အသက် ၃၅ နှစ်မှ ကလေးယူမယ့်မေမေတို့အတွက် သိမှတ်ဖွယ်ရာများ
အသက် ၃၅ နှစ်ရောက်မှ ကလေးရသော သို့မဟုတ် ကလေးစယူရန် စဉ်းစားနေသော မေမေတို့အတွက် သိထားသင့်တဲ့အချက်တွေ ရှိပါတယ်။
တကယ်တော့ အသက် ၃၅ နှစ်ဆိုတာ ကလေးယူသင့်တဲ့အရွယ်ထက် အနည်းငယ် ကျော်လွန်နေပြီ ဖြစ်တာမို့ ငယ်တုန်းမှာ ယူတာထက်စာရင်တော့ ဆိုးကျိုးတွေဖြစ်ပေါ်ဖို့ အလားအလာပိုများတာ သိကြပြီး ဖြစ်ပါလိမ့်မယ်။
ဒီတော့ အသက် ၃၅ ဝန်းကျင်မှာ ကလေးယူကြမယ့် မမတို့အနေနဲ့ သိထားသင့်တဲ့အချက်တွေကို လေ့လာကြည့်ဖို့ လိုမယ်နော်။
>> ကိုယ်ဝန်မယူမီ
● ကိုယ်ဝန်ရဖို့ အနည်းငယ် ကြာနိုင်ပါတယ်။ အသက် ၃၀ ကျော်အရွယ်တွေမှာ မမျိုးဥတွေ နည်းပါးလာသလို ရှိတဲ့မျိုးဥတွေဟာလည်း ငယ်စဉ်ကလောက် အရည်အသွေး မကောင်းတော့တဲ့အတွက် သန္ဓေအောင်ဖို့ ခဲယဉ်းတတ်ပါတယ်။
● အသက်ကြီးလာတာနဲ့အမျှ သွေးတိုး၊ ဆီးချိုဖြစ်ဖို့ အလားအလာ ပိုလာတဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ ဆိုးကျိုးတွေ ဖြစ်တတ်ပါတယ်။
>> ကိုယ်ဝန်ဆောင်နေစဉ်
● ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ဖို့ အလားအလာများခြင်း
● ကိုယ်ဝန်ဆိပ်တက်နိုင်ခြေများခြင်း
● အမြွာမွေးနိုင်ခြေများခြင်း
● Down syndrome ကဲ့သို့ မွေးရာပါချို့ယွင်းချက်ရှိသော ကလေးများမွေးနိုင်ခြေရှိခြင်း
● ကိုယ်ဝန်ပျက်ကျနိုင်ခြင်း
>> ကလေးမွေးဖွားစဉ်
● လမစေ့သောကလေးမွေးခြင်း
● ပေါင်မပြည့်သောကလေးမွေးခြင်း
● မဖြစ်မနေ ခွဲမွေးဖို့လိုခြင်း
စသည့် ဖြစ်နိုင်ချေများကို ကြိုတင်သိထားသင့်ပါတယ်။
Obimin 1

♦ ဘာတွေကြိုတင်ပြင်ဆင်မလဲ
>> ကလေးမယူခင်
● လိုအပ်တဲ့ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီး လိုအပ်ပါက ကာကွယ်ဆေးထိုးပါ။
● သွေးတိုးနဲ့ဆီးချိုရှိသူများအနေနဲ့ ဆေးကုသမှု ခံယူပါ။
● ဖော်လစ်အက်ဆစ် သောက်သုံးပါ။
● အဝလွန်သူများအနေနဲ့ ကိုယ်အလေးချိန် လျှော့ချပါ။
● ဆေးလိပ်၊ အရက်သောက်ခြင်း၊ မလိုအပ်ဘဲ ဆေးဝါးများသောက်ခြင်း ရှောင်ပါ။
● စိတ်ဖိစီးမှုများကို လျှော့ချပါ။
>> ကိုယ်ဝန်ဆောင်နေချိန်
● OG နဲ့ ပုံမှန်ပြသပြီး လိုအပ်သောစစ်ဆေးမှုများကို ခံယူပါ။
● ရောဂါရှိသူများအနေနဲ့ ပုံမှန်ဆေးကုသမှုပြုလုပ်ဖို့ မဖြစ်မနေ လိုပါတယ်။
● ပိန်သူများအနေနဲ့ အာဟာရပြည့်ဝအောင်စားပြီး ဝိတ်တက်အောင် ပြုလုပ်သင့်ပါတယ်။
● ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးများကို ရှောင်ပါ။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
Obimin 2

(Zawgyi)
အသက္ ၃၅ ႏွစ္ေရာက္မွ ကေလးရေသာ သို႔မဟုတ္ ကေလးစယူရန္ စဥ္းစားေနေသာ ေမေမတို႔အတြက္ သိထားသင့္တဲ့အခ်က္ေတြ ရွိပါတယ္။
တကယ္ေတာ့ အသက္ ၃၅ ႏွစ္ဆိုတာ ကေလးယူသင့္တဲ့အရြယ္ထက္ အနည္းငယ္ ေက်ာ္လြန္ေနၿပီ ျဖစ္တာမို႔ ငယ္တုန္းမွာ ယူတာထက္စာရင္ေတာ့ ဆိုးက်ိဳးေတြျဖစ္ေပၚဖို႔ အလားအလာပိုမ်ားတာ သိၾကၿပီး ျဖစ္ပါလိမ့္မယ္။
ဒီေတာ့ အသက္ ၃၅ ၀န္းက်င္မွာ ကေလးယူၾကမယ့္ မမတို႔အေနနဲ႔ သိထားသင့္တဲ့အခ်က္ေတြကို ေလ့လာၾကည့္ဖို႔ လိုမယ္ေနာ္။
>> ကိုယ္ဝန္မယူမီ
● ကိုယ္ဝန္ရဖို႔ အနည္းငယ္ ၾကာႏိုင္ပါတယ္။ အသက္ ၃၀ ေက်ာ္အ႐ြယ္ေတြမွာ မမ်ိဳးဥေတြ နည္းပါးလာသလို ရွိတဲ့မ်ိဳးဥေတြဟာလည္း ငယ္စဥ္ကေလာက္ အရည္အေသြး မေကာင္းေတာ့တဲ့အတြက္ သေႏၶေအာင္ဖို႔ ခဲယဥ္းတတ္ပါတယ္။
● အသက္ႀကီးလာတာနဲ႔အမွ် ေသြးတိုး၊ ဆီးခ်ိဳျဖစ္ဖို႔ အလားအလာ ပိုလာတဲ့အတြက္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဆိုးက်ိဳးေတြ ျဖစ္တတ္ပါတယ္။
>> ကိုယ္ဝန္ေဆာင္ေနစဥ္
● ကိုယ္ဝန္ေဆာင္ဆီးခ်ိဳျဖစ္ဖို႔ အလားအလာမ်ားျခင္း
● ကိုယ္ဝန္ဆိပ္တက္ႏိုင္ေျခမ်ားျခင္း
● အႁမြာေမြးႏိုင္ေျခမ်ားျခင္း
● Down syndrome ကဲ့သို႔ ေမြးရာပါခ်ိဳ႕ယြင္းခ်က္ရွိေသာ ကေလးမ်ားေမြးႏိုင္ေျခရွိျခင္း
● ကိုယ္ဝန္ပ်က္က်ႏိုင္ျခင္း
>> ကေလးေမြးဖြားစဥ္
● လမေစ့ေသာကေလးေမြးျခင္း
● ေပါင္မျပည့္ေသာကေလးေမြးျခင္း
● မျဖစ္မေန ခြဲေမြးဖို႔လိုျခင္း
စသည့္ ျဖစ္ႏိုင္ေခ်မ်ားကို ႀကိဳတင္သိထားသင့္ပါတယ္။
♦ ဘာေတြႀကိဳတင္ျပင္ဆင္မလဲ
>> ကေလးမယူခင္
● လိုအပ္တဲ့က်န္းမာေရးစစ္ေဆးမႈမ်ား ျပဳလုပ္ၿပီး လိုအပ္ပါက ကာကြယ္ေဆးထိုးပါ။
● ေသြးတိုးနဲ႔ဆီးခ်ိဳရွိသူမ်ားအေနနဲ႔ ေဆးကုသမႈ ခံယူပါ။
● ေဖာ္လစ္အက္ဆစ္ ေသာက္သုံးပါ။
● အဝလြန္သူမ်ားအေနနဲ႔ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ပါ။
● ေဆးလိပ္၊ အရက္ေသာက္ျခင္း၊ မလိုအပ္ဘဲ ေဆးဝါးမ်ားေသာက္ျခင္း ေရွာင္ပါ။
● စိတ္ဖိစီးမႈမ်ားကို ေလွ်ာ့ခ်ပါ။
>> ကိုယ္ဝန္ေဆာင္ေနခ်ိန္
● OG နဲ႔ ပုံမွန္ျပသၿပီး လိုအပ္ေသာစစ္ေဆးမႈမ်ားကို ခံယူပါ။
● ေရာဂါရွိသူမ်ားအေနနဲ႔ ပုံမွန္ေဆးကုသမႈျပဳလုပ္ဖို႔ မျဖစ္မေန လိုပါတယ္။
● ပိန္သူမ်ားအေနနဲ႔ အာဟာရျပည့္ဝေအာင္စားၿပီး ဝိတ္တက္ေအာင္ ျပဳလုပ္သင့္ပါတယ္။
● ေဆးလိပ္၊ အရက္နဲ႔ မူးယစ္ေဆးမ်ားကို ေရွာင္ပါ။
ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)






























