ကိုဗစ်ဖြစ်ပြီး နာလန်ထလာချိန်မှာ အားပြန်မွေးကြဖို့ နည်းလမ်းများ
ကိုဗစ်ဖြစ်ပြီး နာလန်ထလာတဲ့ လူအတော်များများမှာ ကိုဗစ်ရဲ့နောက်ဆက်တွဲတွေ ကျန်တတ်ပါတယ်။ အများဆုံးကျန်နေတတ်တဲ့ အနံ့အရသာပျောက်တာ၊ မစားချင်မသောက်ချင်ဖြစ်တာ၊ နုံးတာ၊ ကိုယ်အလေးချိန်ကျတာ စတာတွေကြောင့် အာဟာရမပြည့်ဝတာမျိုး ဖြစ်တတ်ကြပါတယ်။
တချို့တွေမှာဆိုရင် ကိုယ်အလေးချိန်ကျတာ၊ ကြွက်သားတွေ ဆုံးရှုံးတာတွေဖြစ်ပြီး တစ်ကိုယ်လုံး ချုံးချုံးကျတတ်ပါတယ်။ ဒီလိုဖြစ်တာဟာ ပိုးဝင်တာကြောင့် တစ်ကိုယ်လုံးမှာ ရောင်ရမ်းတုံ့ပြန်မှုဖြစ်တာ၊ အစားအသောက်ပျက်တာကြောင့် အစားနည်းတာ၊ ကိုယ်လက်မလှုပ်ရှားတာ စတာတွေကြောင့်မို့ ဖြစ်နိုင်ပါတယ်။
ပြင်းထန်တဲ့အဆင့်မှာ အဖြစ်များတယ်ဆိုပေမယ့် သာမန်လက္ခဏာလောက်ပြသူတွေမှာလည်း တွေ့ရတတ်ပါတယ်။ ဒါကြောင့် နာလန်ထချိန်မှာ အာဟာရပြည့်ဝရေးနဲ့ ကိုယ်လက် ပြန်လည်သန်စွမ်းရေးတွေကို အဓိက ဦးစားပေးရပါမယ်နော်။
လိုအပ်တဲ့ဗီတာမင်၊ သတ္တုဓာတ်နဲ့ အာဟာရဓာတ်တွေကို အစားအသောက်ကသာ အဓိက ရရှိတာပါ။ အာဟာရမပြည့်ဝဘူး၊ လိုအပ်တဲ့အစားအသောက်တွေကို ပြည့်ပြည့်စုံစုံ မစားပေးဘူးဆိုရင်တော့ နာလန်ထချိန်မှာ အဆင်ပြေမှာ မဟုတ်ပါဘူး။
Immunace 1
ရောဂါဖြစ်ချိန်မှာသာမက နာလန်ပြန်ထချိန်မှာပါ အာဟာရဓာတ် လိုအပ်ချက်က များပါတယ်။
1. ပုံစံမျိုးစုံ ကြံဆချက်ပြုတ်ပါ။
ပိုးဝင်ပြီးနောက်မှာ အရသာပျောက်တာကြီးက ဆက်ကျန်နေတတ်ပါတယ်။ ဒါကြောင့်မို့ အစားအသောက် ချက်ပြုတ်ရာမှာ အရသာရှိအောင် ဟင်းခတ်အမွှေးအကြိုင ်အစုံအလင်ထည့်ပြီး ချက်ပြုတ်ပြင်ဆင်ပါ။
2. တစ်နေကုန်စားပါ။
အစားအသောက် ပျက်နေတဲ့အခါမျိုးမှာ တစ်နေ့ ၃ နပ်ဆိုပြီး စားတာထက် လိုအပ်တဲ့ကယ်လိုရီပမာဏ ရရှိအောင် နည်းနည်းနည်းနည်းနဲ့ မကြာမကြာဆိုသလို ဝင်သလောက်စားပေးပါ။ ၂ နာရီ၊ ၃ နာရီခြား တစ်ကြိမ်လောက်စီပေါ့။ အာဟာရပြည့်ဝတဲ့အစားအစာ၊ အထူးသဖြင့် ပရိုတင်း အသားဓာတ်ပြည့်ဝတဲ့ အစားအစာတွေကို များများစားပေးပါ။ တစ်နေကုန် အဆာပြေစားနိုင်တဲ့ သရေစာတွေကတော့ -
● အသီးနဲ့ အစေ့အဆံအရော
● ဒိန်ချဉ်
● အသီးအနှံနဲ့ ပရိုတင်းကြွယ်ဝတဲ့ ဒိန်ချဉ်တို့၊ အစေ့အဆံ၊ ထောပတ်တို့နဲ့ ပြုလုပ်ထားတဲ့ smoothies
● အာဟာရဖြည့်စွက်စာရည် စတာတွေကို စားပေးနိုင်ပါတယ်။
Immunace 2
ထမင်းစားတဲ့အခါမှာလည်း အသားငါး၊ ဟင်းသီးဟင်းရွက်ကို ပမာဏနည်းနည်းန့ ဲ မကြာမကြာ စားပေးပါ။ ဥပမာ - ထမင်း ၁ ဇွန်း၊ ၂ ဇွန်းလောက်ကို ကြက်သား ၂/၃ တုံးလောက်နဲ့ ပန်းဂေါ်ဖီစိမ်း နည်းနည်းနဲ့ပေါ့။
အဓိကကတော့ ပရိုတင်းအသားဓာတ်ကို တစ်နေကုန်ရရှိနေအောင် စားပေးပါ။ ဒီလိုနည်းနည်းနဲ့ မကြာမကြာ စားပေးတာက သွေးအချိုဓာတ်ကိုလည်း ငြိမ်နေအောင် ထိန်းပေးနိုင်ပါတယ်။ မစားဘဲ အကြာကြီးနေတဲ့အခါ ကိုယ်ခန္ဓာစွမ်းအင် လျော့ကြပြီး နုံးနေပါလိမ့်မယ်။
3. ရေဓာတ်ပြည့်ဝအောင်နေပါ။
အစားအသောက်ပျက်တာကြောင့် မြင်သမျှကို စားချင်မှာ မဟုတ်ပါဘူး။ ဒီတော့ စားစရာကို သောက်စရာအဖြစ် ပြောင်းလဲပါ။ အစားအသောက်အပြင် ရေဓာတ်ကလည်း အရေးကြီးတာမို့ တစ်နေကုန်ကို တစ်နာရီခြားစီ ရေ ဒါမှမဟုတ် တခြားအရည်တစ်မျိုးမျိုးကို တောက်လျှောက်သောက်ပေးပါ။
စားဖို့ကို တစ်အားကြီး အားစိုက်မထုတ်ဘဲနဲ့ လိုအပ်တဲ့အာဟာရဓာတ်ကို ရရှိအောင် အစားအသောက် အမျိုးမျိုးကို တစ်နေကုန်မျှပြီး စားစားပေးပါ။ ကိုယ်စားလိုက်တဲ့ ဗီတာမင်၊ သတ္တုဓာတ်၊ အာဟာရဓာတ်အမျိုးမျိုးဟာ နာလန်ပြန်ထနိုင်ဖို့အတွက် အထောက်အကူ အများကြီး ဖြစ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























