/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ဗိုက်ခွဲမွေးပြီးနောက်-ရှောင်ရန်၊-ဆောင်ရန်များ

ဗိုက်ခွဲမွေးပြီးနောက် ရှောင်ရန်၊ ဆောင်ရန်များ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ယနေ့ခေတ်အခါမှာ ဗိုက်ခွဲမွေးခြင်း ခေတ်စားလာတာနဲ့အမျှ LSCS ဆိုတဲ့စကားလုံးဟာ မိခင်လောင်းများနဲ့ စိမ်းနေမယ် မထင်ပါဘူး။ ဗိုက်ခွဲမွေးဖွားခြင်းဟာ ရိုးရိုးမွေးဖွားတာထက်စာရင် မွေးပြီးနောက် ဂရုစိုက်ရတဲ့အချက်များ ပိုများပါတယ်။ ဒါကြောင့်မို့ ဗိုက်ခွဲမွေးဖွားသော မေမေများအတွက် ဆောင်ရန်၊ ရှောင်ရန်တွေက ဘာတွေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။

(၁)  ဆီကြော်စာများနဲ့ အဆီပါသောအစာများကို တနင့်တပိုးစားခြင်းကို ရှောင်ပါ
အဆီများသောအစာတွေဟာ အစာအိမ်က ဂတ်စ်များကို ပိုမိုထုတ်စေပြီး ဗိုက်မအီမသာ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ဗိုက်ခွဲပြီးစမှာ ကျန်းမာရေးနဲ့ ညီညွတ်သောအစာများကို အဓိက စားသောက်သင့်ပါတယ်။

(၂)  အနားယူပါ
C section ဖြင့် မွေးဖွားခြင်းဟာ အသေးစားခွဲစိတ်ခြင်း မဟုတ်တာကို သိကြမှာပါ။ ဒါကြောင့်မို့ ကလေးမွေးပြီးစ ပထမဆုံးအပတ်တွင် အတတ်နိုင်ဆုံး ငြိမ်သက်စွာ နေသင့်ပါတယ်။ အိပ်ရာထဲတွင် လှဲလျောင်းနေရင်တော့ အကောင်းဆုံးပေါ့။ အိမ်မှုကိစ္စများနဲ့ အခြားလှုပ်ရှားရသောကိစ္စများကို မလုပ်သေးဘဲ ငြိမ်သက်စွာ အနားယူသင့်ပါတယ်။

Obimin 1

(၃)  မွေးမွေးပြီးချင်း ရေချိုးခြင်း
ခွဲစိတ်ပြီးစကနေ ရက်သတ္တပတ် ၆ ပတ်အထိ မိန်းမကိုယ်ကနေ သွေးဆင်းတတ်ပါတယ်။ ထိုကာလများတွင် ချုပ်ရိုးမြန်မြန်ကျက်ဖို့ အရေးကြီးတဲ့အတွက် ရေချိုးတဲ့အခါ သိပ်ကြာကြာမချိုးဖို့ သတိပြုသင့်ပါတယ်။

(၄)  ချုပ်ရိုးကို သတိပြုပါ
ဆေးရုံကဆင်းပြီးနောက် အိမ်သို့ပြန်ရောက်သောအခါတွင်လည်း ချုပ်ရိုးထဲ ရေမဝင်အောင် သတိပြုသင့်သလို ချုပ်ရိုးမကွဲစေဖို့ အလှုပ်အရှား နည်းနိုင်သမျှနည်းအောင် နေထိုင်သင့်ပါတယ်။ ဆေးရုံက ရက်ချိန်းပြန်ခေါ်တဲ့အခါမှာလည်း အတိအကျပြန်သွားပြီး ချုပ်ရိုးဖြေဖို့ မမေ့နဲ့နော်။

(၅)  ပုံမှန်မဟုတ်သော လက္ခဏာများတွေ့ရပါက ဆရာဝန်ထံပြသဖို့ လိုပါတယ်။
ဖျားခြင်း၊ အနီစက်များထွက်ခြင်း၊ ပြင်းထန်သောခေါင်းကိုက်ခြင်းနဲ့ ဗိုက်နာခြင်းတို့ရှိပါက ဆရာဝန်ထံ အမြန်ဆုံး သွားပြသင့်ပါတယ်။

လေပြေနုသွေး(ဆေး၂) (www.drmyanmar.com)

Obimin 2

(Zawgyi)

ယေန႔ေခတ္အခါမွာ ဗိုက္ခြဲေမြးျခင္း ေခတ္စားလာတာနဲ႔အမွ် LSCS ဆိုတဲ့စကားလုံးဟာ မိခင္ေလာင္းမ်ားနဲ႔ စိမ္းေနမယ္ မထင္ပါဘူး။ ဗိုက္ခြဲေမြးဖြားျခင္းဟာ ႐ိုး႐ိုးေမြးဖြားတာထက္စာရင္ ေမြးၿပီးေနာက္ ဂ႐ုစိုက္ရတဲ့အခ်က္မ်ား ပိုမ်ားပါတယ္။ ဒါေၾကာင့္မို႔ ဗိုက္ခြဲေမြးဖြားေသာ ေမေမမ်ားအတြက္ ေဆာင္ရန္၊ ေရွာင္ရန္ေတြက ဘာေတြလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

(၁)  ဆီေၾကာ္စာမ်ားနဲ႔ အဆီပါေသာအစာမ်ားကို တနင့္တပိုးစားျခင္းကို ေရွာင္ပါ
အဆီမ်ားေသာအစာေတြဟာ အစာအိမ္က ဂတ္စ္မ်ားကို ပိုမိုထုတ္ေစၿပီး ဗိုက္မအီမသာ ျဖစ္ေစတတ္ပါတယ္။ ဒါေၾကာင့္ ဗိုက္ခြဲၿပီးစမွာ က်န္းမာေရးနဲ႔ ညီၫြတ္ေသာအစာမ်ားကို အဓိက စားေသာက္သင့္ပါတယ္။

(၂)  အနားယူပါ
C section ျဖင့္ ေမြးဖြားျခင္းဟာ အေသးစားခြဲစိတ္ျခင္း မဟုတ္တာကို သိၾကမွာပါ။ ဒါေၾကာင့္မို႔ ကေလးေမြးၿပီးစ ပထမဆုံးအပတ္တြင္ အတတ္ႏိုင္ဆုံး ၿငိမ္သက္စြာ ေနသင့္ပါတယ္။ အိပ္ရာထဲတြင္ လွဲေလ်ာင္းေနရင္ေတာ့ အေကာင္းဆုံးေပါ့။ အိမ္မႈကိစၥမ်ားနဲ႔ အျခားလႈပ္ရွားရေသာကိစၥမ်ားကို မလုပ္ေသးဘဲ ၿငိမ္သက္စြာ အနားယူသင့္ပါတယ္။

(၃)  ေမြးေမြးၿပီးခ်င္း ေရခ်ိဳးျခင္း
ခြဲစိတ္ၿပီးစကေန ရက္သတၱပတ္ ၆ ပတ္အထိ မိန္းမကိုယ္ကေန ေသြးဆင္းတတ္ပါတယ္။ ထိုကာလမ်ားတြင္ ခ်ဳပ္႐ိုးျမန္ျမန္က်က္ဖို႔ အေရးႀကီးတဲ့အတြက္ ေရခ်ိဳးတဲ့အခါ သိပ္ၾကာၾကာမခ်ိဳးဖို႔ သတိျပဳသင့္ပါတယ္။

(၄)  ခ်ဳပ္႐ိုးကို သတိျပဳပါ
ေဆး႐ုံကဆင္းၿပီးေနာက္ အိမ္သို႔ျပန္ေရာက္ေသာအခါတြင္လည္း ခ်ဳပ္႐ိုးထဲ ေရမဝင္ေအာင္ သတိျပဳသင့္သလို ခ်ဳပ္႐ိုးမကြဲေစဖို႔ အလႈပ္အရွား နည္းႏိုင္သမွ်နည္းေအာင္ ေနထိုင္သင့္ပါတယ္။ ေဆး႐ုံက ရက္ခ်ိန္းျပန္ေခၚတဲ့အခါမွာလည္း အတိအက်ျပန္သြားၿပီး ခ်ဳပ္႐ိုးေျဖဖို႔ မေမ့နဲ႔ေနာ္။

(၅)  ပုံမွန္မဟုတ္ေသာ လကၡဏာမ်ားေတြ႕ရပါက ဆရာဝန္ထံျပသဖို႔ လိုပါတယ္။
ဖ်ားျခင္း၊ အနီစက္မ်ားထြက္ျခင္း၊ ျပင္းထန္ေသာေခါင္းကိုက္ျခင္းနဲ႔ ဗိုက္နာျခင္းတို႔ရွိပါက ဆရာဝန္ထံ အျမန္ဆုံး သြားျပသင့္ပါတယ္။

ေလေျပႏုေသြး(ေဆး၂) (www.drmyanmar.com)