/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/မွေးချိန်မြန်ခြင်း

မွေးချိန်မြန်ခြင်း

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          မွေးဖွားတဲ့ အဆင့် ၃ ဆင့်က ၆ နာရီကနေ ၁၈ နာရီအထိ ကြာလေ့ရှိပြီးတော့ တစ်ခါတလေမှာ ၃-၅ နာရီလောက်နဲ့ မွေးသွားတာကို မွေးချိန်မြန်တယ်လို့ ခေါ်ပါတယ်။

 

>>    ဒီလိုအချိန်တွေမှာ မွေးချိန်မြန်တတ်ပါတယ်။

●        ကလေး ပုံမှန်အရွယ်အစားထက် သေးခြင်း

●        သားအိမ်ညှစ်အား အရမ်းကောင်းခြင်း

●        မွေးလမ်းကြောင်းလည်း အဆင်ပြေခြင်း

●        အရင်ကလည်း မွေးတာမြန်ခြင်းတို့ ဖြစ်ကြပါတယ်။

 

>>    မွေးချိန်မြန်တာရဲ့ ဆိုးကျိုးတွေကတော့ -

●        အမေရဲ့ခံစားမှုတွေကို ထိန်းမရနိုင်အောင် ဖြစ်စေနိုင်တယ်။

●        ဆေးရုံ၊ ဆေးခန်းကိုသွားဖို့ အချိန်မမီတော့ဘူး။

●        သားအိမ်ခေါင်းနဲ့ မွေးလမ်းကြောင်း ပြဲနိုင်ချေကို များစေပါတယ်။ မွေးပြီး သွေးသွန်နိုင်ခြေနဲ့ သွေးလန့်နိုင်ခြေကိုလည်း များစေနိုင်ပါတယ်။

 

>>    ကလေးအတွက် ဖြစ်နိုင်ချေရှိတဲ့ ဆိုးကျိုးတွေကတော့ -

●        ရေမြွှာရေ မွန်းခြင်း

●        မသန့်ရှင်းတဲ့နေရာမှာ မွေးသွားရင် ကလေးကို ရောဂါပိုးဝင်နိုင်ချေ များပါတယ်။

>>    ကလေးမွေးချိန်မြန်မယ့် လက္ခဏာတွေ တွေ့ရင် -

●        သားဖွားဆရာမ (သို့) ဆရာဝန်ကို ဆက်သွယ်ပါ။

●        မိခင်မှာ ထိန်းချုပ်မှုရစေဖို့ အသက်ရှူနည်းတွေ သုံးပြီးတော့ စိတ်ငြိမ်အောင် လုပ်ပေးပါ။

●        ပိုးသန့်တဲ့နေရာမှာ နေပါ။

●        ပက်လက်အနေအထား (သို့) ဘေးစောင်းလှဲနေပါ။

 

>>    ဒီဆိုးကျိုးတွေက သေစေနိုင်သလား?

          မီးဖွားပြီး ကျန်းမာရေးစောင့်ရှောက်မှု သေချာမရရင် (သို့) အချိန်မှိမရရင် မိခင်နဲ့ ကလေး အသက်ဆုံးရှုံးသည်အထိ ဖြစ်နို်င်ပါတယ်။

          အဓိက သေဆုံးမှုများစေတဲ့ အကြောင်းအရင်းတွေကတော့ -

●        သွေးထွက်လွန်ခြင်း

●        ရောဂါပိုးဝင်ခြင်း

●        ကလေးဖျက်ချခြင်း

●        ကိုယ်ဝန်ဆိပ်တက်ခြင်းတို့ ဖြစ်ကြပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)







Dr. Mya Myo Myo Swe (www.drmyanmar.com)