ကြက်သွန်ဖြူ စားရင် ဘာတွေ သတိထားသင့်သလဲ
ကြက်သွန်ဖြူဟာ နှလုံးသွေးကြောရောဂါတွေအတွက် အိမ်တွင်းဆေးစွမ်းကောင်းတစ်လက်ပါ။ သက်ရှည်ကျန်းမာခြင်းရဲ့ လျှို့၀ှက်ချက်လို့လဲ ဆိုကြပါတယ်။ ဒါပေမဲ့ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း စားတိုင်းကောင်းတာ မဟုတ်တော့ ဒါလေးတွေလည်း သတိထားပေးနော်။
၁။ ကြက်သွန်ဖြူကို သင့်တော်သလောက်သာ စားမယ်ဆိုရင် လူအများစုအတွက် ဘေးကင်းစိတ်ချရပါတယ်။
၂။ ကြက်သွန်ဖြူကိုစားရင် အနံ့ဆိုးထွက်ခြင်း၊ ပါးစပ်ပူခြင်း၊ ရင်ပူခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းပျက်ခြင်း စတာတွေ ဖြစ်တတ်ပြီး ကြက်သွန်ဖြူ အစိမ်းစားရင် ပိုဆိုးတတ်ပါတယ်။
၃။ ကြက်သွန်ဖြူပါတဲ့ ထုတ်ကုန်တွေကိုလည်း အန္တရာယ်အောင် သုံးစွဲနိုင်ပါတယ်။ ကြက်သွန်ဖြူပါတဲ့အဆီ၊ ကြက်သွန်နှစ်၊ ဆေးရည်တွေကို ၃ လ လောက်ထိသာ သုံးသင့်ပါတယ်။ အရေပြားမှာ လိမ်းရင်တော့ အရေပြား လောင်တတ်ပါတယ်။ ကြက်သွန်ဖြူအစိမ်းကို သုံးရင်တော့ အရေပြားကို ဆိုးဝါးစွာ ထိခိုက်စေတတ်ပါတယ်။
** အထူးသတိပြုရန်။ ကလေး၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေအနေနဲ့ ကြက်သွန်ဖြူကို အစားအစာတွေမှာ သုံးတဲ့ပမာဏသာ သုံးမယ်ဆိုရင် အန္တရာယ်ကင်းပါတယ်။ အလွန်အကျွံ စားသုံးတာမျိုးတော့ မလုပ်သင့်ပါဘူး။
အရေပြားကို မထိခိုက်အောင်တော့ နေသင့်ပါတယ်။
အလွန်အကျွံစားရင် ကလေးတွေအတွက် အသက်အန္တရာယ် ရှိနိုင်တယ်လို့ သုတေသနမှာ ဖော်ပြထားပါတယ်။
၄။ ကြက်သွန်ဖြူဟာ အစာခြေလမ်းကြောင်းကိုလည်း ထိခိုက်စေတတ်လို့ သတိနဲ့ စားသင့်ပါတယ်။ ခွဲစိတ်ပြီး လူနာတွေ စားသုံးရင် ကြာရှည်သွေးထွက်စေတတ်တဲ့အတွက် မခွဲစိတ်ခင် ၂ ပတ်လောက်ကတည်းက ကြက်သွန်ဖြူ စားတာကို ရှောင်သင့်ပါတယ်။
၅။ ကြက်သွန်ဖြူနဲ့ ဆက်စပ်တဲ့ အလုပ်လုပ်သူတွေမှာ ရင်ကြပ်ရောဂါနဲ့ အခြားဓာတ်မတည့်မှုတွေ ဖြစ်စေပါတယ်။
၆။ ကြက်သွန်ဖြူစားခြင်းဟာ သွေးပေါင်ကိုလည်း ကျစေတတ်တာကြောင့် သွေးပေါင်ကျနေတဲ့သူစားရင် ပိုဆိုးစေတာကြောင့် သတိထားသင့်ပါတယ်။
Dr. Su (www.drmyanmar.com)




























