/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆေးလိပ်သမားများ-ဖတ်ကြည့်ပါ-သင်-လုံး၀ကြားဖူးဦးမှာ-မဟုတ်သည့်

ဆေးလိပ်သမားများ ဖတ်ကြည့်ပါ ... " သင် လုံး၀ကြားဖူးဦးမှာ မဟုတ်သည့် အသံတိတ် လူသတ်သမားရောဂါ "

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကိုသူရတစ်ယောက် ခြေသလုံးတွေ နာနာနေတတ်သည်မှာ ကြာပြီ။ နာကျင်မှုက တဖြည်းဖြည်း ဆိုးလာတာမို့ သူ ပုံမှန်ပြုလုပ်နေကျ ဂေါက်ရိုက်ခြင်းဝါသနာကိုပင် စွန့်လွှတ်ထားရသည်။ လမ်းလျှောက်သောအခါ နှင့် လှေကားတက်သောအခါမျိုးတွင် ပေါင်နှင့် ခြေသလုံး ကြွက်သားများမှာ အလွန်အမင်း နာကျင်ပြီး ခြေလှမ်း ရပ်လိုက်ခြင်းနှင့် လှေကားပေါ်က ပြန်ဆင်းခြင်းတို့ ပြုလုပ်မှသာ နာကျင်ခြင်းက သက်သာသည်။ မခံမရပ်နိုင်အောင် နာကျင်ခြင်းကို မခံစားနိုင်တော့တာမို့ ကိုသူရတစ်ယောက် ဆရာ၀န်ထံ အရောက်သွားရတော့သည်။ ဆရာ၀န်ကြီး၏ မှတ်ချက်ကြောင့် ကိုသူရတစ်ယောက် ဆို့နင့်သွားရသည်။

          အမေရိကန်နိုင်ငံ နှလုံးနှင့် သွေးကြောများဆိုင်ရာ တက္ကသိုလ်ရဲ့ သတ်မှတ်ချက်အရ ကိုသူရ ခံစားနေရသည်မှာ ခြေထောက်နှင့် လက်များရှိ သွေးကြောများ ကျဉ်းမြောင်း ပိတ်ဆို့နေသော ရောဂါတစ်မျိုး ဖြစ်သည်။

          ရောဂါလက္ခဏာများမှာ ခြေသလုံး၊ ပေါင်နှင့် တင်ပါး ကြွက်သားများဟာ လှုပ်ရှားမှု ပြုလုပ်တိုင်း နာကျင်တတ်ပြီး လှုပ်ရှားမှု ရပ်တန့်ပြီး မိနစ်အနည်းငယ်မှ သက်သာသည်။ ထို့ပြင် မောပန်းနုံးချိခြင်း၊ ခြေလက်များ လေးလံထုံကျဉ်ခြင်းကိုပါ ခံစားရပါသည်။ အချို့သောသူများတွင်တော့ ခြေထောက်များ နာကျင်ခြင်း မရှိတာကို တွေ့ရပါသည်။

          ဒါဆိုရင် ဒီရောဂါ ဘာလို့ဖြစ်လဲဆိုတာ သိချင်ကြမှာပါ။

          ဆေးလိပ်သောက်သူများ၊ အစားကောင်းကောင်း မစားသူများ၊ ကိုယ်လက်လှုပ်ရှားမှု မရှိသူများတွင် အဖြစ်များပြီး ဆေးကုသမှုခံယူခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်းတို့ဖြင့် ပြန်လည်ကုသနိုင်ပါသည်။

          အလွန်ဆိုးရွားသော ရောဂါအခြေအနေတွင် သွေးကြောများကို ခွဲစိတ်ကုသရမှာ ဖြစ်ပါသည်။

          ကိုသူရကဲ့သို့ ဂေါက်ရိုက်သူတစ်ဦးကိုတော့ ဆရာ၀န်မှ ကိုလက်စထရောကျဆေးများ၊ အက်စ်ပရင် သွေးကြဲဆေး နေ့စဉ်သောက်ခိုင်းပြီး ဆေးလိပ်ဖြတ်ဖို့ အကြံကို ပေးခဲ့ပါသည်။

          ကဲ ... ကိုသူရတစ်ယောက် ဆေး ပုံမှန်သောက်ပြီး ဆေးလိပ်ပါ ဖြတ်လိုက်တာ ၆လအကြာမှာတော့ သူ့ရဲ့ဂေါက်ရိုက်ဝါသနာကို ပြန်အသက်သွင်းနိုင်ခဲ့ပြီလေ။ အချိန်မီ မသိရှိပါက နောက်ဆက်တွဲ ဆိုးကျိုးများစွာကို ခံစားရမှာပါ။

          ကဲ ... သင်ကော ဆေးလိပ် မဖြတ်သေးဘူးလား?

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)