/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/မိခင်နို့ရည်ဟာ-ဘေဘီလေးတို့အတွက်-အဆိပ်အတောက်မဖြစ်စေဖို့

မိခင်နို့ရည်ဟာ ဘေဘီလေးတို့အတွက် အဆိပ်အတောက်မဖြစ်စေဖို့

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

မေမေတို့ရဲ့နို့ရည်ဟာ ကလေးငယ်လေးတွေအတွက် အကောင်းဆုံးဖြစ်ပြီး လိုအပ်တဲ့ အာဟာရတွေသာမက ဗီတာမင်တွေ၊ သတ္တုဓာတ်တွေကိုပါ ပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အဆိပ်အတောက်လေးတွေလည်း ပါသွားနိုင်ပါတယ်။ လူတွေဟာ အစားအသောက်တွေ၊ ရေတွေ၊ ရှူသွင်းနေတဲ့လေတွေ၊ မျက်နှာပေါ်တင်တဲ့ မိတ်ကပ်တွေကနေ နေ့စဉ်နဲ့အမျှ အဆိပ်အတောက်တွေကို နည်းနည်းဆီ ထိတွေ့နေရပါတယ်။ ဒါကြောင့် နို့ရည်ထဲမှာလည်း နည်းနည်းပါသွားနိုင်တာပေါ့။

>>  ဒါဆို မိခင်နို့ မတိုက်သင့်တော့ဘူးလား
●  အဆိပ်အတောက်တွေ နို့ရည်ထဲ ပါနိုင်တယ်ဆိုပေမယ့် ကလေးကို အန္တရယ်ပေးနိုင်တဲ့ ပမာဏတော့ မဟုတ်ပါဘူးတဲ့။
●  မိခင်နို့ဟာ ကလေးအတွက် အကောင်းမွန်ဆုံးဖြစ်တာကြောင့် မိခင်နို့တိုက်တာကို လုံးဝမရပ်လိုက်သင့်ပါဘူး။
●  ဒါ့အပြင် မိခင်နို့ဟာ ကိုယ်ခံအားကောင်းစေပါတယ်။

>>  နို့မှုန့်ပြောင်းတိုက်ရင်ရော -
လုံးဝကို မပြောင်းလိုက်သင့်ပါဘူးနော်။
နို့မှုန့်ဟာ မိခင်နို့ကို လုံးဝမယှဉ်နိုင်ပါဘူး။ အာဟာရတွေ၊ ဗီတာမင်တွေကလည်း ပါသင့်သလောက် မပါပါဘူး။
ဘယ်လောက်ကောင်းပါတယ်ဆိုတဲ့ နို့မှုန့်တွေပေါ်ပေါ်၊ မိခင်နို့ဟာ ကလေးတွေအတွက် အကောင်းဆုံးပဲ ဖြစ်နေမှာပါ။

>>  ဒါဆို အဆိပ်အတောက်တွေ ပါဝင်မှုနည်းအောင် ဘယ်လိုလုပ်ကြမလဲ?
●  ပိုးသတ်ဆေးမသုံးဘဲ စိုက်ပျိုးထားတဲ့ အသီးအနှံတွေ၊ သဘာဝအတိုင်း မွေးမြူထားတဲ့ အသား၊ငါးတွေကိုပဲ စားသုံးသင့်ပါတယ်။
●  ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုပဲ စားပါ။
●  အမြဲတမ်း အသီးအနှံ၊ အသီးအရွက်၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ အသား ငါးစတာတွေကို ညီညီမျှမျှစားပါ။
●  အဆီအရမ်းများတာတွေ ရှောင်ပါ။
●  ငါးကြီးဆီလိုမျိုး အားဆေးတွေ ရှောင်ပါ။
●  အသားငါးတွေကို မချက်ပြုတ်ခင် အဆီတွေကို ဖယ်နိုင်သလောက်ဖယ်ပါ။
●  ပတ်ဝန်းကျင်က အဆိပ်အတောက်တွေကိုတော့ ကိုယ်က ပြုလုပ်သူမဖြစ်အောင် သတိထားပါ။

Dr. Htar (www.drmyanmar.com)