စိတ်မပါဖြစ်နေတဲ့ ဇနီးလေးကို ဘယ်လိုဆွဲဆောင်ရမလဲ?
အမျိုးသားနဲ့ အမျိုးသမီး အကြောင်းဆုံလို့ အတူနေကြတဲ့အခါ လိင်ကိစ္စတွေကို ဘယ်လိုညင်ညင်သာသာ ကိုင်တွယ်မလဲဆိုတာ သိပ်အရေးပါလာပါတယ်။
● အမျိုးသမီးတွေမှာ လိင်စိတ်ဆိုတာ ဦးနှောက်က စပါသတဲ့။ မအံသြပါနဲ့။ သူတို့နဲ့ စိတ်တူကိုယ်တူ အသွင်တူပြီး ယုံကြည်အားကိုးလို့ရတဲ့သူဖြစ်မှ သူတို့က စိတ်ပါလာပါသတဲ့။ သူတို့ကို စိတ်ပါလာအောင် အရေးအကြီးဆုံး foreplay က ရင်းနှီးကျွမ်းဝင်မှုတစ်ခု တည်ဆောက်ဖို့ပါတဲ့။ ပွေ့ဖက်တာ၊ နမ်းရှုံ့တာ၊ ကိုင်တွယ်တာတွေ မလာခင် ကိုကိုတို့ အရင်လုပ်ရမှာက လေကောင်းကောင်းလေးနဲ့ အပြောချိုဖို့ပါပဲ။ သူတို့စိတ်ထဲမှာ ကိုယ်က ကိုယ့်ဆန္ဒထက် မေတ္တာ အမှန်တကယ်ရှိလို့သာ အတူနေချင်ပါကြောင်း သူတို့သဘောပေါက်ဖို့ လိုပါတယ်။ ချစ်ရင် ဘာမဆို ပေးနိုင်ကြတယ်။ အရင်သွားမထိခင် လေလေးနဲ့ အရင် ညှိနှိုင်းပါဦး။
● သူမကို ဘာကျွေးမလဲ? ၀က်သားတုတ်ထိုးလောက် တောင်းနေရင်တော့ အခြေအနေ မဟန်ပါဘူး။
သူမ စိတ်ပါလာအောင် သဒ္ဓါတရားအပြည့်နဲ့ ကျွေးရမယ့် အစားအစာတွေက -
1. ထောပတ်သီး
2. ခရုကမာပင်လယ်စာ
3. မှိုအမျိုးမျိုး
4. နေကြာစေ့၊ သီဟိုဠ်စေ့
5. သံလွင်ဆီ
6. ကြက်ဥဘဲဥတို့ဖြစ်ပြီး အမျိုးသမီး လိင်ဆန္ဒကို တိုးပွားစေပါတယ်။
● ဝိတ်လျှော့ခိုင်းပါ။ သူမရဲ့ ဝိတ်လျှော့တဲ့အကြံကို အားပေးပါ။ Gym ကို ကိုယ်တိုင် လိုက်ပို့ပါ။ ပိုက်ဆံပါ သွင်းပေးပါ။ ခန္ဓာကိုယ်လေး ပိန်လာတာနဲ့အမျှ အထူးချီးကျူး မြှောက်ပင့်ပါ။ ဝလေ လိင်ဆန္ဒ နည်းပါးလေပါပဲတဲ့။ ကဲ ... ချစ်သူလေး ပိန်တာ ပိုကောင်းပါတယ်လို့။
● စိတ်ဖိစီးမှုဟာ လိင်ဆန္ဒရဲ့ အကြီးမားဆုံး ရန်သူပါတဲ့။ အိမ်က အမျိုးသမီးကို စိတ်ပါလာစေချင်ရင် သူမရဲ့ စိတ်ပင်ပင်ပန်းဖိစီးမှုတွေကို ကိုယ်ကလည်း အလိုက်တသိ မျှဝေကူညီဖို့် လိုအပ်ပါတယ်။ ဟင်းကူချက်ပေးတာ၊ အိမ်သန့်ရှင်းရေး ကူလုပ်ပေးတာတွေအပြင် သူမကို အပြင်ခေါ်ပြီး ညစာ ကျွေးတာ ပွားသမျှကို မငြိုမငြင် နားထောင်တာတွေဟာ အလွန်အရေးပါ,ပါကြောင်း တင်ပြလိုက်ပါတယ်နော် ...။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























