/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ရေမြွှာပေါက်ခြင်း

ရေမြွှာပေါက်ခြင်း

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ရေမြွှာဘယ်အချိန်မှာပေါက်လဲ၊ ဘယ်လိုသိနိုင်မလဲ၊ ဘာလုပ်ရမလဲစတဲ့အကြောင်းတွေကို သိချင်ကြမှာပါပဲ။

          ကိုယ်ဝန်ဆောင်ချိန်မှာ သနေ္ဓသားလေးကို ထိခိုက်မှုတွေကနေ ကာကွယ်ပေးဖို့အတွက် ရေမြွှာအိတ်လို့ခေါ်တဲ့ အရည်အိတ်လေးနဲ့ ဝိုင်းရံပေးထားပါတယ်။

          ပုံမှန်အားဖြင့် ကလေးမွေးချိန်အစမှာ ရေမြွှာပေါက်ပါတယ်။ ဗိုက်မနာသေးခင် ကလေးတကယ်မွေးတဲ့အချိန်မတိုင်မီမှာ ရေမြွှာပေါက်ရင် အချိန်မတိုင်မီ ရေမြွှာပေါက်တယ်လို့ခေါ်ပါတယ်။

          ရေမြွှာပေါက်တဲ့အခါမှာ မွေးလမ်းကြောင်းထဲ (သို့) မိန်းမကိုယ်နှုတ်ခမ်းသားမှာ စိုစွတ်လာတာကိုခံစားရပါလိမ့်မယ်။ မွေးလမ်းကြောင်းထဲကအရည်ကျဲကျဲတွေတစိမ့်စိမ့်ထွက်ကျလာနိုင်သလို အဝါဖျော့ဖျော့အရည်တွေသွန်ထွက်လာနိုင်ပါတယ်။

ရေမြွှာပေါက်ကြောင်းဘယ်လိုသေချာသိနိုင်မလဲ

          ရေမြွှာပေါက်တယ်ဆိုတာအမြဲလွယ်လွယ်ကူကူမသိနိုင်ပါဘူး။ ဥပမာအားဖြင့် မိမိအနေန့ဲ စိုသလိုလေးပဲ ခံစားရတယ်ဆိုရင် ရေမြွှာရေလား၊ ဆီးလားဆိုတာကို ခွဲရခက်ပါတယ်။

          ရေမြွှာပေါက်၊ မပေါက်မသေချာဘူးဆိုရင် ကိုယ့်ရဲ့ကျန်းမာရေးစောင့်ရှောက်သူနဲ့ ဆွေးနွေးပါ။ (သို့) မိမိကလေးမွေးမယ့်ဆေးရုံသို့ သွားပါ။ ဆရာဝန်က ရေမြွှာပေါက်တာဟုတ်၊ မဟုတ်စစ်ဆေးပေးပါလိမ့်မယ်။လိုအပ်ရင် ရေမြွှာရေဘယ်လောက်ကျန်လဲသိဖို့အတွက် တယ်လီဗီးရှင်းဓာတ်မှန် (Ultrasound) ရိုက်ပါလိမ့်မယ်။ ထို့နောက် ဘာဆက်လုပ်ပေးရမလဲသိဖို့အတွက် မိခင်ရော ကလေးရဲ့အခြေအနေကိုပါ စစ်ဆေးပါလိမ့်မယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)