/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ဘေဘီလေးကို-နို့တိုက်နေတဲ့-မေမေ့ရဲ့နို့သီးခေါင်း-ပြားနေရင်

ဘေဘီလေးကို နို့တိုက်နေတဲ့ မေမေ့ရဲ့နို့သီးခေါင်း ပြားနေရင် ဘယ်လိုလုပ်မလဲ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

(Zawgyi)

    ကေလးကို ႏို႔ဝေစဖို႔ ကေလးဟာ ႏို႔သီးေခါင္းကို ေကာင္းေကာင္း ငံုမိႏိုင္ဖို႔ အေရးႀကီးပါတယ္။ တခ်ိဳ႕မွာ ရွားရွားပါးပါး ႏို႔သီးေခါင္းကပ္ေနတာ၊ ခ်ိဳင့္ဝင္ေနတာမ်ိဳးေတြ ျဖစ္ေနတတ္ပါတယ္။ ဒီအခါ ကေလးဟာ ႏို႔သီးေခါင္းကို ေကာင္းေကာင္း မငံုႏိုင္တဲ့အတြက္ ႏို႔မဝတာ၊ ဂ်ီက်တာမ်ိဳး ျဖစ္ေစႏိုင္ပါတယ္။ ထြက္လာတဲ့ႏို႔ေတြကို ေကာင္းေကာင္း မစြန္႔ထုတ္ႏိုင္တဲ့အခါ ႏို႔တင္းၿပီး ပိုးဝင္တာေတြ ျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ ကေလးကို ႏို႔ေကာင္းေကာင္းတိုက္ခ်င္တဲ့ ေမေမေတြဟာ ႏို႔သီးေခါင္းကို အရင္ကုသင့္ပါတယ္။
    ကဲ ... ဒါဆို ဘယ္လိုလုပ္မလဲ။ ခ်ိဳင့္ဝင္ေနတဲ့ ႏို႔သီးေခါင္းကို ဆြဲထုတ္ဖို႔အတြက္ ၁၀ စီစီရွိတဲ့ ေဆးထိုးအပ္တစ္ေခ်ာင္းကိုယူၿပီး ႏႈတ္သီးထိပ္ကိုျဖတ္ပါ။ ျဖတ္ၿပီးသား ေဆးထိုးအပ္ထိပ္ပိုင္းကို ႏို႔သီးေခါင္းေပၚမွာတင္ၿပီး ေနာက္က ေဆးထိုးအပ္ဖင္ကို ဆြဲထုတ္လိုက္ပါ။ အဲဒီအေနအထားမွာ ၁ မိနစ္ခန္႔ ထားပါ။ ေဆးထိုးအပ္ထဲက ဆြဲအားေၾကာင့္ ႏို႔သီးေခါင္း ဆူထြက္လာမွာ ျဖစ္ပါတယ္။ ဒါကို ေဆးထိုးအပ္ ေျပာင္းျပန္နည္းလမ္းလို႔ ေခၚပါတယ္။

    ႏို႔သီးေခါင္းဟာ ဒီလိုအေနအထားမွာ ခဏရွိေနႏိုင္ၿပီး နဂိုပံုစံအတိုင္း ျပန္ျဖစ္သြားမွာျဖစ္တဲ့အတြက္ ဆူထြက္ေနစဥ္မွာ ကေလးကို ႏို႔စို႔ေစသင့္ပါတယ္။ ဒါမွ ကေလး ေကာင္းေကာင္းငံုႏိုင္ၿပီး ႏို႔စို႔ႏိုင္မွာပါ။ ႏို႔ပံုမွန္အတိုင္း တိုက္ႏိုင္ေနရင္ ႏို႔တင္းမွာ၊ ေရာင္မွာမစိုးရိမ္ရေတာ့ပါဘူး။ အကယ္၍ ေဆးထိုးအပ္ ျဖတ္ထားတဲ့အပိုင္းနဲ႔ လုပ္ရတာ နာတယ္ဆိုရင္ေတာ့ ေဆးထိုးအပ္ဖင္ဘက္ကို ႏို႔သီးေခါင္းေပၚအုပ္ၿပီး ေျပာင္းျပန္ျပန္လုပ္ႏိုင္ပါတယ္။
    ႏို႔တိုက္ရာမွာ ဒီနည္းလမ္းကို တစ္ေန႔ႏွစ္ႀကိမ္ခန္႔ အသံုးျပဳသင့္ပါတယ္။ ဒီနည္းကို ပံုမွန္အသံုးျပဳျခင္းနဲ႔ ကေလးႏို႔သီးေခါင္းကိုငံုၿပီး ႏို႔စို႔ျခင္းတို႔ကလည္း ဝင္ေနတဲ့ ႏို႔သီးေခါင္းကို အတိုင္းအတာတစ္ခုအထိ ထြက္ေစလာႏိုင္ပါေသးတယ္။
    အျခားနည္းလမ္းတစ္ခုကေတာ့ ကိုယ္ဝန္ေဆာင္ဘဝကတည္းက ႏို႔သီးေခါင္း စူထြက္လာေအာင္ ႏွိပ္နယ္ေပးႏိုင္ပါတယ္။ ဒါမွ ကေလး ေမြးလာတဲ့အခါ ႏို႔တိုက္ဖို႔ အဆင္သင့္ျဖစ္ေစႏိုင္မွာပါ။

Dr. Emerald (www.drmyanmar.com)

(Unicode)

    ကလေးကို နို့ဝစေဖို့ ကလေးဟာ နို့သီးခေါင်းကို ကောင်းကောင်း ငုံမိနိုင်ဖို့ အရေးကြီးပါတယ်။ တချို့မှာ ရှားရှားပါးပါး နို့သီးခေါင်းကပ်နေတာ၊ ချိုင့်ဝင်နေတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။ ဒီအခါ ကလေးဟာ နို့သီးခေါင်းကို ကောင်းကောင်း မငုံနိုင်တဲ့အတွက် နို့မဝတာ၊ ဂျီကျတာမျိုး ဖြစ်စေနိုင်ပါတယ်။ ထွက်လာတဲ့နို့တွေကို ကောင်းကောင်း မစွန့်ထုတ်နိုင်တဲ့အခါ နို့တင်းပြီး ပိုးဝင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကလေးကို နို့ကောင်းကောင်းတိုက်ချင်တဲ့ မေမေတွေဟာ နို့သီးခေါင်းကို အရင်ကုသင့်ပါတယ်။
    ကဲ ... ဒါဆို ဘယ်လိုလုပ်မလဲ။ ချိုင့်ဝင်နေတဲ့ နို့သီးခေါင်းကို ဆွဲထုတ်ဖို့အတွက် ၁၀ စီစီရှိတဲ့ ဆေးထိုးအပ်တစ်ချောင်းကိုယူပြီး နှုတ်သီးထိပ်ကိုဖြတ်ပါ။ ဖြတ်ပြီးသား ဆေးထိုးအပ်ထိပ်ပိုင်းကို နို့သီးခေါင်းပေါ်မှာတင်ပြီး နောက်က ဆေးထိုးအပ်ဖင်ကို ဆွဲထုတ်လိုက်ပါ။ အဲဒီအနေအထားမှာ ၁ မိနစ်ခန့် ထားပါ။ ဆေးထိုးအပ်ထဲက ဆွဲအားကြောင့် နို့သီးခေါင်း ဆူထွက်လာမှာ ဖြစ်ပါတယ်။ ဒါကို ဆေးထိုးအပ် ပြောင်းပြန်နည်းလမ်းလို့ ခေါ်ပါတယ်။
    နို့သီးခေါင်းဟာ ဒီလိုအနေအထားမှာ ခဏရှိနေနိုင်ပြီး နဂိုပုံစံအတိုင်း ပြန်ဖြစ်သွားမှာဖြစ်တဲ့အတွက် ဆူထွက်နေစဉ်မှာ ကလေးကို နို့စို့စေသင့်ပါတယ်။ ဒါမှ ကလေး ကောင်းကောင်းငုံနိုင်ပြီး နို့စို့နိုင်မှာပါ။ နို့ပုံမှန်အတိုင်း တိုက်နိုင်နေရင် နို့တင်းမှာ၊ ရောင်မှာမစိုးရိမ်ရတော့ပါဘူး။ အကယ်၍ ဆေးထိုးအပ် ဖြတ်ထားတဲ့အပိုင်းနဲ့ လုပ်ရတာ နာတယ်ဆိုရင်တော့ ဆေးထိုးအပ်ဖင်ဘက်ကို နို့သီးခေါင်းပေါ်အုပ်ပြီး ပြောင်းပြန်ပြန်လုပ်နိုင်ပါတယ်။
    နို့တိုက်ရာမှာ ဒီနည်းလမ်းကို တစ်နေ့နှစ်ကြိမ်ခန့် အသုံးပြုသင့်ပါတယ်။ ဒီနည်းကို ပုံမှန်အသုံးပြုခြင်းနဲ့ ကလေးနို့သီးခေါင်းကိုငုံပြီး နို့စို့ခြင်းတို့ကလည်း ဝင်နေတဲ့ နို့သီးခေါင်းကို အတိုင်းအတာတစ်ခုအထိ ထွက်စေလာနိုင်ပါသေးတယ်။
    အခြားနည်းလမ်းတစ်ခုကတော့ ကိုယ်ဝန်ဆောင်ဘဝကတည်းက နို့သီးခေါင်း စူထွက်လာအောင် နှိပ်နယ်ပေးနိုင်ပါတယ်။ ဒါမှ ကလေး မွေးလာတဲ့အခါ နို့တိုက်ဖို့ အဆင်သင့်ဖြစ်စေနိုင်မှာပါ။

Dr. Emerald (www.drmyanmar.com)