/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခေါင်းတစ်ခြမ်းကိုက်ခြင်းကြောင့်-ဘဝရဲ့ပျော်ရွှင်မှုတွေ

ခေါင်းတစ်ခြမ်းကိုက်ခြင်းကြောင့် ဘဝရဲ့ပျော်ရွှင်မှုတွေ မဆုံးရှုံးစေဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.  ရေများများသောက်ပါ
တစ်နေ့တာလုံး ဆုံးရှုံးနေတဲ့ ရေဓာတ်နဲ့ ကိုယ်ပြန်သောက်တဲ့ ရေကို မျှတအောင် လုပ်ပါ။ ရိုးရိုးရေတင်မက အချိုရည်သောက်တာ၊ ဖရဲသီးစားတာမျိုးကလည်း ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။

2.  ယောဂဆော့ပါ
ခေါင်းကိုက်တာကို မဆိုးစေတဲ့ ဘယ်အားကစားမဆို အဆင်ပြေပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး တစ်ခုခုကို ရွေးချယ်ပါ။ ယောဂဆော့တာကတော့ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာအတွက် အကျိုးရှိဆုံးပါပဲ။ ယောဂဆော့တာက စိတ်ကိုတည်ငြိမ်စေတယ်၊ အကြောအချဉ်တွေ ပြေလျော့စေတယ်၊ အသက်ရှူ မှန်စေပါတယ်။

Bio Adult 1

3.  ကောင်းကောင်းအိပ်ပါ
စောစောအိပ်၊ အိပ်ရေးဝဝ အိပ်ပါ။

4.  ကိုယ့်ဘာကို စည်းကမ်းချမှတ်ထားပါ
ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့ သူတွေ၊ စိတ်လှုပ်ရှားတဲ့ ဝေဒနာရှိသူတွေအဖို့ တချို့အရာတွေ၊ တချို့ကိစ္စတွေက ဆွပေးသလို ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်မလုပ်ချင်တာတွေကို သူများက တိုက်တွန်းရင် ပြတ်ပြတ်သားသား ငြင်းဆန်ပါ။

5.  ကော်ဖီရှောင်ပါ
ကဖင်းဓာတ်ပါတာတွေက ခေါင်းကိုက်တာကို ဆိုးစေပါတယ်။ ဒါပေမဲ့ ချက်ချင်း ဖြတ်တာမျိုး မလုပ်ဘဲနဲ့ တဖြည်းဖြည်းလျော့ပြီး အစားထိုး ရေ၊ ရေနွေးကြမ်း၊ ဖျော်ရည် စတာတွေကို သောက်ပါ။

Bio Adult 2

6.  လတ်ဆတ်သန့်ရှင်းတာပဲ စားပါ
ကြာရှည်ခံဆေး မပါ၊ သဘာဝတိုင်း စိုက်ပျိုးမွေးမြူထားတာတွေကိုပဲ စားပေးပါ။ ဘယ်လို ဆက်စပ်နေလဲ သေချာမသိသေးပေမယ့် အသင့်စားတွေ၊ ပြုပြင်ထားတာတွေစားရင် ခေါင်းကိုက်တတ်တာကို တွေ့ရပါတယ်။

7.  စိတ်ဖိစီးမှု နည်းအောင်နေပါ
တစ်ခါတလေမှာ အသက်ဝဝရှူပြီး စိတ်ကို လျှော့ပေးထားသင့်ပါတယ်။ ဆူညံသံတွေမရှိ အေးချမ်းတဲ့နေရာက သူတို့အတွက် အသင့်တော်ဆုံးပါပဲ။

Dr. Htar (www.drmyanmar.com)