/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/အသစ်စက်စက်မေမေတွေ-ကြုံရတတ်တဲ့-နို့သီးခေါင်းကွဲအက်ခြင်း

အသစ်စက်စက်မေမေတွေ ကြုံရတတ်တဲ့ နို့သီးခေါင်းကွဲအက်ခြင်း

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

အသစ်စက်စက်မေမေတွေအနေနဲ့ နို့တိုက်ခါစ ပထမအပတ်တွေမှာ သားမြတ်ထိပ် နာတာ၊ အက်တာတွေ ဖြစ်စေတတ်ပါတယ်။ ဒါဟာ ကလေးကို နို့တိုက်တဲ့အနေအထားမမှန်တာ၊ ကလေးနို့ငုံပုံမမှန်တာတွေကို ဖော်ပြနေပါတယ်။
နောက်ဖြစ်နိုင်ခြေတစ်ခုကတော့ ကလေးကို မွေးခါစကတည်းက ချိုလိမ်တွေ ပေးစုပ်ထားတာကြောင့် ကလေးဟာ နို့သီးခေါင်းအစစ်နဲ့အတုနဲ့ကို ကောင်းကောင်းမခွဲခြားနိုင်ဘဲ နို့စို့ပုံ မှားယွင်းနေတာမျိုးကြောင့် ဖြစ်လေ့ရှိပါတယ်။

>>  နို့သီးခေါင်းကွဲအက်ရင် ဘာတွေဖြစ်မလဲ?
1.  နာလာမယ်
2.  သွေးနည်းနည်း စိမ့်ထွက်မယ် (သို့) သွေးတော်တော် ထွက်လာမယ်
3.  ကိုက်လာမယ်
4.  နို့သီးခေါင်းကွဲမယ်

Obimin 1

>>  ဘယ်လိုကာကွယ်မလဲ?
နို့သီးခေါင်း နာကျင်နေပေမယ့်လည်း ကလေးကို နို့ဆက်တိုက်ပါ။ ပြောင်းလဲရမှာက နို့တိုက်ပုံတိုက်နည်း ဖြစ်ပါတယ်။ ကလေးရဲ့ပါးစပ်ဟာ သားမြတ်အဝိုင်းကို ကောင်းကောင်းငုံမိပါစေ။ နို့တိုက်ပုံ မှန်လာတဲ့အခါ နာကျင်တာမျိုးမရှိတော့ဘဲ အနာကျက်လာပါလိမ့်မယ်။
နောက်တစ်ခုက နို့တိုက်ပြီးတိုင်း နို့သီးခေါင်းတစ်ဝိုက် ခြောက်သွေ့နေဖို့ ဂရုစိုက်ပေးရပါမယ်။

>>  အနာပျောက်ဖို့ ဘယ်လောက်ကြာမလဲ?
ဒါကတော့ ဖြစ်တဲ့ပေါ်မူတည်ပါတယ်။ နို့သီးခေါင်း အပေါ်ယံလောက်ပဲ ဖြစ်တယ်ဆိုရင် နာရီပိုင်း (သို့) ရက်ပိုင်းအတွင်း သက်သာပါတယ်။ တကယ်လို့ တော်တော်ကို ကွဲအက်ပြီး အနာဖြစ်သွားရင်တော့  ၂ ပတ်ကနေ ၃ ပတ်အထိ အနာကျက်ချိန် ကြာတတ်ပါတယ်။

Obimin 2

>>  မြန်မြန်သက်သာအောင် ဘာတွေလုပ်ပေးရမလဲ?
1.  လတ်လတ်ဆတ်ဆတ်နို့ရည် သုတ်လိမ်းပေးတာမျိုး
2.  သိပ်အပူကြီးမဟုတ်တဲ့ ရေနွေးအိတ်ကို မိနစ်အနည်းငယ်ကြာ ကပ်ပေးတာမျိုး
3.  ကလေးနို့တိုက်ပြီးတိုင်း တစ်မိနစ်လောက် ဆားရည်နဲ့ စိမ်ပေးတာမျိုး (ရေ 240 ml ထဲမှာ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပြီး ရောစပ်ပါ။)
4.  နို့သီးခေါင်းပြဿနာတွေအတွက် ထုတ်ထားတဲ့ဆေးတွေ လိမ်းပေးတာမျိုး
5.  Nursing Pads နို့ခံကို အချိန်အကြာကြီးမသုံးဘဲ မကြာမကြာ လဲပေးတာမျိုး လုပ်ပေးရပါမယ်။

Dr. Emerald (www.drmyanmar.com)