/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/စိတ်ညစ်စရာကောင်းတဲ့-ဝက်ခြံတွေ-ဘာလို့ဖြစ်လာရတာလဲ

စိတ်ညစ်စရာကောင်းတဲ့ ဝက်ခြံတွေ ဘာလို့ဖြစ်လာရတာလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ပျိုပျိုမေတို့ရေ ...
မျက်နှာပေါ်မှာ တစ်လုံးပြီးတစ်လုံး ထွက်လာတဲ့ ဝက်ခြံတွေကြောင့် စိတ်ညစ်ညူးနေပြီလား။ ဝက်ခြံဖြစ်စေသော အကြောင်းရင်းတွေက တစ်ဦးနဲ့တစ်ဦး မတူညီကြပါဘူးနော်။ အောက်မှာ ဖော်ပြထားတဲ့အချက်တွေထဲက တစ်ချက်ချက်နဲ့ ငြိနေရင်တော့ ဝက်ခြံတွေ ထွက်နိုင်ပါတယ်။ ဒါတွေကတော့ -
●  ကာလကြာရှည် စိတ်ဖိစီးမှု
●  စတီးရွိုက်ဆေးများ သောက်ခြင်း
●  အဆီကို အခြေခံထားသော skin careများ အသုံးပြုခြင်း
●  မိတ်ကပ်ထူထူလိမ်းခြင်း
●  ဝက်ခြံတွေကို ဆွခြင်း၊ ညှစ်ခြင်း
●  သန္ဓေတားဆေး (Oral Contraceptive pills) များ သောက်သုံးနေခြင်း
●  အတက်ရောဂါအတွက်ဆေးများ သောက်ခြင်း၊ ဝဲနှင်းခူဆေးများ လိမ်းခြင်း
●  ရာသီဥတုပူသော ဒေသများတွင် နေထိုင်ခြင်း
●  နေပူထဲ အထွက်များခြင်း
●  ကိုယ်ဝန်ရှိခြင်း
●  ရာသီလာခါနီးချိန်ဖြစ်ခြင်း
●  အဆီအစိမ့်နဲ့ အချိုအစားများခြင်း
●  ကျားဟိုမုန်း အထွက်များခြင်း
တို့ ဖြစ်ပါတယ်။

Vicee 1

>>  ဝက်ခြံပေါက်နေရင် ဒါတွေလိုက်နာပါ
●  စိတ်ဖိစီးမှု များလာတိုင်း ဝက်ခြံတွေ ပေါက်တတ်တာဆိုရင် စိတ်ဖိစီးမှု နည်းနိုင်သမျှနည်းအောင် နေထိုင်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
●  ဝက်ခြံတွေကို လက်နဲ့ ဆွတတ်သူတွေအနေနဲ့ ပိုးဝင်ပြီး ပြည်တည်ခြင်းထိ ဖြစ်ပေါ်နိုင်ပြီး ဝက်ခြံတွေ ပိုမိုပျံ့နှံ့ဖို့အားပေးရာရောက်တာမို့ လုံးဝရှောင်ကြဉ်သင့်ပါတယ်။
●  ဝက်ခြံတွေ ဖြစ်ပေါ်ပြီဆိုတာနဲ့ သစ်သီးနဲ့အသီးအရွက်များ နေ့စဉ်စားခြင်း၊ ရေများများသောက်ခြင်း၊ အိပ်ရေး၀၀အိပ်ခြင်း၊ လက်ကို သန့်ရှင်းအောင်ထားခြင်း၊ တတ်နိုင်သမျှ မိတ်ကပ်မလိမ်းဘဲနေခြင်း စသည်တို့ကို လိုက်နာပြီး ဝက်ခြံသက်သာဖို့ သီးသန့်ထုတ်သော skin care တွေကို အသုံးပြုသင့်ပါတယ်။
●  ကာလကြာရှည် ဝက်ခြံများ ဖြစ်ပေါ်နေသူများ၊ မကြာခဏ ဖြစ်ပေါ်လေ့ရှိသူများနဲ့ မျက်နှာတပြင်လုံးနီးပါး ဝက်ခြံထွက်နေသူများ အနေနဲ့ကတော့ အရေပြားဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူသင့်သလို Vitamin C ပါတဲ့ ဆေးဝါးမျိုး (ဥပမာ - Vicee) ကိုလည်း မှန်မှန်မှီဝဲသင့်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Vicee 2

(Zawgyi)

ပ်ိဳပ်ိဳေမတို႔ေရ ...
မ်က္ႏွာေပၚမွာ တစ္လုံးၿပီးတစ္လုံး ထြက္လာတဲ့ ဝက္ၿခံေတြေၾကာင့္ စိတ္ညစ္ညဴးေနၿပီလား။ ဝက္ၿခံျဖစ္ေစေသာ အေၾကာင္းရင္းေတြက တစ္ဦးနဲ႔တစ္ဦး မတူညီၾကပါဘူးေနာ္။ ေအာက္မွာ ေဖာ္ျပထားတဲ့အခ်က္ေတြထဲက တစ္ခ်က္ခ်က္နဲ႔ ၿငိေနရင္ေတာ့ ဝက္ၿခံေတြ ထြက္ႏိုင္ပါတယ္။ ဒါေတြကေတာ့ -
●  ကာလၾကာရွည္ စိတ္ဖိစီးမႈ
●  စတီး႐ြိဳက္ေဆးမ်ား ေသာက္ျခင္း
●  အဆီကို အေျခခံထားေသာ skin careမ်ား အသုံးျပဳျခင္း
●  မိတ္ကပ္ထူထူလိမ္းျခင္း
●  ဝက္ၿခံေတြကို ဆြျခင္း၊ ညႇစ္ျခင္း
●  သေႏၶတားေဆး (Oral Contraceptive pills) မ်ား ေသာက္သုံးေနျခင္း
●  အတက္ေရာဂါအတြက္ေဆးမ်ား ေသာက္ျခင္း၊ ဝဲႏွင္းခူေဆးမ်ား လိမ္းျခင္း
●  ရာသီဥတုပူေသာ ေဒသမ်ားတြင္ ေနထိုင္ျခင္း
●  ေနပူထဲ အထြက္မ်ားျခင္း
●  ကိုယ္ဝန္ရွိျခင္း
●  ရာသီလာခါနီးခ်ိန္ျဖစ္ျခင္း
●  အဆီအစိမ့္နဲ႔ အခ်ိဳအစားမ်ားျခင္း
●  က်ားဟိုမုန္း အထြက္မ်ားျခင္း
တို႔ ျဖစ္ပါတယ္။

>>  ဝက္ၿခံေပါက္ေနရင္ ဒါေတြလိုက္နာပါ
●  စိတ္ဖိစီးမႈ မ်ားလာတိုင္း ဝက္ၿခံေတြ ေပါက္တတ္တာဆိုရင္ စိတ္ဖိစီးမႈ နည္းႏိုင္သမွ်နည္းေအာင္ ေနထိုင္ျခင္းျဖင့္ ကာကြယ္ႏိုင္ပါတယ္။
●  ဝက္ၿခံေတြကို လက္နဲ႔ ဆြတတ္သူေတြအေနနဲ႔ ပိုးဝင္ၿပီး ျပည္တည္ျခင္းထိ ျဖစ္ေပၚႏိုင္ၿပီး ဝက္ၿခံေတြ ပိုမိုပ်ံ႕ႏွံ႔ဖို႔အားေပးရာေရာက္တာမို႔ လုံးဝေရွာင္ၾကဥ္သင့္ပါတယ္။
●  ဝက္ၿခံေတြ ျဖစ္ေပၚၿပီဆိုတာနဲ႔ သစ္သီးနဲ႔အသီးအ႐ြက္မ်ား ေန႔စဥ္စားျခင္း၊ ေရမ်ားမ်ားေသာက္ျခင္း၊ အိပ္ေရး၀၀အိပ္ျခင္း၊ လက္ကို သန႔္ရွင္းေအာင္ထားျခင္း၊ တတ္ႏိုင္သမွ် မိတ္ကပ္မလိမ္းဘဲေနျခင္း စသည္တို႔ကို လိုက္နာၿပီး ဝက္ၿခံသက္သာဖို႔ သီးသန႔္ထုတ္ေသာ skin care ေတြကို အသုံးျပဳသင့္ပါတယ္။
●  ကာလၾကာရွည္ ဝက္ၿခံမ်ား ျဖစ္ေပၚေနသူမ်ား၊ မၾကာခဏ ျဖစ္ေပၚေလ့ရွိသူမ်ားနဲ႔ မ်က္ႏွာတျပင္လုံးနီးပါး ဝက္ၿခံထြက္ေနသူမ်ား အေနနဲ႔ကေတာ့ အေရျပားဆရာဝန္နဲ႔ ျပသၿပီး ကုသမႈခံယူသင့္သလို Vitamin C ပါတဲ့ ေဆးဝါးမ်ိဳး (ဥပမာ - Vicee) ကိုလည္း မွန္မွန္မွီဝဲသင့္ပါတယ္။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)