/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကြွက်သားတွေ-ဘာကြောင့်-အမြဲတင်းနေတာလဲ

ကြွက်သားတွေ ဘာကြောင့် အမြဲတင်းနေတာလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကြွက်သားတွေ အမြဲတင်းနေပြီး ခံရခက်တဲ့အခြေအနေကို လူတိုင်းကြုံဖူးပါတယ်။

          ဘယ်လောက်ပဲ ဖြေလျော့ဖို့ ကြိုးစားကြည့်ပါစေ ကြွက်သားတွေ အမြဲတင်းနေတာ ဘာလို့လဲ?

●        ကြွက်သား တင်းတာက နောက်ကျောအောက်ပိုင်းတွေမှာ အဖြစ်များပြီး နာတာရှည်ဖိအားတွေ၊ နုန်းချိပင်ပန်းမှုတွေကြောင့် ဖြစ်စေပါတယ်။

●        ဒါ့အပြင် အနေအထားတစ်မျိုးတည်းမှာ တစ်နေကုန် အကြာကြီး အလုပ်လုပ်ရရင်လည်း ကျောပြင်တောင့်တင်းမှုတွေ ခံစားရပါတယ်။

●        ဒီလို ကြွက်သားတောင့်တင်းတာကို ဆေးဝါးတွေ၊ လိမ်းဆေးတွေ၊ အပူအအေးကပ်ခြင်း၊ နှိပ်နယ်ခြင်းတို့နဲ့ ပြေလည်အောင် သက်သာအောင် ကြိုးစားကြည့်နိုင်သလို မိမိကိုယ်ဟန် အနေအထားကို ပြုပြင်လိုက်ရင်လည်း ကောင်းသွားတတ်ပါတယ်။

●        ဒါ့အပြင် တစ်ကိုယ်လုံး အမြဲတောင့်တင်းနေတာဟာ သွေးလေးဖက်နာ တစ်မျိုးကြောင့်လည်း ဖြစ်နေတတ်ပြီး ပခုံးနဲ့ တင်ပါးဆုံတွေပါ တင်းနေတတ်ပါတယ်။

●        တကယ်လို့ အဆစ်အမြစ်တွေပါ ရောင်လာရင်တော့ လေးဖက်နာရောဂါတွေ ဖြစ်နေတတ်တာမို့ ဆရာဝန်နဲ့ ပြသဆွေးနွေးကြဖို့ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)