/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/မွေးဖွားခါနီး-ကိုယ်ဝန်ဆောင်မေမေတွေ-စိတ်လက်ပေါ့ပါးစေဖို့

မွေးဖွားခါနီး ကိုယ်ဝန်ဆောင်မေမေတွေ စိတ်လက်ပေါ့ပါးစေဖို့ နည်းလမ်းများ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

(Zawgyi)

    ကိုယ္ဝန္ေဆာင္မိခင္ေတြအေနနဲ႔ ကိုယ္ဝန္ရင့္လာၿပီး ေမြးဖြားခ်ိန္ နီးလာတာနဲ႔အမွ် ေမြးဖြားဖို႔အတြက္ ႀကိဳတင္ၿပီး စိတ္လႈပ္ရွားမႈေတြ၊ စိုးရိမ္ပူပန္မႈေတြကို ခံစားၾကရေလ့ရွိပါတယ္။ ေမြးဖြားတယ္ဆိုတာ နာက်င္ၿပီး တကယ့္ကိုစိန္ေခၚမႈအျပည့္နဲ႔ ရင္ဆိုင္ရမွာပါ။ ဒါေပမဲ့လည္း တစ္ေယာက္နဲ႔တစ္ေယာက္ နာက်င္မႈကို ခံစားရတာျခင္းမတူတဲ့အတြက္ အရမ္းေတြးပူမေနပါနဲ႔။ ဒီေတာ့ ေမြးဖြားတဲ့အခါ ေတြ႕ႀကံဳရမယ့္နာက်င္မႈေတြကို ဘယ္လိုရင္ဆိုင္မလဲဆိုတာကို ႀကိဳတင္ၿပီး ေတြးထားဖို႔လိုပါတယ္။ ေမြးဖြားတဲ့အခါမွာ အဆင္ေျပ ေခ်ာေမြ႕ေစဖို႔အတြက္ စိတ္ေျဖေလွ်ာ့တဲ့နည္းလမ္းေတြ၊ ႀကိဳတင္ျပင္ဆင္ျခင္းနဲ႔ ဗဟုသုတရွိျခင္းက အေရးႀကီးပါတယ္။ ေအာက္ပါ စိတ္ေျပေလ်ာ့ေစတဲ့ နည္းလမ္းေတြက ေမြးဖြားတဲ့အခါမွာ ေတြ႔ႀကံဳရတဲ့ နာက်င္မႈကို အာ႐ံုစိုက္ၿပီး ဖယ္ရွားႏိုင္ေစဖို႔နဲ႔ ေမြးဖြားဖို႔လြယ္ကူေစဖို႔အတြက္ အေထာက္အကူျပဳပါလိမ့္မယ္။

>>    အျမင္အာ႐ံု
    ကၽြႏု္ပ္တို႔ ျမင္ေတြ႕ရတဲ့အရာေတြက ကၽြႏ္ုပ္တို႔ရဲ႕ စိတ္ခံစားခ်က္နဲ႔ အျပဳအမူေပၚမွာ သက္ေရာက္မႈရွိပါတယ္။ ဒီေတာ့ ေမြးဖြားတဲ့ပတ္ဝန္းက်င္က အလင္းေရာင္ေဖ်ာ့ေဖ်ာ့ေလးေတြ၊ မီးအိမ္ေလးေတြနဲ႔ စိတ္ကိုၿငိမ္းခ်မ္းေစမယ္ဆိုရင္ လံုျခံဳေႏြးေထြးမႈကို ခံစားရနိုင္ပါတယ္။ ဒါ့အျပင္ ကိုယ့္ကို စိတ္အပန္းေျပေစမယ့္ ပံုေလးေတြ ယူသြားႏိုင္ပါတယ္။ ကေလးေလး စတင္ၿပီး လူ႔ေလာကထဲကို ထြက္လာမယ့္အခ်ိန္ကို စဥ္းစားေနတာကလည္း ကိုယ့္အတြက္ အားတက္ေစပါတယ္။

>>    အသံ
    ဂီတသံေတြက ကခ်င္စိတ္ကို ျဖစ္ေပၚေစႏိုင္စြမ္း (သို႔) ေခ်ာ့သိပ္ႏုိင္္စြမ္း ရွိပါတယ္။ ဂီတကုထံုးက ကိုယ္ဝန္ေဆာင္မိခင္ကို စိတ္ေျပေလ်ာ့ေစၿပီး ညႇစ္ေနစဥ္အတြင္းမွာ အက်ိဳးရွိေစဖုိ႔အတြက္ အေထာက္အကူ ျဖစ္ေစႏိုင္ပါတယ္။ ပင္လယ္ေရလႈိင္းသံ၊ ငွက္ျမည္သံစတဲ့ ညႇစ္ေနစဥ္မွာ အာ႐ံုစူးစိုက္မႈရေစမယ့္ အသံေလးေတြကိုလည္း ရွာေဖြထားသင့္ပါတယ္။
    စိတ္ေျပေလ်ာ့ေစဖို႔အတြက္ ဂီတသံစဥ္ေလးေတြကို စုစည္းထားတဲ့ အေခြေတြကို ေစ်းကြက္ထဲမွာ ဝယ္ယူရရွိႏိုင္ပါတယ္။ မိမိကို စိတ္အပန္းေျပၿပီး ေျပေလ်ာ့ေစမယ့္ ဂီတသံစဥ္ေတြကို ရွာေဖြေတြ႕ရွိတယ္ဆိုရင္ ကိုယ္ဝန္ေဆာင္ခ်ိန္ တစ္ေလွ်ာက္လံုး ဒီဂီတသံေလးေတြဖြင့္ၿပီး နားေထာင္ေနပါ။

>>    ရန႔ံ
    အခ်ိဳ႕ေသာအနံ႔ေတြက စိတ္ကိုတည္ၿငိမ္ေစၿပီး သက္ေသာင့္သက္သာ ျဖစ္ေစပါတယ္။ ေဆး႐ံု (သို႔) သားဖြားခန္းတစ္ခုခုမွာ ေမြးဖို႔စီစဥ္ထားတယ္ဆိုရင္ အႀကိဳက္ဆံုးေစာင္ (သို႔) တီရွပ္စတဲ့ ကိုယ့္ရဲ႕ အိမ္လို ခံစားရေစမယ့္ အရာအခ်ဳိ႕ ယူေဆာင္သြားပါ။
    အျခားအနံ႔ရေစတဲ့ ကုထံုးေတြျဖစ္တဲ့ လာဗန္ဒါ၊ ႏွင္းဆီနံ႔ (သို႔) စံပယ္နံ႔ပါတဲ့ အရာေတြက ေလကို လတ္ဆတ္ေစၿပီး စိတ္သက္သာမႈကို ေပးစြမ္းႏိုင္တဲ့ေလထုကို ဖန္တီးေပးႏိုင္ပါတယ္။

>>    အရသာ
    ေမြးဖြားစဥ္ ပထမအဆင့္မွာ ကစီဓာတ္မ်ိဳးစံုနဲ႔ ဗီတာမင္ B ၾကြယ္ဝတဲ့အစားအစာေတြကိုကို စားသံုးဖုိ႔ အတြက္ က်န္းမာေရးေစာင့္ေရွာက္သူ အေတာ္မ်ားမ်ားက သေဘာတူၾကပါတယ္။ ဒါေပမဲ့ ေမြးဖြားေတာ့မယ့္အခ်ိန္မွာ အစာစားတာနဲ႔ ပတ္သက္ၿပီးေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ အျမင္ခ်င္း မတူၾကပါဘူး။ အမ်ိဳးသမီးအမ်ားစုက ဒီအခ်ိန္မွာ အစားအစာကို စိတ္မဝင္စားႏိုင္ေတာ့ပါဘူး။

>>    ထိေတြ႕မႈ
    မီးဖြားခ်ိန္မွာ အမ်ိဳးသမီးေတြႏွစ္သက္တဲ့ ထိေတြ႕မႈေတြအမ်ိဳးမ်ိဳး ရွိပါတယ္။ တစ္ေယာက္က ညင္သာတဲ့ဖိအားကို ႏွစ္သက္ေပမယ့္ တျခားတစ္ေယာက္အတြက္ အႀကိဳက္ကတစ္မ်ဳိး ျဖစ္ေနႏိုင္ပါတယ္။ ႏွိပ္နယ္မႈ၊  ေရကုထံုးနဲ႔ ေျခဖဝါးႏွိပ္နယ္ျခင္း ကုထံုးစတဲ့ ကိုယ္နဲ႔ အဆင္ေျပမယ့္တစ္ခုခုကို ႀကိဳးစားၾကည့္ပါ။ မိခင္ေတြမွာ ႂကြက္သားေတာင့္တင္းမႈေတြကို သက္သာေစဖို႔အတြက္ ေအာက္ပါ ႏွိပ္နယ္နည္းမ်ားကို အၾကံျပဳလိုပါတယ္။
    ညင္သာစြာ ဖိႏွိပ္ေပးျခင္း - ဗိုက္နာၿပီး ညႇစ္အားျပင္းလာတာနဲ႔အမွ် မ်က္ခံုး၊ မ်က္လံုး၊ ေမး႐ိုး၊ လက္ေတြ ေတာင့္တင္းလာတာကို သတိျပဳမိလာပါလိမ့္မယ္။ ေရြ႕လ်ားမႈရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ အဲဒီေနရာေတြကို ညင္သာစြာ ဖိႏွိပ္ေပးျခင္းက တင္းအားေတြကို ေျပေလ်ာ့ေစႏိုင္ပါတယ္။ တစ္ကိုယ္လံုးမွာရွိတဲ့ တင္းအားေတြကို ေျပေလ်ာ့ေစဖို႔အတြက္ ကိုယ္ဝန္ေဆာင္မိခင္ကို ေပြ႕ဖက္ထား ေပးၿပီး မွီထားေစပါ။
    ႏွိပ္နယ္ေပးျခင္း - ျဖည္းျဖည္းနဲ႔ အခ်က္က်က် ႏွိပ္နယ္ေပးျခင္းကလည္း လည္ပင္း၊ ေပါင္နဲ႔ တင္ပါးေတြက တင္းအားေတြအတြက္ အေထာက္အကူ ျဖစ္ေစပါတယ္။

    ပြတ္သပ္ေပးျခင္း - လက္ဖဝါးရဲ႕ဖိအားကိုသံုးၿပီး ပခံုးကေနၿပီး တင္ပါးအထိ (သို႔) ေပါင္ကေန ဒူးေခါင္း အထိ ပြတ္သပ္ေပးပါ။ ခႏၶာကိုယ္ေပၚက လက္တစ္ဖက္ကို မလႊတ္လိုက္ခင္မွာ ေနာက္တစ္ဖက္နဲ႔စၿပီး ပြတ္သပ္ေပးပါ။ ကိုယ္ဝန္ေဆာင္မိခင္ရဲ႕ ေနာက္ေက်ာနဲ႔ေပါင္ကို လက္ႏွစ္ဖက္ တစ္လွည့္စီသံုးၿပီး ပြတ္သပ္ေပးပါ။
    ဖိအားေပးျခင္း - နာေနတဲ့ ခါးေအာက္ပိုင္းေနရာမွာ ခပ္ျပင္းျပင္းေလး ဖိေပးထားျခင္းကလည္း ထိေရာက္မႈရွိပါတယ္။ လက္သီးဆုပ္ထားကာ လက္ေကာက္ဝတ္ကို ေျဖာင့္ထားၿပီး နာေနတဲ့ေနရာကို လက္ဖေနာင့္နဲ႔ ဖိခ်ေပးပါ။ လက္သီးမွာ အားပိုရေစဖုိ႔အတြက္ ခႏၶာကိုယ္ကို လက္ဖက္ကို ယိုင္ထားပါ။ လက္ဖေနာင့္နဲ႔ ဖိေပးႏိုင္ေပမယ့္လည္း ၾကာလာရင္ လက္ေကာက္ဝတ္ နာလာေစႏိုင္ပါတယ္။
    ေရဖိအားသံုးကုထံုး - ေရကုထံုးက ေမြးဖြားခ်ိန္ခံစားရတဲ့ နာက်င္မႈေတြကို သက္သာေစဖို႔အတြက္ နည္းလမ္းတစ္ခုအျဖစ္ လူသိမ်ား ေက်ာ္ၾကားလာပါၿပီ။ မီးဖြားတဲ့ပထမအဆင့္မွာ ေရရဲ႕ဖိအားနဲ႔ေႏြးေထြးမႈနဲ႔ ဒုတိယအဆင့္မွာ ေရခ်ိဳးကန္ရဲ႕ ေရေပၚေပၚေစႏိုင္စြမ္း၊ ကိုယ္ကို ေပါ့ပါးေစႏိုင္စြမ္းေတြက မီးဖြားခ်ိန္မွာ လြယ္ကူေစဖို႔အတြက္ အေထာက္အကူ ျဖစ္ေစပါတယ္။
    ေျခေထာက္ႏွိပ္နယ္ျခင္း - အနာသက္သာေစဖို႔ (သို႔) ခႏၶာကိုယ္ရဲ႕ အျခားအစိတ္အပိုင္းေတြမွာ ျဖစ္ေနတဲ့ျပႆနာေတြကို သက္သာေစဖို႔အတြက္ ေျခေထာက္ရဲ႕ အခ်ိဳ႕ေသာေနရာေတြကို ဖိႏွိပ္ေပးျခင္း (သို႔) ပြတ္သပ္ေပးျခင္း ျဖစ္ပါတယ္။ ဒါကေတာ့ ေျခဖဝါးက ခႏၶာကိုယ္တစ္ခုလံုးရဲ႕ ေျမပံုပဲဆိုတဲ့ ယူဆခ်က္ကို ေထာက္ခံထားတာ ျဖစ္ပါတယ္။ အာ႐ံုေၾကာအဆံုးေလးေတြကို လႈံ႕ေဆာ္ေပးျခင္းက နာက်င္တဲ့ေနရာကို သတင္းေပးပို႔ေပးၿပီး endorphins နဲ႔ monoamines ေဟာ္မုန္းေတြ ထြက္လာေစကာ နာက်င္မႈကို ထိန္းခ်ဳပ္ေပးပါတယ္။
    ကိုယ္ဝန္ေဆာင္မိခင္နဲ႔ အိမ္ေထာင္ဖက္တို႔အတြက္ အသံုးမ်ားတဲ့နည္းလမ္းအခ်ဳိ႕ကို ေဖာ္ျပေပးလိုပါတယ္။
    ျဖည္းျဖည္းခ်င္း တိုးတက္လာေသာ မီးဖြားမႈအတြက္ ေနာက္ကို ေျပေလ်ာ့ေလ်ာ့ေလး မွီထားတဲ့ပံုစံ (သို႔) ထိုင္ခံုတစ္ခံုေပၚမွာထိုင္ၿပီး ေျခဖဝါးကို ေကာ့ထားေပးပါ။ အမ်ိဳးသားက ကိုယ္ဝန္ေဆာင္ရဲ႕ ေျခေထာက္ ႏွစ္ဖက္လံုးရွိ ေျခညႇိဳးနဲ႔ ေျခခလယ္ကိုကိုင္ၿပီး ညႇစ္လိုက္၊ လႊတ္လိုက္ ထပ္ခါထပ္ခါ လုပ္ေပးပါ။
    မိနစ္အနည္းငယ္ ၾကာၿပီးေနာက္မွာေတာ့ ေျခေထာက္ကေနၿပီး ဝမ္းဗိုက္အထိ ပူေႏြးတဲ့အသိကို ခံစားရေစႏိုင္ပါတယ္။ ဒီခံစားခ်က္က ေမြးဖြားမႈကို ပိုမိုလ်င္ျမန္ေစႏိုင္ပါတယ္။ မီးဖြားတဲ့အခ်ိန္ ေရာက္တဲ့အထိ ဒီလိုျပဳလုပ္ေပးပါ။

>>    စိတ္
    စိတ္က အရာရာကို ေအာင္ျမင္မႈ ရရွိေစႏိုင္တယ္ဆိုတာကို ၾကားဖူးၾကမွာပါ။ မီးဖြားျခင္းမွာ ခံစားရတဲ့ နာက်င္မႈေတြကို ေက်ာ္လႊားႏိုင္ဖို႔အတြက္ စိတ္က အဓိကက်ပါတယ္။ ကိုယ္ဝန္ေဆာင္မိခင္က နာက်င္မႈ အေပၚမွာ အာ႐ံုေရာက္ေနေလေလ နာက်င္မႈကို ပိုၿပီးခံစားရေလေလပဲ ျဖစ္ပါတယ္။
    ကိုယ္ဝန္ေဆာင္မိခင္ေတြအေနနဲ႔ ကိုယ့္ရဲ႕စိတ္စြမ္းအင္ကိုသံုးၿပီး လြယ္ကူေခ်ာေမြ႕စြာ ေမြးဖြားႏိုင္မယ့္ နည္းလမ္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။
    ကိုယ္ခႏၶာကို လ်င္ျမန္စြာ ၾကည့္႐ႈျခင္း - မိမိရဲ႕ခႏၶာကိုယ္မွာရွိတဲ့ တင္းအားေတြကို ေခါင္းအစ ေျခအဆံုး အျမန္သံုးသပ္ၿပီးေတာ့ ေခါငး္လွည့္ျခင္း၊ ပခံုးလွည့္ျခင္း၊ လက္ႏွင့္ေျခေထာက္မ်ားခါျခင္း၊ ေျခဖဝါးလွည့္ျခင္း စတဲ့ အေၾကာေလွ်ာ့ ေလ့က်င့္ခန္းေတြ လုပ္ေပးပါ။
    တျဖည္းျဖည္းတိုးၿပီး အေၾကာေလွ်ာ့ျခင္း - ဦးေခါင္းနဲ႔ မ်က္ႏွာမွာရွိတဲ့ အေၾကာေတြကို စၿပီးေလွ်ာ့ပါ။ အဲဒီကေနမွ ေက်ာကုန္း၊ လည္ပင္း၊ ပခံုးႏွစ္ဖက္နဲ႔ လက္ေမာင္း၊ ရင္ဘတ္၊ ဝမ္းဗိုက္နဲ႔ ေနာက္ေက်ာကေနၿပီး ေျခေထာက္ေတြ ေျခေခ်ာင္းေတြအထိေရာက္ေအာင္ ေလွ်ာ့ခ်ပါ။ ျဖည္းျဖည္းခ်င္း အသက္႐ွဴကာ ႐ွဴထုတ္လိုက္တဲ့ ေလနဲ႔အတူ ပိုၿပီးေျပေလ်ာ့သြားပါေစ။
    ႂကြက္သားတစ္ခုကို ေျဖေလွ်ာ့လိုက္တိုင္းမွာ အဲဒီႂကြက္သားရဲ႕ပံုစံအေပၚမွာ အာ႐ံုစိုက္ၿပီး ႂကြက္သားေတြ လံုးဝေပ်ာ့ေျပာင္းေနမႈအေပၚမွာ ခံစားၾကည့္ပါ။ ဒီလိုလုပ္တာက မ်က္ခံုးကေနၿပီး ဆံပင္အထိ ေခါင္းကေန ခႏၶာကိုယ္တစ္ေလွ်ာက္လံုးမွာ ႏူးညံ့ၿပီး သက္ေသာင့္သက္သာျဖစ္မႈကို ခံစားရေစပါတယ္။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)

    ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုယ်ဝန်ရင့်လာပြီး မွေးဖွားချိန် နီးလာတာနဲ့အမျှ မွေးဖွားဖို့အတွက် ကြိုတင်ပြီး စိတ်လှုပ်ရှားမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကို ခံစားကြရလေ့ရှိပါတယ်။ မွေးဖွားတယ်ဆိုတာ နာကျင်ပြီး တကယ့်ကိုစိန်ခေါ်မှုအပြည့်နဲ့ ရင်ဆိုင်ရမှာပါ။ ဒါပေမဲ့လည်း တစ်ယောက်နဲ့တစ်ယောက် နာကျင်မှုကို ခံစားရတာခြင်းမတူတဲ့အတွက် အရမ်းတွေးပူမနေပါနဲ့။ ဒီတော့ မွေးဖွားတဲ့အခါ တွေ့ကြုံရမယ့်နာကျင်မှုတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ကြိုတင်ပြီး တွေးထားဖို့လိုပါတယ်။ မွေးဖွားတဲ့အခါမှာ အဆင်ပြေ ချောမွေ့စေဖို့အတွက် စိတ်ဖြေလျှော့တဲ့နည်းလမ်းတွေ၊ ကြိုတင်ပြင်ဆင်ခြင်းနဲ့ ဗဟုသုတရှိခြင်းက အရေးကြီးပါတယ်။ အောက်ပါ စိတ်ပြေလျော့စေတဲ့ နည်းလမ်းတွေက မွေးဖွားတဲ့အခါမှာ တွေ့ကြုံရတဲ့ နာကျင်မှုကို အာရုံစိုက်ပြီး ဖယ်ရှားနိုင်စေဖို့နဲ့ မွေးဖွားဖို့လွယ်ကူစေဖို့အတွက် အထောက်အကူပြုပါလိမ့်မယ်။

>>    အမြင်အာရုံ
    ကျွနု်ပ်တို့ မြင်တွေ့ရတဲ့အရာတွေက ကျွန်ုပ်တို့ရဲ့ စိတ်ခံစားချက်နဲ့ အပြုအမူပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဒီတော့ မွေးဖွားတဲ့ပတ်ဝန်းကျင်က အလင်းရောင်ဖျော့ဖျော့လေးတွေ၊ မီးအိမ်လေးတွေနဲ့ စိတ်ကိုငြိမ်းချမ်းစေမယ်ဆိုရင် လုံခြုံနွေးထွေးမှုကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ကို စိတ်အပန်းပြေစေမယ့် ပုံလေးတွေ ယူသွားနိုင်ပါတယ်။ ကလေးလေး စတင်ပြီး လူ့လောကထဲကို ထွက်လာမယ့်အချိန်ကို စဉ်းစားနေတာကလည်း ကိုယ့်အတွက် အားတက်စေပါတယ်။

>>    အသံ
    ဂီတသံတွေက ကချင်စိတ်ကို ဖြစ်ပေါ်စေနိုင်စွမ်း (သို့) ချော့သိပ်နိုင်စွမ်း ရှိပါတယ်။ ဂီတကုထုံးက ကိုယ်ဝန်ဆောင်မိခင်ကို စိတ်ပြေလျော့စေပြီး ညှစ်နေစဉ်အတွင်းမှာ အကျိုးရှိစေဖို့အတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ပင်လယ်ရေလှိုင်းသံ၊ ငှက်မြည်သံစတဲ့ ညှစ်နေစဉ်မှာ အာရုံစူးစိုက်မှုရစေမယ့် အသံလေးတွေကိုလည်း ရှာဖွေထားသင့်ပါတယ်။
    စိတ်ပြေလျော့စေဖို့အတွက် ဂီတသံစဉ်လေးတွေကို စုစည်းထားတဲ့ အခွေတွေကို ဈေးကွက်ထဲမှာ ဝယ်ယူရရှိနိုင်ပါတယ်။ မိမိကို စိတ်အပန်းပြေပြီး ပြေလျော့စေမယ့် ဂီတသံစဉ်တွေကို ရှာဖွေတွေ့ရှိတယ်ဆိုရင် ကိုယ်ဝန်ဆောင်ချိန် တစ်လျှောက်လုံး ဒီဂီတသံလေးတွေဖွင့်ပြီး နားထောင်နေပါ။

>>    ရနံ့
    အချို့သောအနံ့တွေက စိတ်ကိုတည်ငြိမ်စေပြီး သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ဆေးရုံ (သို့) သားဖွားခန်းတစ်ခုခုမှာ မွေးဖို့စီစဉ်ထားတယ်ဆိုရင် အကြိုက်ဆုံးစောင် (သို့) တီရှပ်စတဲ့ ကိုယ့်ရဲ့ အိမ်လို ခံစားရစေမယ့် အရာအချို့ ယူဆောင်သွားပါ။
    အခြားအနံ့ရစေတဲ့ ကုထုံးတွေဖြစ်တဲ့ လာဗန်ဒါ၊ နှင်းဆီနံ့ (သို့) စံပယ်နံ့ပါတဲ့ အရာတွေက လေကို လတ်ဆတ်စေပြီး စိတ်သက်သာမှုကို ပေးစွမ်းနိုင်တဲ့လေထုကို ဖန်တီးပေးနိုင်ပါတယ်။

>>    အရသာ
    မွေးဖွားစဉ် ပထမအဆင့်မှာ ကစီဓာတ်မျိုးစုံနဲ့ ဗီတာမင် B ကြွယ်ဝတဲ့အစားအစာတွေကိုကို စားသုံးဖို့ အတွက် ကျန်းမာရေးစောင့်ရှောက်သူ အတော်များများက သဘောတူကြပါတယ်။ ဒါပေမဲ့ မွေးဖွားတော့မယ့်အချိန်မှာ အစာစားတာနဲ့ ပတ်သက်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်း မတူကြပါဘူး။ အမျိုးသမီးအများစုက ဒီအချိန်မှာ အစားအစာကို စိတ်မဝင်စားနိုင်တော့ပါဘူး။

>>    ထိတွေ့မှု
    မီးဖွားချိန်မှာ အမျိုးသမီးတွေနှစ်သက်တဲ့ ထိတွေ့မှုတွေအမျိုးမျိုး ရှိပါတယ်။ တစ်ယောက်က ညင်သာတဲ့ဖိအားကို နှစ်သက်ပေမယ့် တခြားတစ်ယောက်အတွက် အကြိုက်ကတစ်မျိုး ဖြစ်နေနိုင်ပါတယ်။ နှိပ်နယ်မှု၊  ရေကုထုံးနဲ့ ခြေဖဝါးနှိပ်နယ်ခြင်း ကုထုံးစတဲ့ ကိုယ်နဲ့ အဆင်ပြေမယ့်တစ်ခုခုကို ကြိုးစားကြည့်ပါ။ မိခင်တွေမှာ ကြွက်သားတောင့်တင်းမှုတွေကို သက်သာစေဖို့အတွက် အောက်ပါ နှိပ်နယ်နည်းများကို အကြံပြုလိုပါတယ်။
    ညင်သာစွာ ဖိနှိပ်ပေးခြင်း - ဗိုက်နာပြီး ညှစ်အားပြင်းလာတာနဲ့အမျှ မျက်ခုံး၊ မျက်လုံး၊ မေးရိုး၊ လက်တွေ တောင့်တင်းလာတာကို သတိပြုမိလာပါလိမ့်မယ်။ ရွေ့လျားမှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဲဒီနေရာတွေကို ညင်သာစွာ ဖိနှိပ်ပေးခြင်းက တင်းအားတွေကို ပြေလျော့စေနိုင်ပါတယ်။ တစ်ကိုယ်လုံးမှာရှိတဲ့ တင်းအားတွေကို ပြေလျော့စေဖို့အတွက် ကိုယ်ဝန်ဆောင်မိခင်ကို ပွေ့ဖက်ထား ပေးပြီး မှီထားစေပါ။
    နှိပ်နယ်ပေးခြင်း - ဖြည်းဖြည်းနဲ့ အချက်ကျကျ နှိပ်နယ်ပေးခြင်းကလည်း လည်ပင်း၊ ပေါင်နဲ့ တင်ပါးတွေက တင်းအားတွေအတွက် အထောက်အကူ ဖြစ်စေပါတယ်။
    ပွတ်သပ်ပေးခြင်း - လက်ဖဝါးရဲ့ဖိအားကိုသုံးပြီး ပခုံးကနေပြီး တင်ပါးအထိ (သို့) ပေါင်ကနေ ဒူးခေါင်း အထိ ပွတ်သပ်ပေးပါ။ ခန္ဓာကိုယ်ပေါ်က လက်တစ်ဖက်ကို မလွှတ်လိုက်ခင်မှာ နောက်တစ်ဖက်နဲ့စပြီး ပွတ်သပ်ပေးပါ။ ကိုယ်ဝန်ဆောင်မိခင်ရဲ့ နောက်ကျောနဲ့ပေါင်ကို လက်နှစ်ဖက် တစ်လှည့်စီသုံးပြီး ပွတ်သပ်ပေးပါ။
    ဖိအားပေးခြင်း - နာနေတဲ့ ခါးအောက်ပိုင်းနေရာမှာ ခပ်ပြင်းပြင်းလေး ဖိပေးထားခြင်းကလည်း ထိရောက်မှုရှိပါတယ်။ လက်သီးဆုပ်ထားကာ လက်ကောက်ဝတ်ကို ဖြောင့်ထားပြီး နာနေတဲ့နေရာကို လက်ဖနောင့်နဲ့ ဖိချပေးပါ။ လက်သီးမှာ အားပိုရစေဖို့အတွက် ခန္ဓာကိုယ်ကို လက်ဖက်ကို ယိုင်ထားပါ။ လက်ဖနောင့်နဲ့ ဖိပေးနိုင်ပေမယ့်လည်း ကြာလာရင် လက်ကောက်ဝတ် နာလာစေနိုင်ပါတယ်။
    ရေဖိအားသုံးကုထုံး - ရေကုထုံးက မွေးဖွားချိန်ခံစားရတဲ့ နာကျင်မှုတွေကို သက်သာစေဖို့အတွက် နည်းလမ်းတစ်ခုအဖြစ် လူသိများ ကျော်ကြားလာပါပြီ။ မီးဖွားတဲ့ပထမအဆင့်မှာ ရေရဲ့ဖိအားနဲ့နွေးထွေးမှုနဲ့ ဒုတိယအဆင့်မှာ ရေချိုးကန်ရဲ့ ရေပေါ်ပေါ်စေနိုင်စွမ်း၊ ကိုယ်ကို ပေါ့ပါးစေနိုင်စွမ်းတွေက မီးဖွားချိန်မှာ လွယ်ကူစေဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။
    ခြေထောက်နှိပ်နယ်ခြင်း - အနာသက်သာစေဖို့ (သို့) ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေမှာ ဖြစ်နေတဲ့ပြဿနာတွေကို သက်သာစေဖို့အတွက် ခြေထောက်ရဲ့ အချို့သောနေရာတွေကို ဖိနှိပ်ပေးခြင်း (သို့) ပွတ်သပ်ပေးခြင်း ဖြစ်ပါတယ်။ ဒါကတော့ ခြေဖဝါးက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ မြေပုံပဲဆိုတဲ့ ယူဆချက်ကို ထောက်ခံထားတာ ဖြစ်ပါတယ်။ အာရုံကြောအဆုံးလေးတွေကို လှုံ့ဆော်ပေးခြင်းက နာကျင်တဲ့နေရာကို သတင်းပေးပို့ပေးပြီး endorphins နဲ့ monoamines ဟော်မုန်းတွေ ထွက်လာစေကာ နာကျင်မှုကို ထိန်းချုပ်ပေးပါတယ်။
    ကိုယ်ဝန်ဆောင်မိခင်နဲ့ အိမ်ထောင်ဖက်တို့အတွက် အသုံးများတဲ့နည်းလမ်းအချို့ကို ဖော်ပြပေးလိုပါတယ်။
    ဖြည်းဖြည်းချင်း တိုးတက်လာသော မီးဖွားမှုအတွက် နောက်ကို ပြေလျော့လျော့လေး မှီထားတဲ့ပုံစံ (သို့) ထိုင်ခုံတစ်ခုံပေါ်မှာထိုင်ပြီး ခြေဖဝါးကို ကော့ထားပေးပါ။ အမျိုးသားက ကိုယ်ဝန်ဆောင်ရဲ့ ခြေထောက် နှစ်ဖက်လုံးရှိ ခြေညှိုးနဲ့ ခြေခလယ်ကိုကိုင်ပြီး ညှစ်လိုက်၊ လွှတ်လိုက် ထပ်ခါထပ်ခါ လုပ်ပေးပါ။
    မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့ ခြေထောက်ကနေပြီး ဝမ်းဗိုက်အထိ ပူနွေးတဲ့အသိကို ခံစားရစေနိုင်ပါတယ်။ ဒီခံစားချက်က မွေးဖွားမှုကို ပိုမိုလျင်မြန်စေနိုင်ပါတယ်။ မီးဖွားတဲ့အချိန် ရောက်တဲ့အထိ ဒီလိုပြုလုပ်ပေးပါ။

>>    စိတ်
    စိတ်က အရာရာကို အောင်မြင်မှု ရရှိစေနိုင်တယ်ဆိုတာကို ကြားဖူးကြမှာပါ။ မီးဖွားခြင်းမှာ ခံစားရတဲ့ နာကျင်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် စိတ်က အဓိကကျပါတယ်။ ကိုယ်ဝန်ဆောင်မိခင်က နာကျင်မှု အပေါ်မှာ အာရုံရောက်နေလေလေ နာကျင်မှုကို ပိုပြီးခံစားရလေလေပဲ ဖြစ်ပါတယ်။
    ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုယ့်ရဲ့စိတ်စွမ်းအင်ကိုသုံးပြီး လွယ်ကူချောမွေ့စွာ မွေးဖွားနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။
    ကိုယ်ခန္ဓာကို လျင်မြန်စွာ ကြည့်ရှုခြင်း - မိမိရဲ့ခန္ဓာကိုယ်မှာရှိတဲ့ တင်းအားတွေကို ခေါင်းအစ ခြေအဆုံး အမြန်သုံးသပ်ပြီးတော့ ခေါင်းလှည့်ခြင်း၊ ပခုံးလှည့်ခြင်း၊ လက်နှင့်ခြေထောက်များခါခြင်း၊ ခြေဖဝါးလှည့်ခြင်း စတဲ့ အကြောလျှော့ လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။
    တဖြည်းဖြည်းတိုးပြီး အကြောလျှော့ခြင်း - ဦးခေါင်းနဲ့ မျက်နှာမှာရှိတဲ့ အကြောတွေကို စပြီးလျှော့ပါ။ အဲဒီကနေမှ ကျောကုန်း၊ လည်ပင်း၊ ပခုံးနှစ်ဖက်နဲ့ လက်မောင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်နဲ့ နောက်ကျောကနေပြီး ခြေထောက်တွေ ခြေချောင်းတွေအထိရောက်အောင် လျှော့ချပါ။ ဖြည်းဖြည်းချင်း အသက်ရှူကာ ရှူထုတ်လိုက်တဲ့ လေနဲ့အတူ ပိုပြီးပြေလျော့သွားပါစေ။
    ကြွက်သားတစ်ခုကို ဖြေလျှော့လိုက်တိုင်းမှာ အဲဒီကြွက်သားရဲ့ပုံစံအပေါ်မှာ အာရုံစိုက်ပြီး ကြွက်သားတွေ လုံးဝပျော့ပြောင်းနေမှုအပေါ်မှာ ခံစားကြည့်ပါ။ ဒီလိုလုပ်တာက မျက်ခုံးကနေပြီး ဆံပင်အထိ ခေါင်းကနေ ခန္ဓာကိုယ်တစ်လျှောက်လုံးမှာ နူးညံ့ပြီး သက်သောင့်သက်သာဖြစ်မှုကို ခံစားရစေပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)