/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ဗိုက်ခွဲမွေးပြီးနောက်-ရှောင်ရန်၊-ဆောင်ရန်နှင့်-အနာကျက်မြန်စေဖို့

ဗိုက်ခွဲမွေးပြီးနောက် ရှောင်ရန်၊ ဆောင်ရန်နှင့် အနာကျက်မြန်စေဖို့ လိုက်နာရမည့်အချက်များ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

>> ဗိုက်​ခွဲက​လေး​မွေးပြီး​နောက်​

 

၁။ ချုပ်​ရိုးပတ်​တီး​နေရာမှ အရည်​များထွက်​​နေပါက အနာ​နေရာကို ​ရေမထိပါ​စေနဲ့။ ကိုယ်​ပတ်​တိုက်​ချိန်​မှာ သတိထားပြီးတိုက်​​ပေးပါ။

၂။ ချုပ်​ရိုး​နေရာက ဗိုက်​​ခေါက်​ကြား​ရောက်​​နေပြီး ​ချွေးထွက်​သန်​သူဖြစ်​ပါက ​ချွေးဖြင်​့အနာမနူး​စေရန်​ ချုပ်​ရိုး​နေရာကို အဝတ်​တစ်​စဖြင်​့ ဖုံးထားသင်​့ပါတယ်​။ ခွဲစိတ်​ပြီး​နောက်​ရက်​အနည်​းငယ်​ ​ချွေးထွက်​များတဲ့ ပြင်​းပြင်​းထန်​ထန်​ အလုပ်​​တွေမလုပ်​ပဲ အနားယူသင်​့ပါတယ်​။

၃။ အိမ်​သာသွားပြီး​ရေ​ဆေးတဲ့အခါလည်​း အနာကို မထိမိ​အောင်​ သတိပြုပါ။

၄။ ​ခွဲစိတ်​ပြီး၁ပတ်​ခန်​့အကြာ ဆရာဝန်​နဲ့ပြန်​ပြတဲ့အခါ အနာ​ကောင်​း​ကောင်​းကျက်​ပြီဖြစ်​တဲ့အတွက်​​ ပတ်​တီးခွာနိုင်​ပြီ ဖြစ်​ပါတယ်​။ ချုပ်​ရို​း​တွေက​တော့ သူ့အလိုလို​ပျော်​သွားနိုင်​သလို၊ လိုအပ်​ရင်​ ဆရာဝန်​ကချုပ်​ရိုး​ဖြေ​ပေးပါလိမ်​့မယ်​။

၅။ ၁ပတ်​ကြာတဲ့အခါ အနာကသိပ်​မနာ​တော့ပဲ ပတ်​တီးလည်​းခွာပြီးပြီဖြစ်​တဲ့အတွက်​ ​ရေချိုးနိုင်​ပြီ ဖြစ်​ပါတယ်​။

၆။ ပတ်​တီးခွာပြီး​နောက်​ အနာပိုးမဝင်​​စေရန်​ ​သေ​သေချာချာ ဂရုစိုက်​သင်​့ပါတယ်​။

Pregnacare 1

၇။ ချုပ်​ရိုး​နေရာကို ​ဆေး​ကြောရာမှာ ဆပ်​ပြာအ​ပျော့စား​လေးကိုသုံးပြီး ​ရေနဲ့ အသာအယာသာ ​ဆေး​ပေးပါ။ ပွတ်​တိုက်​ခြင်​း မပြုပါနဲ့။

၈။ သတ်​သတ်​​ဆေးစရာ​တော့ မလိုအပ်​ပါဘူး။ ​ရေချိုးရင်​းနဲ့ တစ်ခါတည်​း​ဆေးပြီး တဘတ်​နဲ့ ဖွဖွသုတ်​​ပေးနိုင်​ပါတယ်​။

၉။ ဆရာဝန်​​ပေးထားတဲ့ ပိုးသတ်​​လိမ်​​း​ဆေး​လေးကို ချုပ်​ရိုး​နေရာမှာ တစ်​​နေ့နှစ်​ကြိမ်​ သို့မဟုတ်​ ဆရာဝန်​ညွှန်​ကြားတဲ့အတိုင်​း လိမ်​း​ပေးပါ။

၁၀။ အ​လေးအပင်​​မတာနဲ့ ဗိုက်​​အားသုံး​လေ့ကျင်​့ခန်​း​တွေစတဲ့အနာ​ပေါ် ဒဏ်​ပိ​စေပြီး အနာကျက်​​နှေး​စေနိုင်​တဲ့အလုပ်​​တွေကို ​ရှောင်​ကြဉ်​သင်​့ပါတယ်​။

၁၁။ ဒီနညး်​လမ်​း​လေး​တွေကို လိုက်​နာ​ဆောင်​ရွက်​ပါက ချုပ်​ရိုး​လေးဟာ ​ကောင်​း​ကောင်​းမွန်​မွန်​ လှလှပပ ကျက်​သွားမှာဖြစ်​ပါတယ်​။ ဒါ​တွေလုပ်​​နေလျက်​နဲ့မှ ချုပ်​ရိုးက ​သွေးထွက်​လာတာ၊ နီရဲပြီ​း​ရောင်​လာတာ၊ ပြည်​​တွေထွက်​လာတာမျိုးရှိလာပါက ဆရာဝန်​နဲ့ ပြသသင်​့ပါတယ်​။

Pregnacare 2

>> အနာကျက်​မြန်​​စေဖို့ ​ဆောင်ရန်​အချက်​များ

 

   ဗိုက်​ခွဲ​မွေးပြီး​နောက်​မှာ ဆရာဝန်​က ​ဆောင်​ရန်​​ရှောင်​ရန်​များကို ညွှန်​ကြားလိုက်​မှာဖြစ်​ပါတယ်​။ ဗိုက်​ခွဲထားသူ​တွေဟာ ပိုပြီးဂရုစိုက်​ဖို့လိုအပ်​ပါတယ်​။ ​သေချာဂရုမစိုက်​ပါက အနာကျက်​တာကို ​နှေး​စေနိုင်​ပြီး အန္တရာယ်​ရှိ​စေနိုင်​ပါတယ်​။ သတိမထားမိလိုက်​တဲ့အရာများက ​ရောဂါဘယ​တွေဖြစ်​​စေနိုင်​ပြီး အနာကျက်​ခြင်​းကို ​အဟန်​့အတားဖြစ်​​စေလာနိုင်​ပါတယ်​။ ဒါ​ကြောင်​့ ခွဲစိတ်​ပြီး ​ရောဂါဘယ​တွေကင်​းစင်​နိုင်​ဖို့ ဒီအချက်​​တွေကို ​ရှောင်​ကြဉ်​ရပါမယ်​။

 

၁။ ဝမ်​းမချုပ်​ပါ​စေနဲ့။ ဝမ်​းညှစ်​​နေရခြင်​းဟာ ချုပ်​ရိုးကိုနာ​စေပြီး အနာကျက်​​နှေး​စေနိုင်​ပါတယ်​။

 

၂။ နှာ​ချေ​ချောင်​းဆိုးကို သတိထားပါ။ နှာ​ချေ​ချောင်​းဆိုးခြင်​းက အနာအ​ပေါ်ဖိအားဖြစ်​စ​နေိုင်​ပါတယ်​။

 

၃။ အူလှိုက်​သဲလှိုက်​ရယ်​ခြင်​းကို တတ်​နိုင်​သမျှ ​ရှောင်​ပါ။ ရယ်​​မောခြင်​းက စိတ်​ကိုကြည်​လင်​​ပျော်​ရွှင်​​စေနိုင်​​ပေမယ်​့ အနာကိုတင်​းပြီးနာ​စေပါတယ်​။ ဒါ​ကြောင်​့ စိတ်​ကိုငြိမ်​သက်​​စေပြီး မီးတွင်​းစိတ်​ဓာတ်​ကျမှုကို ​လျော့နည်​း​စေဖို့ ​ယောဂကျင်​့ခြင်​း၊ တရားထိုင်​ခြင်​းတို့ကို ပြုလုပ်​သင်​့ပါတယ်​။

 

၄။ ဗိုက်​​လေ့ကျင်​့ခန်​းများကို ​ရှောင်​ပါ။ ဗိုက်​​လေ့ကျင်​့ခန်​း ပြုလုပ်​ခြင်​းက ကြွက်​သား​တွေကိုသန်​မာ​စေပြီး အနာကျက်​ခြင်​းကို မြန်​​စေနိုင်​​ပေမယ့်​ ချုပ်​ရိုး​နေရာကို နာကျင်​ပြီး အနာမကျက်​ဖြစ်​​စေနိုင်​ပါတယ်​။ ​ရိုးရိုး​လေ့ကျင်​့ခန်​း​တွေက ကယ်​လိုရီ​တွေကို ​လောင်​ကျွမ်​း​စေနိုင်​ပြီး ခန္ဓာကိုယ်​ကိုကျစ်​လစ်​​စေနိုင်​​ပေမယ်​့ ဗိုက်​​လေ့ကျင်​့ခန်​းများကို​တော့ ၆ပတ်​ဒါမှမဟုတ်​ ဆရာဝန်​ညွှန်​ကြားတဲ့အချိန်​အထိ ​ရှောင်​ကြဉ်​သင်​့ပါတယ်​။

www.drmyanmar.com