/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဇက်ကြောတက်၊-ခါးနာ-မဖြစ်စေဖို-့-ကိုယ်နေဟန်ထားကို-ပြင်ဆင်ပါ

ဇက်ကြောတက်၊ ခါးနာ မဖြစ်စေဖို ့ ကိုယ်နေဟန်ထားကို ပြင်ဆင်ပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ကိုယ်နေဟန်ထား မှားယွင်းနေသူတွေမှာ လည်ပင်းနဲ့ ခါးမှာ ဒဏ်ဖြစ်စေနိုင်ပါတယ်။   

          မတ်တပ်ရပ်နေတဲ့ အချိန်တွေမှာ ရင်ကိုကော့ ခါးကို မတ်ထားရပါမယ်။ လက်ပျဉ်ကုန်းနေခြင်းက စတိုင်မကျသလို ကျောရိုးကိုလည်း ဒဏ်ဖြစ်စေပါတယ်။   

          ထိုင်နေတဲ့အချိန်ဟာ ကိုယ်ဟန်အမှားတတ်ဆုံး ဖြစ်ပါတယ်။ ခုံမှာ ထိုင်တဲ့အခါ ခြေပစ်လက်ပစ် ကုန်းပြီး ထိုင်လေ့ရှိပါတယ်။ ဒါကြောင့် ခါးရဲ့ ကွေးရာအတိုင်း အလိုက်သင့်ဖြစ်စေဖို့ ခါးနောက်မှီအခံလေးနဲ့ ထိုင်နိုင်ပါတယ်။ ဒါမှ နောက်ကျောကြွက်သားတွေဒဏ်မဖြစ်မှာ ဖြစ်ပါတယ်။

          ဒါ့အပြင် ထိုင်တဲ့အခါ ခြေချိတ်ပြီး ထိုင်လေ့ရှိတတ်ပါတယ်။ တကယ်တမ်း ခြေနှစ်ဖက်ကို ချပြီး မတ်မတ်ထိုင်ခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။ ကွန်ပျူတာစားပွဲမှာ ထိုင်အလုပ်လုပ်တဲ့အခါ ကွန်ပျူတာမျက်နှာပြင်ကို မျက်လုံးနဲ့ တစ်တန်းထဲထားမှသာ လည်ပင်း ဇက်ကြောတက်ခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

          အလုပ်ပြီးချိန် ညဘက်ရောက်တဲ့အခါ လည်ပင်းကို ဘယ်ညာစောင်း အကြောဖြေလိုက်ပါ။ ဒါမှ တောင့်တင်းနေတဲ့ အကြောအခြင်တွေပြေပြီး ညဘက်မှာ ကောင်းကောင်းအိပ်ပျော်မှာ ဖြစ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)