ဆီးချိုအတက်အကျကို ထိန်းချုပ်နေတဲ့အချက်တွေ
အစားတွေ ရှောင်နေပါလျက် ဆေးတွေသောက်နေပါလျက် ဘာကြောင့် ဆီးချိုတက်နေသလဲလို့ စဉ်းစားနေကြသူတွေအတွက်ပါ။
အချိုကဲမုန့်တွေ စားလိုက်တဲ့အခါ ဆီးချို ထောင်တက်သွားပါတယ်။ ဒီတော့ ပရိုတင်းနဲ့ အဆီဓာတ်ကို လိုအပ်သလို ဖြည့်တင်းစားသောက်မှ အချိုဓာတ်ကို ကာမိပြီးသားဖြစ်မှာပါ။
● နာရီပေါင်းများစွာ မစားဘဲနေလို့်ပါ။ ဆီးချိုရှိတဲ့အတွက် အဆာမခံနိုင်ပါဘူး။ သာမန်လူမှာတောင် သိပ်ဆာတဲ့အခါ ငါးနာရီထက် မကျော်သင့်ပါဘူး။ ဆီးချိုသမားတွေ အဆာခံရင် ရင်တုန်တာ၊ ချွေးပြန်တာတွေ ခံစားလာရပြီး ချက်ချင်း သကြားလုံး (သို့) အချိုရည်သောက်ပြီး အချိုဓာတ် ပြန်ထိန်းဖို့လိုပါတယ်။
● အရက်တွေ သိပ်သောက်လွန်းတဲ့အခါ စားသင့်သလောက် မစားဖြစ်ဘဲ အသည်းကနေ ဂလူးကို့စ်ထွက်တာ အားနည်းသွားလို့ ဆီးချို ထိုးကျသွားတတ်ပါတယ်။
● စတီးရွိုက်ဆေးတွေ သောက်တဲ့အခါ စတီးရွိုက်ကြောင့် ဂလူးကို့စ် ဖြစ်ပေါ်ပျက်စီးမှုကို ထိခိုက်စေပြီး သကြားဓာတ် လွန်ကဲပြီး တက်လာပါတယ်။
Diabetone 1
● ကောင်းကောင်းမစားဘဲ အားကစားတွေ တပင်တပန်း လုပ်လိုက်တဲ့အခါ ဆီးချို ကျလာပါတယ်။ အင်ဆူလင် မလုံလောက်တာရယ်၊ အချိုဓာတ် မပြည့်ဝတာတွေကြောင့် အဆီတွေကို ချေဖျက်ပြီး စွမ်းအင်အဖြစ် သုံးစွဲပါတယ်။ အဲဒီမှာတင် ဆီးချို အလွန်အကျွံပြန်တက်ပြီး သွေးတွင်းအက်ဆစ်ဓာတ် များပြားလွန်ကဲတဲ့အခြေအနေတစ်မျိုးကို ကြုံတွေ့ရတော့တာပါပဲ။
● အင်ဆူလင်ကို သူ့အချိုးအစားနဲ့ သူ့အချိန်နဲ့သူ မသုံးစွဲလို့ပါ။ သူ့အချိန်နဲ့သူ အင်ဆူလင်ကို မထိုးတဲ့အခါ ပြဿနာတက်လာသလို သူ့အချိုးအစားနဲ့သူ အင်ဆူလင်ကို မထိုးတဲ့အခါ ဆီးချို ထောင်တက်တာ၊ ထိုးကျတာတွေ စတင်ကြုံရပါတော့တယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Diabetone 2
(Zawgyi)
အစားေတြ ေရွာင္ေနပါလ်က္ ေဆးေတြေသာက္ေနပါလ်က္ ဘာေၾကာင့္ ဆီးခ်ိဳတက္ေနသလဲလို႔ စဥ္းစားေနၾကသူေတြအတြက္ပါ။
အခ်ိဳကဲမုန႔္ေတြ စားလိုက္တဲ့အခါ ဆီးခ်ိဳ ေထာင္တက္သြားပါတယ္။ ဒီေတာ့ ပ႐ိုတင္းနဲ႔ အဆီဓာတ္ကို လိုအပ္သလို ျဖည့္တင္းစားေသာက္မွ အခ်ိဳဓာတ္ကို ကာမိၿပီးသားျဖစ္မွာပါ။
● နာရီေပါင္းမ်ားစြာ မစားဘဲေနလို႔္ပါ။ ဆီးခ်ိဳရွိတဲ့အတြက္ အဆာမခံႏိုင္ပါဘူး။ သာမန္လူမွာေတာင္ သိပ္ဆာတဲ့အခါ ငါးနာရီထက္ မေက်ာ္သင့္ပါဘူး။ ဆီးခ်ိဳသမားေတြ အဆာခံရင္ ရင္တုန္တာ၊ ေခြၽးျပန္တာေတြ ခံစားလာရၿပီး ခ်က္ခ်င္း သၾကားလုံး (သို႔) အခ်ိဳရည္ေသာက္ၿပီး အခ်ိဳဓာတ္ ျပန္ထိန္းဖို႔လိုပါတယ္။
● အရက္ေတြ သိပ္ေသာက္လြန္းတဲ့အခါ စားသင့္သေလာက္ မစားျဖစ္ဘဲ အသည္းကေန ဂလူးကို႔စ္ထြက္တာ အားနည္းသြားလို႔ ဆီးခ်ိဳ ထိုးက်သြားတတ္ပါတယ္။
● စတီး႐ြိဳက္ေဆးေတြ ေသာက္တဲ့အခါ စတီး႐ြိဳက္ေၾကာင့္ ဂလူးကို႔စ္ ျဖစ္ေပၚပ်က္စီးမႈကို ထိခိုက္ေစၿပီး သၾကားဓာတ္ လြန္ကဲၿပီး တက္လာပါတယ္။
● ေကာင္းေကာင္းမစားဘဲ အားကစားေတြ တပင္တပန္း လုပ္လိုက္တဲ့အခါ ဆီးခ်ိဳ က်လာပါတယ္။ အင္ဆူလင္ မလုံေလာက္တာရယ္၊ အခ်ိဳဓာတ္ မျပည့္ဝတာေတြေၾကာင့္ အဆီေတြကို ေခ်ဖ်က္ၿပီး စြမ္းအင္အျဖစ္ သုံးစြဲပါတယ္။ အဲဒီမွာတင္ ဆီးခ်ိဳ အလြန္အကြၽံျပန္တက္ၿပီး ေသြးတြင္းအက္ဆစ္ဓာတ္ မ်ားျပားလြန္ကဲတဲ့အေျခအေနတစ္မ်ိဳးကို ႀကဳံေတြ႕ရေတာ့တာပါပဲ။
● အင္ဆူလင္ကို သူ႔အခ်ိဳးအစားနဲ႔ သူ႔အခ်ိန္နဲ႔သူ မသုံးစြဲလို႔ပါ။ သူ႔အခ်ိန္နဲ႔သူ အင္ဆူလင္ကို မထိုးတဲ့အခါ ျပႆနာတက္လာသလို သူ႔အခ်ိဳးအစားနဲ႔သူ အင္ဆူလင္ကို မထိုးတဲ့အခါ ဆီးခ်ိဳ ေထာင္တက္တာ၊ ထိုးက်တာေတြ စတင္ႀကဳံရပါေတာ့တယ္။
ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)






























