သံဓာတ်နဲ့ဖောလစ်အက်စစ်ဟာ ကိုယ်ဝန်ဆောင်တွေအတွက် ဘာလို့အရေးကြီးတာလဲ ?
ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်နဲ့ ဖောလစ်အက်စစ်ကို ပုံမှန်ထက် ပိုပြီးလိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
သံဓာတ်ဟာ…..
- သန္ဓေသားနဲ့ အချင်းဖွံ့ဖြိုးမှုကို ကူညီပေးပါတယ်။
- သန္ဓေသားဆီ အောက်စီဂျင်ထောက်ပံ့မှုကို ကောင်းမွန်စေပါတယ်။
- သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။
Obimin 2022 IA 1

ဖောလစ်အက်စစ်ဟာ…..
- သန္ဓေသားလေး ကြီးထွားဖွံ့ဖြိုးလာတာနဲ့အမျှ ဦးနှောက်နဲ့အာရုံကြောအဖွဲ့အစည်းအဖြစ် ဖွံ့ဖြိုးလာမယ့် Neural tube မှာ ချို့ယွင်းမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ Neural tube ချို့ယွင်းမှုတွေသာ ရှိခဲ့ရင် ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောမကြီးမှာ ပြင်းထန်တဲ့ မွေးရာပါချို့ယွင်းမှုတွေကြောင့် အန္တရာယ်ရှိနိုင်ပါတယ်။
Obimin 2022 IA 2

ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ ကလေးယူဖို့ အစီအစဉ်ရှိရင် ကိုယ်ဝန်မဆောင်ခင်တည်းက အာဟာရမျှမျှတတ စားပေးသင့်သလို ဖောလစ်အက်စစ်ပါဝင်တဲ့ ဖြည့်စွက်အားဆေးတွေကို မှီဝဲပေးတာမျိုး၊ ကိုယ်ဝန်စဆောင်ချိန်က နေစပြီး သံဓာတ်နဲ့ဖောလစ်အက်စစ်ပါဝင်တဲ့ Obimin လို ကိုယ်ဝန်ဆောင်အားဆေးတွေကို နေ့စဉ် မှီဝဲပေးတာမျိုး တွေ လုပ်သွားပေးသင့်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)





























