/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကြွက်သား-နာကျင်တာ၊-နာတာရှည်-ပင်ပန်းနွမ်းနယ်နေတာ-ဗီတာမင်ဒီ

ကြွက်သား နာကျင်တာ၊ နာတာရှည် ပင်ပန်းနွမ်းနယ်နေတာ ဗီတာမင်ဒီ ချို့တဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဗီတာမင်ဒီ ဆိုတာကတော့ အရိုးတွေ၊ သွားတွေ၊ ကြွက်သားတွေကို သန်မာစေတဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ ဒီဗီတာမင်ဓာတ်ကို လုံလုံလောက်လောက် မရရှိဘူးဆိုရင်တော့ ဗိုက်ရဲ့ဘေးနှစ်ဖက်အောင့်ခြင်း အပါအဝင် ဗီတာမင်ဓာတ် ချို့တဲ့တဲ့လက္ခဏာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဗီတာမင်ဒီ ချို့တဲ့တဲ့လက္ခဏာတွေက ဘာတွေလဲ၊ အောက်မှာ ဆက်လက်ဖော်ပြသွားပါမယ်။
ဗီတာမင်ဒီဟာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ကယ်လ်စီယမ်နဲ့ ဖော့စ်ဖရိတ်ဓာတ်တွေကို ထိန်းညှိနိုင်ပါတယ်။ ဒါပေမဲ့ ဆောင်းတွင်းလိုမျိုး နေရောင်နဲ့ အထိအတွေ့နည်းတဲ့အချိန်မျိုး ဆိုရင်တော့ ဗီတာမင်ဒီကို ခန္ဓာကိုယ်က လိုသလောက် လုံလုံလောက်လောက် မရနိုင်တာ များပါတယ်။ ဒီလိုအချိန်မျိုးမှာ ဗိုက်ရဲ့ဘေးနား အောင့်တာမျိုးကို ခံစားရတတ်ပါတယ်။ လေ့လာချက်တစ်ခုအရ ဗိုက်ရဲ့ဘေးဘက်တွေ အောင့်နေတဲ့သူ ၇၈၃ ယောက်မှာ ၃၁၆ ယောက်ဟာ ကြွက်သားတွေ နာကျင်မှု၊ ကျောက်ကပ်ရောဂါတစ်ခုခုကြောင့် ဗိုက်အောင့်တာဖြစ်ပြီး ကျန် ၁၈၇ ယောက်ဟာ တခြားအကြောင်းပြချက်မပြနိုင်ဘဲ ဗီတာမင်ဒီ ချို့တဲ့ခြင်းကြောင့်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

Ultra D3 1

ဒါ့ကြောင့် ဗီတာမင်ဒီချို့တဲ့ခြင်းဟာ ကြွက်သားနာကျင်မှုကို ဖြစ်စေနိုင်ကြောင်း ယူဆကြပါတယ်။ ဒီယူဆချက်ကို နောက်လေ့လာချက်တစ်ခုကလည်း အထောက်အပံ့ ဖြစ်စေပါတယ်။ လေ့လာချက်အရ ကြွက်သားနာကျင်မှုကို ရေရှည်ခံစားနေရတဲ့သူ ၇၁ ရာခိုင်နှုန်းဟာ ဗီတာမင်ဒီ ချို့တဲ့ခြင်းကို ခံစားနေရကြောင်း တွေ့ရှိရပါတယ်။ ဒါ့အပြင် ဒီလူတွေကို ဗီတာမင်ဒီ ဖြည့်စွက်အားဆေးတွေ တိုက်ကျွေးတဲ့အခါ ကြွက်သားနာကျင်မှုတွေ သက်သာသွားကြောင်း တွေ့ရှိရပါတယ်။ ဒါ့ကြောင့် သင့်မှာ ကြွက်သားနာကျင်မှုကို ရေရှည်ခံစားနေရပြီဆိုရင် ဗီတာမင်ဒီ ချို့တဲ့ခြင်းကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း အသိပေးလိုပါတယ်။
ဗီတာမင်ဒီ ချို့တဲ့ခြင်းရဲ့ လက္ခဏာ နောက်တစ်ခုကတော့ အအေးမိ ဖျားနာခြင်းတွေကို မကြာခဏ ခံစားရတာပဲ ဖြစ်ပါတယ်။ ဗီတာမင်ဒီဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ထောက်ပံပေးတဲ့အတွက် ဗီတာမင်ဒီ ချို့တဲ့တဲ့အခါ ခုခံအားနည်ပြီး အအေးမိ၊ ဖျားနာ၊ လေပြွန်ရောင်၊ အဆုတ်ရောင် စတဲ့ ရောဂါတွေ မကြာခဏ ခံစားရနိုင်ပါတယ်။

Ultra D3 2

ဗီတာမင်ဒီ ချို့တဲ့ခြင်းရဲ့လက္ခဏာ နောက်တစ်ခုကတော့ အလိုလိုနေရင်း ပင်ပန်းနွမ်းနယ်နေတာပဲ ဖြစ်ပါတယ်။ သုတေသနပြုချက်တစ်ခုအရ ရေရှည်ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရတဲ့ အမျိုးသမီးတစ်ဦးကို ဗီတာမင်ဒီပမာဏ စစ်ဆေးကြည့်တဲ့အခါ 5.9ng/ml သာ ရှိတာကို တွေ့ရပါတယ်။ (ဗီတာမင်ဒီပမာဏ 20ng/ml အောက် လျော့နေရင် ဗီတာမင်ဒီ ချို့တဲ့ခြင်းလို့ သတ်မှတ်ပါတယ်။) အဲဒီ့အမျိုးသမီးကို ဗီတာမင်ဒီ ဖြည့်စွက်အားဆေးတွေ တိုက်ကျွေးတဲ့အခါ သူမရဲ့ ဗီတာမင်ဒီပမာဏက 39ng/ml ဖြစ်သွားပြီး ရောဂါလက္ခဏာတွေလည်း သက်သာသွားတာကို တွေ့ရှိရပါတယ်။ ဗီတာမင်ဒီချို့တဲ့ခြင်းရဲ့လက္ခဏာ နောက်တစ်ခုက အသက်အရွယ်ကြီးတဲ့သူတွေမှာ စိတ်ကျရောဂါ ဖြစ်နိုင်ချေများစေတာပဲ ဖြစ်ပါတယ်။
ဗီတာမင်ဒီကို အလုံအလောက်ရရှိအောင် ဖြည့်စွက်ဖို့ဆိုရင် ဗီတာမင်ဒီ ကြွယ်ဝတဲ့ အစားအစာတွေ စားတာကလည်း ကောင်းမွန်တဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဆောလ်မွန်၊ တူနာကဲ့သို့ အဆီများတဲ့ငါးတွေဟာ ဗီတာမင်ဒီ ကြွယ်ဝတဲ့အစားအစာတွေပါပဲ။ သက်သတ်လွတ်သမားတွေအတွက်ကတော့ ဗီတာမင်ဒီ ကြွယ်ဝဖို့ မှိုအမျိုးမျိုးကို စားပေးနိုင်ပါတယ်။ ဒါ့အပြင် နေရောင်ကို လုံလောက်စွာ ထိတွေ့တာကလည်း ဗီတာမင်ဒီ မချို့တဲ့စေမယ့်နည်းတစ်မျိုး ဖြစ်ပါတယ်။ နောက်နည်းလမ်းတစ်ခုကတော့ ဗီတာမင်ဒီ ဖြည့်စွက်အားဆေးတွေကို စနစ်တကျ သောက်သုံးခြင်းဖြင့် ဗီတာမင်ဒီ ချို့တဲ့ခြင်းကို ကာကွယ်နိုင်ပါတယ်။

ဒေါက်တာအောင် (www.drmyanmar.com)