ပန်းကလေးများထံမှ ပေးစာများ (အပိုင်း-9)
** ပထမ ကလေးကို ခွဲမွေးထားရင် ဒုတိယတစ်ခေါက်ကျရင်ကော ခွဲမွေးရမှာပဲလား? **
------------
ဒီအကြောင်းနဲ့ ပတ်သက်လို့ မေးမြန်းလာတဲ့မေးခွန်းကို သားဖွားနှင့်မီးယပ် အထူးကုဆရာ၀န်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာဦးစိုးလွင်က Dr Myanmar ကျန်းမာရေး Websiteရဲ့ "ပန်းကလေးများထံမှ ပေးစာများ" အစီအစဉ်မှတဆင့် ဖြေကြားပေးထားပါတယ်။
မေးမြန်းထားတဲ့မေးခွန်းလေးကတော့…
"ဆရာရှင့်…
သမီးက အသက်၂၂နှစ်မှာ သားဦးခွဲမွေးထားတယ်။ ကလေးအနေအထားမမှန်လို့ပါရှင့်။ အခု ဒုတိယကိုယ်ဝန်ရှိနေပါပြီ။ အသက်၂၇ ပါ။ သမီးမှာ ဘာရောဂါမှမရှိပါဘူး။ တကယ်လို့ ကလေးအနေထားမှန်ရင် ရိုးရိုးမွေးဖို့ ဖြစ်နိုင်လားရှင့်။ ကိုယ်ဝန် ၅ လ ထဲမှာပါ။ အာထရာဆောင်းတစ်ခါရိုက်ပြီးပါပြီ။ ကလေးက ကျန်းမာတယ်လို့ ပြောပါတယ်။"






























