/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကွန်ပျူတာ-အသုံးပြုသူများ-လိုက်နာဖို့

ကွန်ပျူတာ အသုံးပြုသူများ လိုက်နာဖို့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကွန်ပျူတာများ၊ Tablet နဲ့ iPad တွေကို E-book ဖတ်ဖို့၊ E-mail ပို့ဖို့ စသည်ဖြင့် အချိန်ကြာကြာ အသုံးပြုတဲ့အခါ လည်ပင်းနဲ့ ပုခုံးသားတွေမှာ နာကျင်မှုဝေဒနာ ခံစားလာရတတ်ပါတယ်။ ဒါပေမဲ့ အသုံးပြုတဲ့ အနေအထား ပြုပြင်လိုက်ခြင်းက နာကျင်မှုကို သက်သာစေနိုင်ပါတယ်။

          ဒါကြောင့် နောက်တစ်ခါ Tablet နဲ့ စာအုပ်ဖတ်မယ် ကြံတဲ့အခါ လည်ပင်းကို အောက်ငုံ့ပြီး ဖတ်စရာမလိုအောင် အဆင်ပြေမယ့် အနေအထားမှာ ထောင်ဖတ်နိုင်မယ့် Tablet Cover Case လေးကို ပထမဆုံး ဝယ်သုံးကြည့်ပါ။ ဒုတိယအနေနဲ့ လည်ပင်းကို အနားပေးပါ။ ဆရာဝန်တွေက ကိုယ်ဟန်အနေအထားကို 15 မိနစ်တစ်ခါ ပြောင်းခိုင်းလေ့ ရှိပါတယ်။ လက်အနေအထား ပြောင်းတာ၊ ဟိုဘက်ဒီဘက် စောင်းတာ၊ အထိုင်အထ လုပ်တာမျိုးတွေ လုပ်ပေးနိုင်ပါတယ်။

 

>>    ဆရာဝန်များ၏ အကြံပြုချက်

 

        iPad, Tablet များ အသုံးပြုတဲ့အခါ -

●        အဆင်ပြေမယ့် အနေအထားမှာ ထောင်ဖတ်နိုင်မယ့် Tablet Cover Case လေးကို သုံးပါ။

●        ကိုယ်ဟန်အနေအထားကို 15 မိနစ်တစ်ခါ ပြောင်းပါ။

●        လက် အနေအထားပြောင်းတာ၊ ဟိုဘက်ဒီဘက် စောင်းတာ၊ အထိုင်အထ လုပ်တာမျိုးတွေ လုပ်ပေးပါ။

 

        Laptop၊ Desktop ကွန်ပျူတာများ အသုံးပြုတဲ့အခါ -

●        လက်ကွက်ရိုက် Keyboard ကို သပ်သပ်ပါတာကို သုံးပါ။

●        ပုခုံးကို လျှော့ထားပြီး တံတောင်ကို ကိုယ်နဲ့ ကပ်ထားပါ။

●        လက်၊ လက်ကောက်ဝတ်၊ လက်ဖျံနဲ့ ပေါင်တို့ကို ရေပြင်ညီတစ်တန်းထဲ ထားသုံးပါ။

 

>>    Laptop နဲ့ Desktop ကွန်ပျူတာများ

          ဘယ်လိုပစ္စည်းကိုပဲ အသုံးပြုပြု ကိုယ်ဟန်အနေအထားက အရေးကြီးပါတယ်။ Desktop ကွန်ပျူတာကို အသုံးပြုတဲ့အခါ ခေါင်းနဲ့ ကိုယ်ခန္ဓာကို မတ်မတ်ထားပါ။ မကုန်းနေပါစေနဲ့။ ကွန်ပျူတာမျက်နှာပြင်ကို မျက်လုံး level အောက်နားမှာ ရှိပါစေ။ ပုခုံးကို လျှော့ထားပြီး တံတောင်ကို ကိုယ်နဲ့ ကပ်ထားပါ။ ခါးမှီထိုင်နိုင်တဲ့ခုံကို ရွေးပါ။ ဒီလိုခုံမျိုး မရှိပါကလည်း ခါးနောက်မှာ အမှီကူရှင်ခေါင်းအုံးလေးကို ခုပြီး ထိုင်ပါ။ လက်၊ လက်ကောက်ဝတ်၊ လက်ဖျံနဲ့ ပေါင်တို့ကို ရေပြင်ညီတစ်တန်းထဲ ထားသုံးပါ။

          Laptop ကွန်ပြူတာကို အသုံးပြုတဲ့အခါမှာလည်း အလားတူပဲ ဖြစ်ပါတယ်။ Laptop ကို စားပွဲပေါ်တင်ပြီး အသုံးပြုတဲ့အခါ  Desktop အနေနဲ့ အသုံးပြုနိုင်ပါတယ်။ Laptop မှာပါတဲ့ လက်ကွက် keyboard ဟာ မြင့်နေပြီး ကွန်ပျူတာမျက်နှာပြင် နိမ့်နေတဲ့အတွက် အသုံးမပြုဘဲ သပ်သပ် keyboard တစ်လုံးကို သုံးသင့်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)