/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ဝမ်းဗိုက်ထဲကဘေဘီလေး-ဘယ်အချိန်မှာ-စလှုပ်သလဲ

ဝမ်းဗိုက်ထဲကဘေဘီလေး ဘယ်အချိန်မှာ စလှုပ်သလဲ ?

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          အများအားဖြင့်တော့ ကိုယ်ဝန် 16 ပတ်ကနေ 22 ပတ်ကြားမှာ ကလေးစလှုပ်လေ့ရှိပြီးတော့ ဗိုက်ထဲမှာ ရေလှုပ်သလို၊ ပူစီဖောင်းလေးတွေတက်နေသလို၊ အစာမကြေသလိုလို ခံစားရတတ်ပါတယ်။

          ကိုယ်ဝန် 23 ပတ်နဲ့ 30 ပတ်ကြားရောက်လာပြီဆိုရင်တော့ ကလေးလှုပ်တာပိုပြင်းထန််လာပြီးတော့ မိခင်တွေက ကလေးလှုပ်ရှားမှုကို သိသိသာသာခံစားလာရပါတယ်။ ကလေးကန်တာလား၊ လှိမ့်တာလားဆိုတာကိုခွဲခြားလာနိုင်ပြီး ဗိုက်ကိုထိလိုက်ရင် ကလေးက ပြန်ပြီးတုန့်ပြန်တာကို ခံစားရပါတယ်။

           ကလေးတွေလှုပ်ရှားတဲ့ပုံစံက အမေတွေရဲ့အလေ့အထနဲ့မကိုက်ညီဘဲရှိတတ်တဲ့အတွက် အမေတွေညဘက်အိပ်ချိန်မှ ကလေးတအားလှုပ်တာမျိုးရှိပါတယ်။ ဒါက ပုံမှန်ပါပဲ။ ကလေးအလှုပ်နည်းသွားရင် (သို့) လုံးဝမလှုပ်တော့ရင် နီးစပ်ရာကျန်းမာရေးဌာနကို အမြန်သွားပြပါ။

 

Dr. Mya Myo Myo Swe ( www.drmyanmar.com )