/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ရာသီလာခဲ့ရင်တောင်-ကိုယ်ဝန်ရှိနိုင်သေးသလား

ရာသီလာခဲ့ရင်တောင် ကိုယ်ဝန်ရှိနိုင်သေးသလား

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ရာသီလာပြီဆိုရင်တော့ ကိုယ်ဝန်ရှိဖို့ မသေချာပါဘူး။ ဒါပေမဲ့ တစ်ခါတစ်ရံ သန္ဓေတွယ်သွေးဆင်းတာနဲ့ ရာသီလာတာနဲ့ မှားယွင်းတတ်ပါတယ်။ သန္ဓေအောင်ပြီး ၇ ရက်မြောက်နေ့မှာ သန္ဓေသားလေးဟာ မိခင်ရဲ့သားအိမ်နံရံကို တွယ်ကုတ်နေရာယူတဲ့အတွက် သွေးအနည်းငယ် ဆင်းတတ်ပါတယ်။ ပုံမှန်ရာသီလာတာထက် ပိုနည်းပြီး ပိုတိုပေမယ့် တစ်ခါတလေ ခွဲရခက်တတ်ပါတယ်။ မသေချာခဲ့ရင် တစ်ပတ်အကြာမှာ ကိုယ်ဝန် ရှိ၊ မရှိ ဆီးစစ်ကြည့်ပါ။ သွေး အများကြီးဆင်းလာခဲ့ရင်တော့ ဆရာဝန်နဲ့ပြသဖို့ တိုက်တွန်းလိုပါတယ်။

Dr. Emerald (www.drmyanmar.com)