ကိုဗစ်ကာကွယ်ဖို့ ဗီတာမင်တွေ သောက်ရမလား
တကယ်တော့ ဗီတာမင် အပါအဝင် ဘယ်ဖြည့်စွက်စာမျိုးကမှ ကိုဗစ်-၁၉ ရောဂါကို မကာကွယ်နိုင်ပါဘူး။
ဒါပေမဲ့ အချို့သောအာဟာရများဟာ သင့်ရဲ့ခုခံအားကိုကောင်းစေပြီး ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်ဖို့ အကူအညီပေးပါတယ်။
ဒီအာဟာရများကတော့ ဗီတာမင်စီ၊ ဗီတာမင်ဒီ၊ ဇင့် (သွပ်ဓာတ်) နှင့် အချို့မှာတော့ ပိုတက်စီယမ် လိုအပ်နိုင်ပါတယ်။
ဒါကြောင့် ဒီအာဟာရတွေရရှိဖို့ ဟင်းသီးဟင်းရွက်၊ သစ်သီးနှင့် အဆီလွတ်အသားများ စားသင့်ပါတယ်။
အူလမ်းကြောင်း အားဖြည့်စာဖြစ်တဲ့ Probiotics ကြွယ်ဝတဲ့ ဒိန်ချဉ်နဲ့ အချဉ်ဖောက်ထားတဲ့ အစားအသောက်များလည်း (အလွန်အကျွံ မဟုတ်ဘဲ) စားသောက်သင့်ပါတယ်။
ထို့အပြင် လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းကဲ့သို့ စိတ်ဖိစီးမှုလျော့စေသော လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့်လည်း ခန္ဓာကိုယ်ရဲ့ခုခံအားကို ပိုကောင်းစေပြီး ရောဂါတွေကို တိုက်ထုတ်နိုင်မှာ ဖြစ်ပါတယ်။
Dr. Zero (www.drmyanmar.com)






























