ကိုရိုနာဗိုင်းရပ်က ကာကွယ်ဖို့ ဒီအချိန်မှာတော့ ဝေးလေကောင်းလေပါပဲ
တစ်ဦးချင်းစီ လိုက်နာရမယ့် နည်းလမ်းတွေအနေနဲ့ကတော့ -
(၁) အများသုံးပစ္စည်းများကို ကိုင်ရာတွင် သတိရှိရပါမယ်။
အလွယ်တကူပြောရရင် ဘဏ်တို့၊ ရုံးတို့က ဘောပင်များ၊ အများသုံးအိမ်သာတံခါးလက်ကိုင်များ၊ Gym မှ အလေးတုံးများစတဲ့ အခြားလူများစွာ ထိတွေ့ထားတဲ့ အရာတွေကို ကိုင်တဲ့အခါ တစ်ရှူးခံပြီး ကိုင်တွယ်သင့်သလို ကိုင်တွယ်ပြီးတိုင်းမှာလည်း လက်ကို စင်ကြယ်အောင်ဆေးရမှာ ဖြစ်ပါတယ်။
(၂) လူကြပ်ချိန်၊ ကားကြပ်ချိန်တွေကို မဖြစ်မနေ ရှောင်ကြဉ်ပေးပါ။
ရန်ကုန်လို လူများတဲ့မြို့တော်တွေအတွက်တော့ ခက်ခဲမယ့် ကိစ္စတစ်ခုဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ လူကြပ်ချိန် အပြင်သွားမယ့်အစား စောထွက်ခြင်း သို့မဟုတ် နောက်ကျထွက်ခြင်း နည်းလမ်းတွေကို အသုံးပြုသင့်ပါတယ်။
(၃) လက်ဆွဲနှုတ်ဆက်ခြင်း၊ ပွေ့ဖက်နမ်းရှုပ်ခြင်းတွေကိုလည်း ရှောင်ရှားရမယ်နော်။
(၄) ဘားတို့ စားသောက်ဆိုင်တို့ကို မဖြစ်မနေ သွားရောက်ပါက တစ်ဆိုင်လုံးအနက် လူရှင်းတဲ့နေရာကိုသာ ရွေးချယ်ထိုင်သင့်ပါတယ်။
(၅) တတ်နိုင်သမျှ အိမ်တွင်းအောင်းနေခြင်းက အကောင်းဆုံးပဲ ဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























