ဆားရည်နဲ့ပလုတ်ကျင်းခြင်းရဲ့ အကျိုးကျေးဇူးများ
● ဆားရည်နဲ့ ပလုတ်ကျင်းခြင်းဖြင့် ပါးစပ်ထဲရှိ ဘက်တီးရီးယားပိုးမွှားများကို သေစေပါတယ်။
● အရောင်ကျစေပါတယ်။
● လည်ချောင်းယားခြင်း၊ လည်ချောင်းနာခြင်းကို သက်သာစေပါတယ်။
● ချွဲသလိပ် ပျော်စေပါတယ်။
** ရေနွေးနွေး တစ်ခွက်ထဲကို ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထည့်ဖျော်ပါ။
** ဆားရည် တစ်ငုံ ငုံပါ။
** ပါးစပ်နှင့် လည်ချောင်းအတွင်း နှံ့စပ်စေရန် စက္ကန့် ၃၀ ခန့် ငုံထားပြီးမှ ထွေးထုတ်ပါ။ ရေတစ်ခွက် ကုန်သည်အထိ ပြုလုပ်ပါ။
** ရောဂါ သက်သာပျောက်ကင်းသည်အထိ တစ်နေ့လျှင် လေးကြိမ်မှ ခြောက်ကြိမ် လိုအပ်သလို ငုံပေးပါ။
Dr. K (www.drmyanmar.com)






























