ဗိုက်ခွဲမွေးပြီးနောက် ချုပ်ရိုး ပိုးဝင်ခြင်း
ဗိုက်ခွဲမွေးသည့်အမျိုးသမီးများရဲ့ (၃) ရာခိုင်နှုန်းမှ (၁၅) ရာခိုင်နှုန်းဟာ ချုပ်ရိုးနေရာကို ပိုးဝင်ခြင်း ဖြစ်တတ်ပါတယ်။
ဘက်တီးရီးယားများကြောင့်ဖြစ်ပြီး အပေါ်ယံ အနာကနေ အတွင်းပိုင်း ပြည်တည်သည်အထိ ဖြစ်တတ်ပါတယ်။
>> ချုပ်ရိုးမကျက်ခြင်း ဖြစ်ပေါ်စေသည့် အကြောင်းရင်းများ
● အဝလွန်ခြင်း
● ဆီးချိုရှိခြင်း
● မမွေးခင် မွေးလမ်းကြောင်းကို မကြာခဏစမ်းခြင်း
● ရေမြွှာစောပေါက်ခြင်း
● မွေးဖွားနေစဉ် ရေမြွှာရေမှတစ်ဆင့် ပိုးဝင်ခြင်း
● အရေးပေါ် ခွဲမွေးရခြင်း
● ယခင်က ချုပ်ရိုးဒဏ်ရာဟောင်း ရှိဖူးခြင်း
>> ရောဂါပိုးဝင်သည့် လက္ခဏာများ
● အဖျား 100.4°F အထက်ရှိခြင်း
● ချုပ်ရိုးနေရာ နီရဲခြင်း၊ နာခြင်း၊ ရောင်ရမ်းခြင်း၊ ပြည်များထွက်ခြင်း
● မိန်းမကိုယ်မှ အနံ့ရှိသောအရည်များ ဆင်းခြင်း
● ခွဲစိတ်ပြီး ရက်အတန်ကြာအောင် ဗိုက်အောက်ပိုင်း နာကျင်နေခြင်း
● ဆီးသွားသည့်အခါ ပူခြင်း၊ နာခြင်း၊ သွေးပါခြင်း
(ခွဲမွေးပြီးသည့်နေ့မှစ၍ ချုပ်ရိုးမကျက်မချင်း နေ့တိုင်း ဂရုစိုက်ကြည့်ရှုပြီး အထက်ပါလက္ခဏာများ ဖြစ်ပေါ်လာလျှင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။)
>> ကုသရန်နည်းလမ်းများ
● ပိုးသတ်ဆေးပေးခြင်း - စောစောသိရလျှင် သောက်ဆေးပေးလေ့ရှိပြီး လိုအပ်ပါက ထိုးဆေးပေးပါလိမ့်မယ်။
● ချုပ်ရိုးပြန်ဖြေပြီး ပြည်များကို ညှစ်ထုတ်ခြင်း၊ ပိုက်ထည့်ထားပြီး ပြည်ထုတ်ခြင်း
● အနာကို စနစ်တကျ၊ သန့်သန့်ရှင်းရှင်းနဲ့ မှန်မှန် ဆေးထည့်ခြင်း
● ဓာတုပစ္စည်းများနဲ့ အနာကို မထိတွေ့အောင်ရှောင်ပါ။
● အဝတ်အစားကို ပွပွဝတ်ပါ။
>> ကာကွယ်နည်း
● ကိုယ်အလေးချိန် ထိန်းပါ။
● ဆီးချိုထိန်းပါ။
● ချုပ်ရိုးမကျက်စေမည့် ရောဂါအခံများရှိပါက မခွဲခင်ကတည်းက ကြိုတင်ကုသထားပါ။
ခွဲမွေးသည့်အခါ ချုပ်ရိုး ပိုးဝင်ခြင်းသည် ကြိုတင်ကာကွယ်လို့ရသလို ပျောက်ကင်းအောင် ကုသနိုင်တဲ့ရောဂါလည်း ဖြစ်ပါတယ်။ မိမိကိုယ်တိုင် ဆင်ခြင်၍လည်း ရှောင်ရှားနိုင်တဲ့ရောဂါ ဖြစ်ပါတယ်။
ဒေါက်တာနေလွင်ထူး (www.drmyanmar.com)






























