/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုယ်အလေးချိန်ကျဖို့အတွက်-သံပုရာရည်-သောက်နေသူတွေ-သိထားဖို့

ကိုယ်အလေးချိန်ကျဖို့အတွက် သံပုရာရည် သောက်နေသူတွေ သိထားဖို့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကိုယ်အလေးချိန်ကျဖို့အတွက် အခြေခံအကျဆုံးနဲ့ ရိုးရှင်းတဲ့နည်းလမ်းတစ်ခုကတော့ မနက်စောစောမှာ သံပုရာရည်နွေးနွေးလေးတစ်ခွက် သောက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းက ကျွန်ုပ်တို့အားလုံးနဲ့ ရင်းနှီးနေတဲ့နည်းလမ်းဖြစ်ပြီး တော်တော်များများလည်း စမ်းလုပ်ကြည့်ဖူးကြပါလိမ့်မယ်။ ဒီသံပုရာရည်သောက်တာနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

       ရင်ပူခြင်းကို ဖြစ်စေနိုင်ပါတယ်။

          သံပုရာသီးမှာ အက်ဆစ်ဓာတ်ပါဝင်တဲ့အတွက် သောက်တာများသွားရင် ရင်ပူစေနိုင်ပါတယ်။ ဒါကြောင့် အက်ဆစ်တွေ ပြန်ကန်တက်တယ်လို့ သံသယဖြစ်ရင် သံပုရာရည် အများကြီး မသောက်ပါနဲ့။

 

       သွားကြွေလွှာတွေကို ပျက်စီးစေနိုင်ပါတယ်။

          သံပုရာသီးမှာပါဝင်တဲ့ အက်ဆစ်ဓာတ်က သွားရဲ့ကြွေလွှာကို ပျက်စီၤးစေနိုင်ပါတယ်။ အက်ဆစ်ဓာတ်က သွားထဲကို ထိုးဖောက်ဝင်ရောက်ပြီး သံပုရာသီးမှာ ပါဝင်တဲ့ သဘာဝသကြားဓာတ်က သွားကို ထပ်ပြီးပျက်စီးစေပါတယ်။ ဒါကြောင့် သံပုရာရည်သောက် ပြီးတဲ့အခါ ပလုတ်ကျင်းပေးပါ။

 

♦        ပျို့အန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

          သံပုရာသီးမှာ ကျွနု်ပ်တို့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်စီ ကြွယ်ဝပေမယ့် အလွန်အကျွံ စားသုံးရင်တော့ ကျန်းမာရေးပြဿနာအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဗိုက်နာခြင်း၊ ပျို့ခြင်း၊ အစာအိမ် မအီမသာဖြစ်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။

 

       ဆီး မကြာခဏ သွားစေနိုင်ပါတယ်။

          သံပုရာရည် သောက်တာများရင် နောက်ထပ် ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုကတော့ ဆီး မကြာခဏသွားပြီး ရေဓာတ် ခမ်းခြောက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရေဓာတ် ခမ်းခြောက်ခြင်းကို တွန်းလှန်နိုင်ဖို့ ရေများများ သောက်ပေးဖို့ လိုပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)