/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျောက်ကပ်ကျောက်တည်ခြင်းကြောင့်-ခါးနာခြင်းရဲ့လက္ခဏာ-၁၀-ချက်

ကျောက်ကပ်ကျောက်တည်ခြင်းကြောင့် ခါးနာခြင်းရဲ့လက္ခဏာ (၁၀) ချက်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ခါးနာခြင်းဟာ လူအများစု မကြာခဏ ကြုံရတတ်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ ဘာ့ကြောင့် ခါးနာရတာလဲ။ ခါးနာရတဲ့အကြောင်းအရင်း အမျိုးမျိုးရှိပါတယ်။ ခါးနာရတဲ့ အကြောင်းအရင်းတွေထဲမှာ ကျောက်ကပ်ကျောက်တည်ခြင်းကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ သင့်ရဲ့ခါးနာခြင်းက ကျောက်ကပ်ကျောက်တည်ခြင်းကြောင့်ဆိုတာကို သိစေနိုင်မယ့် ရောဂါလက္ခဏာတွေ ရှိပါတယ်။

၁။  သင့်ခါးတစ်ခြမ်းနာခြင်း၊ ခါးနှစ်ဖက်လုံးနာခြင်း၊ အရိုးအောက်ကနာခြင်း
သင့်ရဲ့ခါးနာခြင်းက ခါးရဲ့ဘေးဘက်အနီးနားတစ်ဝိုက်မှာ နာကျင်ရပါမယ်။ ဒါဆိုရင်တော့ ခါးနာတာက ကျောက်ကပ်ကျောက်တည်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ တကယ်လို့ ခါးနာတာက ခါးအလယ်တလျှောက်နဲ့ လက်မောင်းနားထိနာနေတယ်ဆိုရင်တော့ ကျောက်ကပ်ကျောက်တည်ခြင်းကြောင့် ဖြစ်နိုင်ချေနည်းပါတယ်။

၂။  ခါးနာတာက နာလိုက်ပျောက်လိုက် ဖြစ်မယ်။ ပြင်းအားအပြောင်းအလဲ ရှိမယ်။
တကယ်လို့ ကျောက်ကပ်ကျောက် (ဆီးကျောက်) က ဆီးလမ်းကြောင်းတစ်လျှောက် ရွေ့နေရင် နာကျင်မှုကို နာလိုက်ပျောက်လိုက်၊ နည်းနည်းနာလိုက်၊ ပြင်းပြင်းထန်ထန်နာလိုက် ခံစားရပါမယ်။ ရိုးရိုးခါးနာတာဆိုရင်တော့ နာကျင်မှုက ပုံသေပဲခံစားရမှာ ဖြစ်ပါတယ်။

၃။  ခါးနာခြင်းဟာ လှုပ်ရှားမှုကြောင့် မပျောက်သွားခြင်း
ရိုးရိုးခါးနာခြင်းမှာ ခန္ဓာကိုယ်ပုံစံ အပြောင်းအလဲလုပ်ရင်၊ လှုပ်ရှားမှုလုပ်ရင် နာကျင်မှုကို ခဏသက်သာစေနိုင်ပါတယ်။ ဆီးကျောက်ကြောင့်ဖြစ်တဲ့ ခါးနာခြင်းမှာတော့ လှုပ်ရှားမှုလုပ်လည်း နာကျင်မှုက သက်သာသွားမှာ မဟုတ်ပါဘူး။

၄။  နာကျင်မှုပြင်းထန်ခြင်း
ရိုးရိုးခါးနာခြင်းဟာ နာကျင်မှု အပြင်းအပျော့ ရှိပါတယ်။ ဒါပေမဲ့ ဆီးကျောက်ကြောင့် ခါးနာခြင်းကတော့ အမြဲလိုလို ပြင်းထန်တတ်ပါတယ်။ ကလေးမွေးတဲ့အခါ နာကျင်ခြင်းလောက်ထိကို နာကျင်မှုက ပြင်းထန်တတ်ပါတယ်။

၅။  ဆီးထဲတွင် သွေးပါခြင်း
ဆီးကျောက်တည်ခြင်းကြောင့် ဆီးအရောင်ကို ပန်းရောင်၊ အနီရောင်၊ အညိုရောင်သို့ ပြောင်းစေနိုင်ပါတယ်။

၆။  ဆီးသွားစဉ် နာကျင်ခြင်း

၇။  ဆီး မကြာခဏ သွားခြင်း
ဆီးကျောက်တည်ခြင်းက သင့်ကို ဆီးခဏခဏ သွားချင်စိတ်ကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ တကယ်ဆီးသွားတဲ့အခါ ဆီးအနည်းငယ်ပဲ ထွက်ပါလိမ့်မယ်။

၈။  ဆီးအနံ့ အလွန်ပြင်းခြင်း

၉။  မူးဝေ၊ အော့အန်ခြင်း

၁၀။  ဖျားနာခြင်း၊ ချမ်းတုန်ခြင်း
ခါးလည်း နာတယ်၊ ဖျားနာတာ၊ ချမ်းတုန်တာ စတဲ့ လက္ခဏာတွေလည်း ရှိနေတယ်ဆိုရင်တော့ သင့်မှာဆ ီးကျောက်အပြင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုပါ ခံစားနေရတာ ဖြစ်နိုင်ပါတယ်။

>>  တကယ်လို့ သင့်မှာ ခါးနာခြင်းနဲ့တွဲပြီး အောက်ပါလက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ဆေးကုသမှု သေချာခံယူသင့်ပါပြီ။
သင့်ရဲ့ခါးနာခြင်းဟာ ပြင်းထန်နေပြီး သက်သာခြင်းမရှိတဲ့အပြင် -
●  ဖျားနာခြင်း၊ ချမ်းတုန်ခြင်း
●  အစာ၊ ရေ စားသောက်မရနိုင်အောင် မူးဝေ၊ အော့အန်ခြင်း
စတဲ့ လက္ခဏာတွေပါ တွဲပြီးဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ကုသမှုသေချာခံယူဖို့ လိုပါတယ်။

ဒေါက်တာအောင် (www.drmyanmar.com)