/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခေါင်းမကိုက်အောင်-အကောင်းဆုံးကာကွယ်ထားမယ်

ခေါင်းမကိုက်အောင် အကောင်းဆုံးကာကွယ်ထားမယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ခေါင်းမကိုက်အောင် အကောင်းဆုံး ကာကွယ်လို့ရတဲ့ ပြုပြင် နေထိုင်နည်းတွေ အများကြီးနော်။ ခေါင်းကိုက်လုံးဝလျော့မသွားတောင် အကြိမ်ရေလေး နည်းနည်းလျော့သွားရင်နေရသက်သာလာစေမှာပေါ့။ 

 

ခေါင်းကိုက်စေတဲ့ အရာတွေက ဟောဒီမှာပါ။

 

• စိတ်ဖိစီးမှု

• အရက်သောက်ခြင်း

• ဆူညံသံ

• အအိပ်လွန်ခြင်း အိပ်ရေးမဝခြင်း

• လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ခြင်း

• အာဟာရ ပြည့်ဝအောင်မစားခြင်း

• ကွန်ပျူတာ အကြာကြီးသုံးခြင်း

• ဟင်းချိုမှုန့်

Bio Adult 1

ကိုယ့်ရဲ့ခေါင်းကိုက်ဝေဒနာအကြောင်းပိုသိရအောင် စာအုပ်လေးတအုပ်နဲ့ ဒါလေးတွေမှတ်ထားကြည့်ပါလား။

 

• စားသမျှ အစားအသောက်တွေ

• သောက်မိတဲ့ အချိုရည်တွေ

• အိပ်ရာဝင် အိပ်ရာထချိန်

• ကိုယ်လက်လှုပ်ရှားမှုမှတ်တမ်း

 

ဆရာဝန်ပြသတဲ့အခါ ကိုယ့်မှတ်တမ်းလေးလေးကိုပြသဆွေးနွေးခြင်းဖြင့် ဆရာဝန်အနေနဲ့လည်း ဘာတွေနဲ့သက်သာနိုင်မယ် ဘယ်လိုအကြံပေးရင်အဆင်ပြေမယ်စဉ်းစားတွေးခေါ်နိုင်တာပေါ့။

 

ခေါင်းကိုက်ရောဂါပျောက်ဖို့ အရေးကြီးဆုံးအချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

 

• မတ်မတ်ဆန့်ဆန့်နေပါ။ ပျင်းရိလေးကန်တဲ့ ကိုယ်နေဟန်ထားဟာ ခေါင်းကိုက်ရောဂါကို ပိုဆိုးစေပါတယ်။

 

• ခရီးထွက်တိုင်း ပခုံးအောက်မှာခုဖို့ ခရီးဆောင်ခေါင်းအုံးလေးတွေ သယ်သွားပါ။

 

• အိပ်ရေးဝဝအိပ်တာကအဓိကအကျဆုံးနဲ့ အရေးအပါဆုံးဖြစ်ပါတယ်။ အချိန်မှန်အိပ်အချိန်မှန်စားပါ။

Bio Adult 2

• နေ့စဉ်ပြုလုပ်တဲ့ လေ့ကျင့်ခန်းနဲ့လမ်းလျှောက်ခြင်းတွေ အကြောဆန့်တာတွေ အပြင် အစားကိုနည်းနည်းနဲ့ မကြာခဏစားတာကလည်းအလုပ်ဖြစ်တဲ့ စားသောက်နေမှုပြုပြင်ရေးဖြစ်ပါတယ်။

 

• ရေဝဝသောက်သုံးတာလောက် အကျိုးရှိတာတော့ မရှိတော့ပါဘူး။ နေ့စဉ် ရေရှစ်ဖန်ခွက်ခန့် သောက်သုံးခြင်းဖြင့် ခေါင်းကိုက်ဝေဒနာတွေကို ဝေးဝေးထားနိုင်ပါတယ်။

 

• စိတ်ဖိစီးလေပိုဆိုးလေဖြစ်တဲ့ ခေါင်းကိုက်ရောဂါဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့တွေ့ဆုံပါ။ ခရီးထွက်ပါ။ ဘယ်ဟာမှ ဘဝအဆုံးသတ်မဟုတ်လို့ သက်တောင့်သက်သာတွေးခေါ်စဉ်းစားပုံကို လေ့ကျင့်ထားခြင်းဖြင့်အဆင်ပြေပြေဖြတ်သန်းနိုင်ပါတယ်နော်။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

(Unicode)


 


 









 


 





 


 


 


 


 


 


 


 


 
