ပန်းကလေးများထံမှ ပေးစာများ (အပိုင်း - 12)
သားအိမ်ထဲမှာရှိတဲ့ အလုံးကို ကလေးမွေးရင်း တခါထဲထုတ်လို့ရသလားဆိုတာနဲ့ပတ်သက်ပြီး မေးမြန်းလာတဲ့မေးခွန်းကို သားဖွားနှင့်မီးယပ် အထူးကုဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာဦးစိုးလွင်က Dr Myanmar ကျန်းမာရေးဝက်ဘ်ဆိုဒ်ရဲ့ " ပန်းကလေးများထံမှ ပေးစာများ" အစီအစဉ်မှတဆင့် ဖြေကြားပေးထားပါတယ်
မေးမြန်းလာတဲ့မေးခွန်းလေးကတော့...
ဆရာရှင့်….
နာမည်က မွန် ပါ။ သမီးသိချင်တာက ကလေးမွေးရင်းနဲ့ သားအိမ်မှာရှိတဲ့အလုံးတစ်ခါထဲ ထုတ်လို့ရလားလို့ပါရှင့်။
ခွဲချိန်ကြာတော့ စိုရိမ်ရလား သိချင်လို့ပါရှင့်။






























