/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/စိတ်ဖိစီးမှုတွေ-ပြေပျောက်စေဖို့အတွက်-လက်လေးကို-နှိပ်နယ်ပေးကြမယ်

စိတ်ဖိစီးမှုတွေ ပြေပျောက်စေဖို့အတွက် လက်လေးကို နှိပ်နယ်ပေးကြမယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အလုပ်မှာ၊ မိသားစုရေးမှာ ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကြောင့် ခေါငး်မူးခေါင်းကိုက်၊ ခေါင်းတစ်ခြမ်းကိုက်တာတွေကို အမြဲလိုလို ရင်ဆိုင်နေကြရပါတယ်။ ဒါတွေကို ပြေပျောက်စေဖို့အတွက် လေ့ကျင့်ခန်းလုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေစားတာ၊ စိတ်ဖိစီးမှုကို ဖြေလျှော့ပေးတဲ့နည်းတွေ၊ အသက်ရှူလေ့ကျင့်ခန်းတွေအပြင် လက်ကိုနှိပ်နယ်ပေးတာကလည်း ခေါင်းကိုက်တာတွေကို ပျောက်စေပါတယ်။

          နှိပ်နယ်ပေးဖို့အတွက် လူတွေ အရမ်းမထူပြီး လေဝင်လေထွက်ကောင်းတဲ့နေရာလေးကို ရွေးချယ်ပါ။ lavender/ lemon grass (စပါးလင်) ကို အခြေခံထုတ်ထားတဲ့ အဆီ essential oils လေးကို လက်မှာ ပွတ်လိုက်ပါ။

1.       ညာဘက်လက်ဖဝါး အလယ်ခေါင်ကို ဘယ်ဘက်လက်မနဲ့ ၅ စက္ကန့် ဖိထားပေးပြီးရင် ၃ စက္ကန့် ပြန်လွှတ်ပါ။ ဒီလိုမျိုး ဖိလိုက်လွှတ်လိုက် ၁၀ ကြိမ် လုပ်ပေးပါ။ ဒီအတိုင်းပဲ ဘယ်ဘက်လက်ဖဝါးကို လုပ်ပေးပါ။

2.       ပြီးရင် ညာဘက်လက်မ အလယ်ခေါင်က်ို ဘယ်ဘက်လက်မ၊ လက်ညှိုးနဲ့ ၇ စက္ကန့် ဖိထားပေးပြီးတော့ ၅ စက္ကန့် ပြန်လွှတ်ပါ။ ဘယ်ဘက်လက်မကိုလည်း ဒီအတိုင်း ဖိလိုက်၊ လွှတ်လိုက်လုပ်ပေးပါ။

3.       လက်ဖဝါး ၂ ဖက်ကို အပူထွက်လာအောင် စက္ကန့် ၂၀ လောက် ပွတ်တိုက်ပေးပြီးတော့ မိနစ်အတော်ကြာအောင် စိတ်ကို လျှော့ချပြီးတော့ အသက်ပြင်းပြင်း ရှူသွင်းရှူထုတ် လုပ်ပေးပါ။

          အပေါ်ကအတိုင်း တစ်နေ့ ၂ ကြိမ် လုပ်ပေးမယ်ဆိုရင် စိတ်ဖိစီးမှုတွေ ပြေလျော့ပြီး ခေါင်းကိုက် သက်သာလာတာကို တွေ့ရမှာပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)