/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးချိုသေချာထိန်းဖို့-ဘာလို့အရေးကြီးတာပါလိမ့်

ဆီးချိုသေချာထိန်းဖို့ ဘာလို့အရေးကြီးတာပါလိမ့်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သွေးတွင်းဆီးချို ပုံမှန်ထက်တက်နေတာဟာ သင့်ရဲ့ကိုယ်ခန္ဓာ တစ်ကိုယ်လုံးကိုပြဿနာကြီးကြီးမားမား ပေးနိုင်ပါတယ်။ ဆီးချိုရှိရင် ဆီးချိူကို တင်းကြပ်စွာ ထိန်းချုပ်ကုသမှ ဒီရောဂါက တခြားအင်္ဂါအစိတ်အပိုင်းတွေကို ပြဿနာမပေးနိုင်မှာ ဖြစ်ပါတယ်။

 

ဆီးချိုကို ကာလရှည်ကြာ သေချာမထိန်းသိမ်းနိုင်ဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့ ဘာတွေ ဒုက္ခ ပေးနိုင်သလဲဆိုတော့ -

 

♦ မျက်လုံးဝါးမယ်

♦ မျက်စိမှုန်မယ်

♦ လက်တွေ ခြေထောက်တွေ ထုံတာ၊ ကျင်တာ၊ နာတာဖြစ်မယ်

♦ နှလုံးသွေးကြောကျဉ်းမယ်

♦ အာရုံကြောတွေထိမယ်

♦ သွားဖုံးရောဂါတွေ ဖြစ်မယ်

♦ ကျေက်ကပ်ပျက်စီးမယ်

♦ ရောဂါပိုးပေါင်းစုံဝင်လာမယ်

♦ လိင်သာယာမှုမရရှိတော့ဘူး

ရုတ်တရက် ဆောင့်တက်တဲ့သကြားဓာတ်က ရေဓာတ်ခန်းခြောက်ပြီး သတိလစ်ကာ အသက်အန္တရာယ်ပေးတဲ့အထိ ဖြစ်နိုင်တယ်နော်။ များလည်းမကောင်း နည်းပြန်ရင်လည်း ဆီးချိုထိုးကျပြီးသတိလစ်တတ်ပြန်ရော။

 

ဒီတော့ ဆီးချိုရှိနေရင်…

 

♦ သွေးဖောက်စက်နဲ့ ဆီးချိုပုံမှန်စစ်ဆေးပါ

♦ သုံးလတခါ Hb A1 C စစ်ပါ

♦ ကိုယ်အလေးချိန်များနေရင်လျှော့ပါ

♦ အရက်ဆေးလိပ်ဖြတ်ပါ

♦ အငံလျှော့စားပါ

♦ ဖြစ်နိုင်ရင် အာဟာရဆရာ၀န်နဲ့ တိုင်ပင်ပြီး ကယ်လိုရီတွက်ချက်စားသောက်ပါ

  ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

(Unicode)


 


 










 


 


 






