ကျန်းမာလှပစေဖို့အတွက် ဗီတာမင် C ရဲ့အကျိုးကျေးဇူး ၅ ချက်
ဗီတာမင် C က ကိုယ်ခံစွမ်းအားကိုကောင်းစေပြီးအရေပြားလှပတင်းရင်းစေဖို့အတွက် လိုအပ်တဲ့အင်တီအောက်ဆီးဒင့် တစ်မျိုးပါ။ သူက ရေမှာပျော်ဝင်တဲ့ဗီတာမင်ဖြစ်တဲ့အတွက် ခန္ဓာကိုယ်မှာသိုလှောင်သိမ်းဆည်းထားလို့မရပါဘူး။
ဒါကြောင့်နေ့တိုင်းစားပေးဖို့လိုပါတယ်။ ဗီတာမင် C ကိုနေ့တိုင်းလုံလောက်စွာစားပေးမယ်ဆိုရင် ဆံပင်၊လက်သည်းခြေသည်းတွေနဲ့ အသားအရေအတွက် အောက်ပါအကျိုးကျေးဇူးတွေကိုပေးစွမ်းနိုင်ပါတယ်။
1.ကိုယ်ခံစွမ်းအားတက်ကာ အားအင်ပြည့်ဝနေစေပါတယ်။
ဗီတာမင် C က ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ထဲရောဂါပိုးမွှားတွေ အလွယ်တကူ၀င်ရောက်နိုင်တာကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သံဓာတ်စုပ်ယူမှုကို အားကောင်းစေပါတယ်။ သံဓာတ်ကတော့ တစ်ကိုယ်လုံးလှပစေဖို့အတွက် အားပေးပါတယ်။ ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားတဲ့ သံဓာတ်တွေကုန်ဆုံးသွားပါက သွေးအားနည်းပြီးတော့ ပင်ပန်းနွမ်းနယ်၊ အားနည်းခြင်းတွေကို ဖြစ်စေပါတယ်။
2.ဆံသားတွေကိုကျန်းမာစေတယ်။
ဆံသားတွေကျန်းမာသန်စွမ်းစေဖို့အတွက် ဗီတာမင် C က ထိရောက်မှုအရှိဆုံးသော အာဟာရဓာတ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဆံသားအတွက် ကန်စွန်းဥ မကျက်တကျက်ပြုတ်ထားတာတစ်လုံး၊ gooseberries ခွက်တစ်ဝက်၊ စတော်ဘယ်ရီ ၃ လုံး၊ ပန်းငရုတ်ပွအနီတစ်ဝက်၊ ကို ကြေတဲ့အထိရောမွှေပါ။ ပြီးတော့ ဦးရေပြားနဲ့ဆံပင်တွေပေါ်မှာလိမ်းပေးပြီး ၁၅-၂၅ မိနစ်လောက်ထားပေးပါ။ ပြီးရင် ရေနွေးနွေးနဲ့ဆေးချပါ။
Vicee 1

3.လက်သည်းခြေသည်းတွေ ကြီးထွားမှုကိုအားပေးတယ်။
ဗီတာမင် C က အရေပြားတွေ၊ connective tissue တွေ၊ အရိုးတွေနဲ့ သွေးကြောနံရံတွေကို သန်မာစေခြင်းအားဖြင့် လက်သည်းတွေရဲ့သန်မာမှုကိုအားကောင်းစေပါတယ်။
4.လက်သည်းပန်းကုံးမလန်အောင်ကာကွယ်ပေးတယ်။
ဗီတာမင် C က လက်သည်းတွေကို သန်မာစေပြီးတော့ ရှည်ဖို့အားပေးတဲ့အတွက် လက်သည်းပန်းကုံးမလန်အောင်လည်းကာကွယ်ပေးပါသေးတယ်။ ဗီတာမင် C က လက်သည်းတွေ ကျန်းမာသန်စွမ်းဖို့အကောင်းဆုံးသော နည်းဖြစ်လို့ အချဉ်ဓာတ်ရှိတဲ့အသီးတွေကို မကြာခဏစားပေးပါ။
5.အိုမင်းရင့်ရော်တဲ့လက္ခဏာတွေကိုလျော့နည်းစေတယ်။
လေ့လာမှုအရ ဗီတာမင် C ပါတဲ့အစားအစာတွေကိုစားတဲ့သက်လတ်ပိုင်းအရွယ်အမျိုးသမီးတွေမှာ အရေးအကြောင်းတွေလျော့နည်းပြီးတော့ အသားအရည်ခြောက်သွေ့မှုကိုလည်း နည်းစေပါတယ်။ ဗီတာမင် C က ဓာတ်တိုးပစ္စည်း (free radical) တွေကြောင့်ပျက်စီးပြီးတော့ဖြစ်ပေါ်လာတဲ့ အိုမင်းရင့်ရော်တဲ့လက္ခဏာတွေကိုနှေးကွေးစေတယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။
ဗီတာမင် C ကြွယ်ဝတဲ့ မျက်နှာပေါင်းတင် mask လေးရဖို့ဆိုရင် ကီဝီသီးတစ်လုံး၊ သငေ်္ဘာသီး ခွက်တစ်ဝက်ကိုရောမွှေပြီးတော့ မျက်နှာမှာလိမ်းပေးပါ။ ၁၅-၂၀ မိနစ်လောက်ကြာရင် ရေအေးနဲ့ဆေးချပေးပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Vicee 2

(Unicode)
Dr. Mya Myo Myo Swe (www.drmyanmar.com)




























