ခြေထောက်အရွတ်ရောင်တယ်ဆိုတာ ဘာလဲ
များသောအားဖြင့် ခြေကျင်းဝတ်က လှုပ်ရှားမှုပိုလုပ်ရတာ ဖြစ်တာကြောင့် ခြေကျင်းဝတ်အရွတ်ရောင်တာက အဖြစ်များပါတယ်။
>> ဘာကြောင့် ဖြစ်ရတာလဲ?
အဖြစ်များဆုံးကတော့ ခြေထောက်ကို အလုပ်ပေးတာ များလွန်းတာကြောင့် ဖြစ်ပါတယ်။ တခြား အကြောင်းအရင်းတွေက -
● ခြေကျင်းဝတ် ဒါမှမဟုတ် ခြေထောက် ရောဂါပိုးဝင်တာ
● လေးဖက်နာ၊ အဆစ်အမြစ်ရောင် ရောဂါတွေကြောင့် ဖြစ်တာ
● ထိခိုက်ဒဏ်ရာရတာတို့ကြောင့် ဖြစ်ပါတယ်။
Jointace 1
>> ဘယ်လို လူတွေမှာ ပိုဖြစ်တတ်လဲ?
● ခြေထောက်ကို အဓိကအသုံးပြုရတဲ့ အားကစားသမားတွေ (ဥပမာ - ပြေးတာမျိုး)
● အသက် ၄၀ ကျော်တွေ
● အမျိုးသားတွေ
● အဝလွန်တဲ့လူတွေ
● ခြေထောက်ကို သက်သောင့်သက်သာမဖြစ်စေတဲ့ ဖိနပ်စီးတဲ့သူတွေ
● အရင်က အရွတ်မှာ ဒဏ်ဖြစ်ဖူးတဲ့သူတွေဟာ အရွတ်ရောင်နိုင်ချေ အရမ်းများပါတယ်။
Jointace 2
>> လက္ခဏာတွေက
နာတာ၊ ရောင်တာ၊ တောင့်တင်းနေတာမျိုးက အဖြစ်များဆုံး ဖြစ်ပါတယ်။ နာတာကတော့ အရွတ်ရောင်တာရဲ့ ပထမဆုံးလက္ခဏာ ဖြစ်ပါတယ်။ အချိန်ကြာတာနဲ့အမျှ သက်သာလာပေမယ့် ခြေထောက်ကို အသုံးပြုတာ ကြာတာနဲ့ ပြန်ပေါ်လာတ်ပါတယ်။
အနားယူတာတောင်မှ မသက်သာဘဲ ရောင်တာ၊ နာတာက ရှိနေတုန်းပဲဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
ရောဂါကို တိတိကျကျ သိရအောင်၊ ဘယ်လောက်ထိဆိုးလဲ ဆုံးဖြတ်နိုင်အောင် လိုအပ်ရင် ဓာတ်မှန်၊ သံလိုက်ဓာတ်မှန် ရိုက်ရနိုင်ပါတယ်။ အရိုးကျိုးတာ၊ အရွတ်စုတ်ပြဲတာမျိုး ရှိလာရင်တော့ ကုသမှုကလည်း မတူတော့ပါဘူး။
အရွတ်ရောင်တာရဲ့ ကုသမှုကတော့ ရောဂါအခြေအနေပေါ် မူတည်ပြီး အနားယူတာ၊ ဆေးထိုးတာကနေ ခွဲစိတ်တာအထိ ကွာခြားပါတယ်။ ပျောက်ကင်းဖို့ကတော့ ဖြည်းဖြည်းချင်း အချိန်ယူရပါတယ်။ ဆရာဝန်စကားကို နားမထောင်ဘဲ ခြေထောက်ကို ကောင်းကောင်းအနားမပေးရင် ပျောက်ကင်းဖို့က ပိုပြီးအချိန်ကြာတတ်ပါတယ်။
Dr. Htar (www.drmyanmar.com)




























