/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆယ်ကျော်သက်များတွင်-တွေ့ရသော-အစားအသောက်နဲ့-ပတ်သက်တဲ့-မှားယွင်းသော

ဆယ်ကျော်သက်များတွင် တွေ့ရသော အစားအသောက်နဲ့ ပတ်သက်တဲ့ မှားယွင်းသော အလေ့အထ (၄) မျိုး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

      ဆယ်ကျော်သက် အရွယ်ရောက်လာတဲ့ ကလေး အတော်များများဟာ အရာရာတိုင်းကို လွတ်လပ်စွာ ဆုံးဖြတ်ချင်ကြပါတယ်။ ဒီထဲမှာ အစားအစာ ရွေးချယ်မှုလည်း ပါဝင်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်တွေအနေနဲ့ မှားယွင်းတဲ့ အစားအသောက်ဆိုင်ရာ အလေ့အထတွေကို ပြုလုပ်လေ့ရှိတတ်ကြပါတယ်။
      ဒါတွေကတော့ -
(၁)    မနက်စာမစားခြင်း
      အမေရိကန်ကလေးဆရာဝန်များအဖွဲ့ရဲ့ အဆိုအရ ဆယ်ကျော်သက်များ ၂၀-၃ဝရာနှုန်းဟာ မနက်စာကို ပုံမှန်မစားတတ်ကြဘူးလို့ သိရပါတယ်။ ဆယ်ကျော်သက်များတွင် မနက်စာပုံမှန်စားခြင်းဖြင့် ကြီးထွားဖွံဖြိုးမှု၊ စိတ်ခံစားမှုနဲ့ ကျောင်းစားလေ့လာမှုများကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် မိဘများအနေနဲ့ ဆယ်ကျော်သက် သားသမီးများကို နံနက်တိုင်း အာဟာရပြည့်သောမနက်စာ စားသုံးတဲ့ အလေ့အထကို မွေးမြူပေးသင့်တယ်နော်။

(၂)     ကျန်းမာရေးနဲ့မညီညွတ်သော အသင့်စားအစာများကို နှစ်ခြိုက်ခြင်း
      ဒီနေ့ခေတ် ကလေးများနီးပါးဟာ အသင့်စားအစာများနဲ့ ကင်းကွာကြသူနည်းပါးတယ်။ အာလူးကြော်၊ ဘာဂါ၊ ပီဇာ၊ ကိုရီးယားကင်၊ အချိုရည် စသည်ဖြင့် အလွယ်တကူ ဝယ်နိုင်သော အစားအစာတွေဟာ ဆယ်ကျော်သက်များ အကြိုက်ပါပဲ။ ဒါပေမဲ့လည်း ဒီလို ကယ်လိုရီနဲ့အဆီပါဝင်မှုများသော အစားအစာတွေအစား ကျန်းမာရေးနဲ့ ညီညွတ်သော သရေစာများ (ဥပမာ - သစ်သီး) ကိုသာ ရွေးချယ်စားပေးခြင်းဖြင့် ရေရှည်မှာ ကျန်းမာစေမှာ ဖြစ်ပါတယ်။

(၃)     အပြင်ဆိုင်များတွင် မကြာခဏသွားစားခြင််း
      ဆယ်ကျော်သက်များအနေဖြင့် အိမ်မှာထက် အပြင်ဆိုင်တွေ ထိုင်ရတာကို အထူးနှစ်သက်လေ့ရှိပါတယ်။ တကယ်တော့ ဒါဟာ အကျင့်ဆိုးတစ်ခုပါပဲ။ အပြင်ဆိုင်တွေမှာ ကျန်းမာရေးနဲ့ မညီညွတ်သော အစားအစာတွေ ပိုများတာမို့ ငွေကုန်ပြီး ဆိုးကျိူး ပိုများစေပါလိမ့်မယ်။ မိဘများအနေနဲ့ ကလေးတွေကို တစ်ပတ်တစ်ခါသာ ဆိုင်မှာစားဖို့ ချော့မော့ပြောဆိုသင့်ပါတယ်။

(၄)     အချိုရည်ပုလင်းများ သောက်ခြင်း
     လေ့လာချက်တစ်ခုအရ အသက် ၆ နှစ်မှ ၁၇ နှစ်ကလေးများရဲ့ အချိုရည် သောက်သုံးမှုဟာ ၁၉၇၈ တွင် ၃၇ ရာနှုန်းကနေ ၁၉၉၈ တွင် ၅၆ ရာနှုန်းထိ မြင့်တက်လာပါတယ်။
    အချိုရည် သောက်သုံးမှုဟာ အဝလွန်ခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်းများအနက်တစ်ခုဖြစ်ပြီး အခြားသော ကျန်းမာရေးဆိုးကျိုးများကိုပါ ဖြစ်စေပါတယ်။ ထိုအစား ရေနဲ့သစ်သီးများကို စားသောက်ပေးသင့်ပါတယ်။
      ဆယ်ကျော်သက်များ အစားအစာ ရွေးချယ်မှုမှန်ကန်စေဖို့ မိဘများအနေနဲ့လည်း မှန်ကန်စွာ အကြံပြုပေးဖို့ လိုပါတယ်။ မေမေတို့အနေနဲ့ သားသမီးတွေကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစားတွေကို ပြင်ဆင်ချက်ပြုတ်ပေးသင့်တဲ့အပြင် အစာစားချိန်မှန်ဖို့ကိုပါ ဂရုစိုက်ပေးသင့်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)