ကျန်းကျန်းမာမာနဲ့ အစာကြေစေဖို့ ...
ကျန်းမာတဲ့ အစာခြေစနစ်ဆိုတာက စားလိုက်တဲ့ အစားအသောက်တွေကို မှန်မှန်ကန်ကန် ချေဖျက်ပြီးတော့ လိုအပ်တဲ့ အာဟာရဓာတ်တွေကို စုပ်ယူပေးနိုင်စွမ်း ရှိရပါတယ်။ အစာကောင်းကောင်း ကြေပြီးတော့ ကျန်းမာစေဖို့အတွက် အချက်လေးတွေကို ဖော်ပြချင်ပါတယ်။
● အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို စားပါ - ဆန်လုံးညို၊ ပေါင်မုန့်ညို၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုးနဲ့ သစ်သီးတွေ စားပါ။
● အမျှင်ဓာတ်လို့ ပြောတဲ့အခါမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ရော မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ပါ စားပေးဖို့ အရေးကြီးပါတယ်။ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ် ဆိုတာကတော့ အစာမခြေနိုင်ဘဲနဲ့ အစာကြမ်းအတိုင်း ပါသွားပြီးတော့ ၀မ်းကို အတုံးဖြစ်စေကာ ဝမ်းမချုပ်စေပါဘူး။ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ကတော့ မစင်ကို အရမ်းမကျဲအောင်လို့ လုပ်ပေးပါတယ်။ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ကို ဟင်းသီးဟင်းရွက်တွေ၊ ပေါင်မုန့်ညို၊ ဆန်လုံးညိုတွေက ရပြီးတော့ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေကို အခွံမာသီး၊ အစေ့အဆံနဲ့ ပဲအမျိုးမျိုးက ရပါတယ်။
● Probiotics တွေကလည်း အစာခြေစနစ်ကို အကျိုးပြုပါတယ်။ ဒါတွေက အာဟာရဓာတ်တွေကို ပိုကောင်းကောင်း စုပ်ယူနိုင်စေပြီးတော့ ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။
● အဆီတွေက အစာခြေစနစ်ကို နှေးကွေးစေတဲ့အတွက် အဆီ လျှော့စားပါ။
● ဆားလည်း လျှော့စားပါ။ အသင့်စား အစားအစာတွေထဲမှာ ဆားပါဝင်မှုကို သေချာဖတ်ပါ။
● အစာကို နည်းနည်းနဲ့ မကြာခဏစားပေးတာက အစာခြေတာကို ပိုလွယ်ပြီး ပိုကောင်းစေပါတယ်။ အလွန်အကျွံ မစားပါနဲ့။
Kremil-S 1
● အစာကို သေချာကြေညက်စွာ ဝါးစားပါ။ မဝါးဘဲ မျိုချတာမျိုး မလုပ်ပါနဲ့။
● သကြားတွေနဲ့ ဖြူအောင် ဖွတ်ထားတဲ့ ဂျုံတွေ မစားပါနဲ့။
● မနက်စာက အရေးကြီးတဲ့အတွက် ကျန်းမာရေးနဲ့ညီတဲ့ မနက်စာ စားပါ။ မစားဘဲ မနေပါနဲ့။
● အိပ်ချိန်နဲ့နီးနီး အစာအများကြီး မစားပါနဲ့။ လှဲမချခင် အနည်းဆုံး ၂ နာရီ၊ ၃ နာရီ ခွာစားပါ။
● ရေဓာတ် ပြည့်ဝနေပါစေ။ တစ်နေ့ကို ရေ 2 လီတာ ရအောင် သောက်ပါ။
● ကဖင်းဓာတ် ရှောင်ပါ။ အရက်နဲ့ ဆေးလိပ် ဖြတ်ပါ။
● ကိုယ်အလေးချိန်ကို စစ်ပါ။ ပေါင်အနည်းငယ် ကျတာကလည်း အစာခြေတာကို ပိုကောင်းလာစေနိုင်ပါတယ်။
● လေ့ကျင့်ခန်း ပုံမှန်လုပ်တာကလည်း အစာခြေဖို့အတွက် သော့ချက်ပါပဲ။ ကိုယ်အလေးချိန်ကိုလည်း ထိန်းထားနိုင်ပါတယ်။
● စိတ်ဖိစီးမှုတွေကိုလည်း ကောင်းကောင်း ထိန်းချုပ်ပါ။ ယောဂလုပ်တာ၊ တရားထိုင်တာနဲ့ အားကစားတွေ လုပ်ပေးပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Kremil-S 2
(Unicode)
Dr. Mya Myo Myo Swe (www.drmyanmar.com)






























