ကပ်ရောဂါအချိန်မှာ သတိထားရမယ့် ဗိုင်းရပ်စ်ထက် ပိုဆိုးတဲ့ရောဂါ
ဒီအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ထက် ဆိုးတာကတော့ အကြောက်လွန်တာပါပဲ။ ၂၄ နာရီပတ်လုံး ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့သတင်းတွေပဲ ဖတ်နေမယ်၊ ရှာနေမယ်၊ တွေးနေမယ်ဆိုရင် စိုးရိမ်ပူပန်စိတ်တွေများပြီး အကြောက်လွန်ရောဂါ ရနိုင်ပါတယ်။
တစ်ချိန်ထဲမှာပဲ မိဘတွေရဲ့ ဒီလိုစိတ်ခံစားချက်ကို ကလေးတွေက ခံစားနိုင်တာကြောင့် သူတို့လည်း စိတ်ရှုပ်လာပြီး ဂျီကျတာ၊ ငိုတာ၊ အလိုမကျတာတွေ များလာနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ မိဘတွေအနေနဲ့လည်း စိတ်ရှည်ဖို့မလွယ်တဲ့အခါ သားသမီးနဲ့မိဘတွေ ဆက်ဆံရေးကိုလည်း ထိခိုက်လာပါမယ်။
>> ဒါဆို ကိုယ့်ကိုကိုယ် ဘယ်လိုထိန်းချုပ်ကြမလဲ?
1. တွေးလက်စ စိတ်ပူစရာအတွေးတွေကို လွှတ်ချလိုက်ပြီး အသက်ကိုပြင်းပြင်းရှုပြီး စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပါ။ ဒီအခါ စိတ်ဖိစီးတဲ့အချိန်မှာ ထွက်လာတဲ့ဟော်မုန်းတွေကို တားဆီးပြီးသား ဖြစ်သွားပါလိမ့်မယ်။
2. အခုစိတ်ပူနေတာဟာ ရှေ့ရေးကိုတွေးပြီး ပူနေတာမလား။ ဒါတွေဟာ အနာဂတ်မှာ ဖြစ်လာမှာရော သေချာရဲ့လား။ ကိုယ်စိုးရိမ်နေသလို မဖြစ်တာလည်း ဖြစ်နိုင်တာပဲ။ ကြိုပြီးတွေးပူနေလည်း အနာဂတ်အတွက် ဘာမှအထောက်အကူမဖြစ်ပါဘူး။
3. မကောင်းတာတွေတွေးနေမယ့်အစား ဒီလိုပြောင်းတွေးလိုက်ပါ။ ငါတို့ ရင်ဆိုင်နိုင်တယ်။ အခုထိလည်း အန္တရာယ်မရှိဘူး။ ရှေ့ဆက်ပြီးလည်း တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံး ရင်ဆိုင်သွားမယ်။
4. ကိုယ်တိုင်ရော မိသားစုကိုပါ ဒါတွေ လုပ်ခိုင်းပါ။
● ကျန်းမာရေးနဲ့ကိုက်ညီအောင် နေထိုင်စားသောက်ပါ။ ဗီတာမင် C ကြွယ်ဝတဲ့ အစားအသောက်တွေ (ဥပမာ - ကီဝီ၊ စတော်ဘယ်ရီ၊ လိမ္မော်သီး၊ သင်္ဘောသီး၊ ကိုက်လန်၊ ခရမ်းချဉ်သီး) ကို နေ့စဉ် ထည့်သွင်းစားသောက်ပါ။ ဗီတာမင် C ကြွယ်ဝတဲ့ Enervon-C လို အားဆေးမျိုးကိုလည်း နေ့စဉ် မှီဝဲလို့ရပါတယ်။
● ခန္ဓာကိုယ်ထဲကို virus မဝင်နိုင်အောင်လက်ဆေးပါ၊ လက်နဲ့မျက်နှာကို အတတ်နိုင်ဆုံး မထိပါနဲ့။
● မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့။ ထွက်မယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် အနည်းဆုံး ၆ ပေ ခွာပါ။ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ပါ။ တံခါးလက်ကိုင်တွေ၊ ဝယ်လာတဲ့ပစ္စည်းတွေကို အရက်ပြန်နဲ့ သန့်စင်ပါ။
● စိတ်ပူစေမယ့်အတွေးတွေ အဝင်မခံပါနဲ့။
● အကောင်းမြင်ပါ။ မိသားစု အတူသီချင်းဖွင့်ပြီး ကတာ၊ ဟင်းတူတူချက်တာမျိုး လုပ်ပါ။
● ကိုယ်ချစ်ခင်ရတဲ့လူတွေနဲ့ အချိန်ပေး စကားပြောပါ။
Enervon-C Adult 1

5. ကြောက်လန့်မှုအစား ချစ်ခြင်းမေတ္တာကို ရွေးချယ်ပါ။ ဒီလိုကပ်ဆိုးတွေကြုံရတဲ့အခါမှာ ကြောက်ဖို့အကောင်းဆုံးကတော့ လူတွေရဲ့စိတ်တွေဟာ ရန်လိုလာကြတာ၊ စိတ်မရှည်ကြတော့တာပဲ ဖြစ်ပါတယ်။ ဒီတော့ အချိန်တိုင်းမှာ ချစ်ခြင်းမေတ္တာနဲ့ပဲယှဉ်ပြီး အရာတိုင်းကို လုပ်ဆောင်ပါ။
6. ကိုယ်က မိသားစုရဲ့ အဝေးတစ်နေရာမှာ နေတာဆိုရင် မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ မပြတ်ဆက်သွယ်ပါ။
7. ကြောက်စရာကောင်းတဲ့အတွေးတွေ ဝင်လာတာနဲ့ ကိုယ့်ကိုကိုယ် ပြန်ပြီးထိန်းချုပ်နိုင်တဲ့ အလေ့အကျင့်လေးတွေ မွေးမြူထားပါ။ လူတွေအားလုံးအပေါ် မေတ္တာဖြန့်ဝေပါ။
ဒီလိုအခြေအနေတွေက ကိုယ်တိုင် ထိန်းချုပ်လို့၊ ရွေးချယ်လို့မရတာကြောင့် ဖြစ်လာတဲ့အခြေအနေမှာ အကောင်းဆုံးနေဖို့ လုပ်ဆောင်ပါ။
Dr. Htar (www.drmyanmar.com)
Enervon-C Adult 2

(Zawgyi)
ဒီအခ်ိန္မွာ ကို႐ိုနာဗိုင္းရပ္စ္ထက္ ဆိုးတာကေတာ့ အေၾကာက္လြန္တာပါပဲ။ ၂၄ နာရီပတ္လုံး ဒီဗိုင္းရပ္စ္နဲ႔ ပတ္သက္တဲ့သတင္းေတြပဲ ဖတ္ေနမယ္၊ ရွာေနမယ္၊ ေတြးေနမယ္ဆိုရင္ စိုးရိမ္ပူပန္စိတ္ေတြမ်ားၿပီး အေၾကာက္လြန္ေရာဂါ ရႏိုင္ပါတယ္။
တစ္ခ်ိန္ထဲမွာပဲ မိဘေတြရဲ႕ ဒီလိုစိတ္ခံစားခ်က္ကို ကေလးေတြက ခံစားႏိုင္တာေၾကာင့္ သူတို႔လည္း စိတ္ရႈပ္လာၿပီး ဂ်ီက်တာ၊ ငိုတာ၊ အလိုမက်တာေတြ မ်ားလာႏိုင္ပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ မိဘေတြအေနနဲ႔လည္း စိတ္ရွည္ဖို႔မလြယ္တဲ့အခါ သားသမီးနဲ႔မိဘေတြ ဆက္ဆံေရးကိုလည္း ထိခိုက္လာပါမယ္။
>> ဒါဆို ကိုယ့္ကိုကိုယ္ ဘယ္လိုထိန္းခ်ဳပ္ၾကမလဲ?
1. ေတြးလက္စ စိတ္ပူစရာအေတြးေတြကို လႊတ္ခ်လိုက္ၿပီး အသက္ကိုျပင္းျပင္းရႈၿပီး စိတ္ကို တည္ၿငိမ္ေအာင္ ထားလိုက္ပါ။ ဒီအခါ စိတ္ဖိစီးတဲ့အခ်ိန္မွာ ထြက္လာတဲ့ေဟာ္မုန္းေတြကို တားဆီးၿပီးသား ျဖစ္သြားပါလိမ့္မယ္။
2. အခုစိတ္ပူေနတာဟာ ေရွ႕ေရးကိုေတြးၿပီး ပူေနတာမလား။ ဒါေတြဟာ အနာဂတ္မွာ ျဖစ္လာမွာေရာ ေသခ်ာရဲ႕လား။ ကိုယ္စိုးရိမ္ေနသလို မျဖစ္တာလည္း ျဖစ္ႏိုင္တာပဲ။ ႀကိဳၿပီးေတြးပူေနလည္း အနာဂတ္အတြက္ ဘာမွအေထာက္အကူမျဖစ္ပါဘူး။
3. မေကာင္းတာေတြေတြးေနမယ့္အစား ဒီလိုေျပာင္းေတြးလိုက္ပါ။ ငါတို႔ ရင္ဆိုင္ႏိုင္တယ္။ အခုထိလည္း အႏၲရာယ္မရွိဘူး။ ေရွ႕ဆက္ၿပီးလည္း တည္တည္ၿငိမ္ၿငိမ္နဲ႔ အေကာင္းဆုံး ရင္ဆိုင္သြားမယ္။
4. ကိုယ္တိုင္ေရာ မိသားစုကိုပါ ဒါေတြ လုပ္ခိုင္းပါ။
● က်န္းမာေရးနဲ႔ကိုက္ညီေအာင္ ေနထိုင္စားေသာက္ပါ။ ဗီတာမင္ C ႂကြယ္ဝတဲ့ အစားအေသာက္ေတြ (ဥပမာ - ကီဝီ၊ စေတာ္ဘယ္ရီ၊ လိေမၼာ္သီး၊ သေဘၤာသီး၊ ကိုက္လန္၊ ခရမ္းခ်ဥ္သီး) ကို ေန႔စဥ္ ထည့္သြင္းစားေသာက္ပါ။ ဗီတာမင္ C ႂကြယ္ဝတဲ့ Enervon-C လို အားေဆးမ်ိဳးကိုလည္း ေန႔စဥ္ မွီဝဲလို႔ရပါတယ္။
● ခႏၶာကိုယ္ထဲကို virus မဝင္ႏိုင္ေအာင္လက္ေဆးပါ၊ လက္နဲ႔မ်က္ႏွာကို အတတ္ႏိုင္ဆုံး မထိပါနဲ႔။
● မလိုအပ္ဘဲ အျပင္မထြက္ပါနဲ႔။ ထြက္မယ္ဆိုရင္ တစ္ေယာက္နဲ႔ တစ္ေယာက္ အနည္းဆုံး ၆ ေပ ခြာပါ။ အျပင္ထြက္ရင္ ႏွာေခါင္းစည္းတပ္ပါ။ တံခါးလက္ကိုင္ေတြ၊ ဝယ္လာတဲ့ပစၥည္းေတြကို အရက္ျပန္နဲ႔ သန႔္စင္ပါ။
● စိတ္ပူေစမယ့္အေတြးေတြ အဝင္မခံပါနဲ႔။
● အေကာင္းျမင္ပါ။ မိသားစု အတူသီခ်င္းဖြင့္ၿပီး ကတာ၊ ဟင္းတူတူခ်က္တာမ်ိဳး လုပ္ပါ။
● ကိုယ္ခ်စ္ခင္ရတဲ့လူေတြနဲ႔ အခ်ိန္ေပး စကားေျပာပါ။
5. ေၾကာက္လန႔္မႈအစား ခ်စ္ျခင္းေမတၱာကို ေရြးခ်ယ္ပါ။ ဒီလိုကပ္ဆိုးေတြႀကဳံရတဲ့အခါမွာ ေၾကာက္ဖို႔အေကာင္းဆုံးကေတာ့ လူေတြရဲ႕စိတ္ေတြဟာ ရန္လိုလာၾကတာ၊ စိတ္မရွည္ၾကေတာ့တာပဲ ျဖစ္ပါတယ္။ ဒီေတာ့ အခ်ိန္တိုင္းမွာ ခ်စ္ျခင္းေမတၱာနဲ႔ပဲယွဥ္ၿပီး အရာတိုင္းကို လုပ္ေဆာင္ပါ။
6. ကိုယ္က မိသားစုရဲ႕ အေဝးတစ္ေနရာမွာ ေနတာဆိုရင္ မိသားစုေတြ၊ သူငယ္ခ်င္းေတြနဲ႔ မျပတ္ဆက္သြယ္ပါ။
7. ေၾကာက္စရာေကာင္းတဲ့အေတြးေတြ ဝင္လာတာနဲ႔ ကိုယ့္ကိုကိုယ္ ျပန္ၿပီးထိန္းခ်ဳပ္ႏိုင္တဲ့ အေလ့အက်င့္ေလးေတြ ေမြးျမဴထားပါ။ လူေတြအားလုံးအေပၚ ေမတၱာျဖန႔္ေဝပါ။
ဒီလိုအေျခအေနေတြက ကိုယ္တိုင္ ထိန္းခ်ဳပ္လို႔၊ ေရြးခ်ယ္လို႔မရတာေၾကာင့္ ျဖစ္လာတဲ့အေျခအေနမွာ အေကာင္းဆုံးေနဖို႔ လုပ္ေဆာင္ပါ။
Dr. Htar (www.drmyanmar.com)






























