကိုလည္း ကာကြယ္ေပးပါတယ္။ သေႏၶသားရဲ႕ေက်ာ႐ိုးမနဲ႔ အာ႐ုံေၾကာမစနစ္ ဖြံ႕ၿဖိဳးဖို႔အတြက္ folate က အေရးႀကီးပါတယ္။ ေဖာလစ္အက္စစ္က သေႏၶသားဘဝမွာ အာ႐ုံေၾကာဆိုင္ရာခ်ိဳ႕တဲ့ျခင္းေတြကို ေလ်ာ့က်ေစပါတယ္။
2. က်န္းမာေရးနဲ႔ညီၫြတ္ေသာ ကိုယ္အေလးခ်ိန္ကို ထိန္းထားျခင္း
ေနာက္ထပ္ကိုယ္ဝန္ထပ္ယူဖို႔ စီစဥ္ေနစဥ္မွာ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ ကိုယ္အေလးခ်ိန္ထိန္းထားဖို႔ အလြန္အေရးႀကီးပါတယ္။ အဝလြန္တာ (သို႔) ပိန္လြန္းတာေတြက မေကာင္းပါဘူး။ အာဟာရျပည့္ဝတဲ့ အစားအစာေတြကို မွန္မွန္ကန္ကန္ စားေသာက္ဖို႔ လိုအပ္ပါတယ္။ မိခင္အမ်ားစု အစာစားရင္ ေကာင္းတယ္လို႔ထင္ၿပီး အမ်ားႀကီး စားတတ္ၾကပါတယ္။
3. ေလ့က်င့္ခန္း
ကိုယ္ဝန္ပ်က္က်ဖူးလို႔ ကိုယ္ခႏၶာလႈပ္ရွားမႈလုပ္ရမွာ အားစိုက္ရမွာကို ေၾကာက္ရြံ႕ေနႏိုင္ေပမယ့္လည္း က်န္းမာဖို႔အတြက္ ေလ့က်င့္ခန္းပုံမွန္လုပ္ေပးဖို႔ လိုပါတယ္။ ဆရာဝန္နဲ႔ တိုင္ပင္ၿပီး ေလ့က်င့္ခန္းလုပ္ပါ။ ကေလးေမြးတဲ့အခါမွာ ခံႏိုင္ရည္ရွိဖို႔အတြက္ ခႏၶာကိုယ္က က်န္းမာေနဖို႔ အေရးႀကီးပါတယ္။
4. အရက္ႏွင့္ မူးယစ္ေဆးမ်ားကို ေရွာင္ၾကဥ္ပါ
ေဆးလိပ္၊ အရက္နဲ႔ မူးယစ္ေဆးစြဲေနတယ္ဆိုရင္ ဒါေတြကိုျဖတ္ဖို႔ အခ်ိန္ေရာက္ပါၿပီ။ သေႏၶသား ႀကီးထြားဖြံ႕ၿဖိဳးဖို႔အတြက္ အရက္နဲ႔ေဆးလိပ္က အႏၲရာယ္ရွိပါတယ္။ ေနာက္ထပ္ကိုယ္ဝန္မေဆာင္မီမွာ ဒီအက်င့္ဆိုးေတြ အားလုံးကို စြန႔္လႊတ္လိုက္တာ အေကာင္းဆုံးပါ။ ဒါ့အျပင္ ေဆးလိပ္ေသာက္တဲ့ အမ်ိဳးသမီးေတြက မေသာက္တဲ့သူေတြနဲ႔ယွဥ္ရင္ ကိုယ္ဝန္ရႏိုင္ေခ် နည္းပါတယ္။
5. ေယာဂက်င့္ျခင္းႏွင့္ တရားထိုင္ျခင္း
ေယာဂက်င့္ျခင္းနဲ႔ တရားထိုင္ျခင္းေတြက စိတ္ပိုင္းဆိုင္ရာေရာ ကိုယ္ပိုင္းဆိုင္ရာကိုပါ ဟန္ခ်က္ညီေစပါတယ္။ ကိုယ္ဝန္ထပ္ယူဖို႔ စီစဥ္ေနတုန္းမွာ ဒါေတြကို လုပ္ၾကည့္ပါ။ ေယာဂက မေကာင္းတဲ့အေတြးေတြကိုလည္း ဖယ္ထုတ္ေပးႏိုင္ပါတယ္။ ကိုယ္ဝန္ရွိလာတဲ့အခါမွာလည္း စိတ္ေရာကိုယ္ပါ ဟန္ခ်က္ညီမႈေတြက ဗိုက္ထဲက သေႏၶသားေလးရဲ႕ႀကီးထြားမႈအတြက္ ေကာင္းက်ိဳးေတြ ျဖစ္ေစပါတယ္။ ဒီေတာ့ ေယာဂ၊ တရားထိုင္ျခင္းနဲ႔ အသက္႐ွဴေလ့က်င့္ခန္းေတြလုပ္ဖို႔ တိုက္တြန္းခ်င္ပါတယ္။
6. ခႏၶာကိုယ္ကို လုံေလာက္စြာ အနားေပးျခင္း
တက္ႂကြၿပီး က်န္းမာဖို႔အတြက္ ကိုယ္လက္လႈပ္ရွားမႈ လုပ္ဖို႔လိုသလိုပဲ တစ္ေန႔တစ္ေန႔ အနားယူဖို႔လည္း လိုပါတယ္။ ကိုယ္ဝန္ယူဖို႔ အစီအစဥ္ရွိတယ္ဆိုရင္ အလုပ္မွာ ခႏၶာကိုယ္ အရမ္းပင္ပန္းေအာင္ မလုပ္ပါနဲ႔။ အလုပ္နဲ႔ အနားေပးတာ ညီမွ်ပါေစ။
7. စိတ္ပိုင္းဆိုင္ရာ အေထာက္အပံ့ေပးတဲ့သူေတြနဲ႔ ဆက္သြယ္ပါ။
ကိုယ္ဝန္ပ်က္က်ၿပီး ေနာက္ထပ္ကိုယ္ဝန္ယူဖို႔ အမ်ိဳးသမီးတိုင္းနီးပါး ေၾကာက္တတ္ၾကပါတယ္။ တျခားဒီလိုရာဇဝင္ရွိဖူးတဲ့ အမ်ိဳးသမီးေတြ အမ်ားႀကီးရွိပါတယ္။ ဒီလိုလူေတြနဲ႔ အုပ္စုဖြဲ႕စကားေျပာျခင္း၊ ေဆြးေႏြးျခင္းက စိတ္သက္သာရာရေစၿပီး စိတ္ပိုင္းဆိုင္ရာကို တိုးတက္လာေစႏိုင္ပါတယ္။ ျပႆနာေတြကို တိုင္ပင္ေဆြးေႏြးၿပီး အေတြ႕အႀကဳံေတြ ဖလွယ္ႏိုင္ပါတယ္။
>> စိတ္ခံစားခ်က္မ်ား
ကိုယ္ဝန္ေဆာင္တယ္ဆိုတာ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ဘဝအတြက္ အေျပာင္းအလဲတစ္ခုပါပဲ။ ကိုယ္ဝန္ပ်က္က်ဖူးတဲ့ အမ်ိဳးသမီးေတြအတြက္ ေနာက္ထပ္ကိုယ္ဝန္ေဆာင္ရတာက ပိုၿပီးစိတ္ခံစားခ်က္ေတြကို ေလးလံေစပါတယ္။ ေပ်ာ္႐ႊင္ျခင္းနဲ႔အတူ စိုးရိမ္ပူပန္မႈေတြ၊ စိတ္လႈပ္ရွားမႈေတြ ေၾကာက္ရြံ႕မႈေတြကို တစ္ဆက္တည္း ခံစားရတာက ပုံမွန္ပါပဲ။ ကိုယ္ဝန္ရွိလို႔ ေပ်ာ္ေနေပမယ့္လည္း အရင္က ပ်က္က်ဖူးလို႔ အျပည့္အဝ မေပ်ာ္ႏိုင္ဘဲ ေၾကာက္ရြံ႕မႈေတြ ရွိေနႏိုင္ပါတယ္။ ဘာကိုေၾကာက္ေနမွန္းမသိတဲ့အတြက္ ေနာက္ထပ္ကိုယ္ဝန္ရွိေနၿပီလို႔ ေျပာရမွာေတာင္မွာ ေၾကာက္ေနႏိုင္ပါတယ္။
ကိုယ့္ရဲ႕ရႈပ္ေထြးေနတဲ့ခံစားခ်က္ေတြကို ခင္ပြန္းကို ေျပာျပပါ။ ခံစားခ်က္ေတြက ပိုဆိုးလာၿပီး ထိန္းလို႔မရဘူးဆိုရင္ စိတ္ပိုင္းဆိုင္ရာအထူးကုဆရာဝန္နဲ႔ ျပသၿပီး တိုင္ပင္ေဆြးေႏြးပါ။
ကိုယ္ဝန္ေဆာင္တယ္ဆိုတာက ပံုံမွန္ျဖစ္စဥ္တစ္ခုပါပဲ။ တစ္ခါတေလမွာလည္း ဆုံးရႈံးမႈေတြ ႀကဳံရႏိုင္တယ္ဆိုတာကို မေမ့ပါနဲ႔။ ကိုယ္ဝန္ပ်က္က်တာက ဆိုးရြားတဲ့အေတြ႕အႀကဳံဆိုေပမယ့္လည္း ကိုယ့္ကိုယ္ကို ျပန္လည္တည္ေဆာက္ႏိုင္ဖို႔ အခ်ိန္ယူပါ။ အဆင္သင့္ျဖစ္ၿပီဆိုတာ ေသခ်ာမွသာပဲ ေနာက္ထပ္ကိုယ္ဝန္ယူပါ။ စိတ္ပိုင္းဆိုင္ရာ ဒဏ္ရာေတြက ေက်ာ္လႊားႏိုင္ဖို႔ ခက္တယ္ဆိုေပမယ့္လည္း ဒါက ကိုယ္တစ္ေယာက္တည္း မဟုတ္ပါဘူး။ တျခားေအာင္ျမင္တဲ့သူေတြလိုပဲ ကိုယ္လည္း ဒီလိုဆိုးရြားတဲ့အတိတ္ကို ထားခဲ့ၿပီး ေပ်ာ္႐ႊင္ၾကည္ႏူးတဲ့ဘဝကို ပိုင္ဆိုင္ႏိုင္မွာပါ။
Dr. Mya Myo Myo Swe (www.drmyanma.com)






























