ဇတ်နာတဲ့ဝေဒနာ
ဇတ်နာတဲ့ဝေဒနာခံစားနေရတဲ့သူတွေအတွက် ဘာကြောင့်ဇတ်နာရတယ်၊ ဘယ်လိုကုသရမယ်၊ ဘယ်လိုကာကွယ်ရမယ်ဆိုတာတွေကို ပြောပြပေးမယ်နော်။
လည်ပင်းဟာ ခန္ဓာကိုယ်မှာ အရေးပါတဲ့နေရာပါ။ ကျောရိုးမကြီး၊ ကြွက်သားတွေနဲ့ တစ်ခြားတစ်ရှူးတွေပါနေတာကြောင့်ပါနေလို့ သတိထားရပါမယ်။ ပြီးတော့ လည်ပင်းဟာ လှုပ်ရှားမှုအလွန်များပြီး အလွယ်တကူထိခိုက်နိုင်တဲ့နေရာလည်း ဖြစ်နေတယ်။
အထူးသဖြင့် ညာဘက်ဇတ်အနာများကြတယ်။
ဒါဆိုခံရခက်လှတဲ့ဇတ်နာတာကို ပျေက်အောင် ဘယ်လိုကုရမလဲသိချင်နေကြပြီမလား?
ဇတ်နာတာသိပ်မဆိုးရင် အိမ်မှာကိုယ့်ဟာကိုယ် ကုလို့ရတယ်။ တစ်ခါတစ်လေ တစ်ရက်အတွင်းမှာတင် ပျောက်သွားနိုင်သလို တစ်ခါတစ်လေ လုံးဝပျောက်သွားဖို့ ရက်သတ္တပတ်များစွာထိတောင် လိုနိုင်တယ်။
Bio Adult 1

• အကိုက်အခဲပျောက်ဆေးသောက်တာ
• အပူကပ်ခွာ၊ ရေနွေးနွေး၊ တဘတ်ပူပူ ကပ်ပေးတာ
• လည်ပင်းကိုနှိပ်နယ်ပေးတာ
• လည်ပင်းအကြောလျော့တာ
• လည်ပင်းဖိစီးမှုကိုလျော့ချတာ
• ရေခဲကပ်တာ
• ထိုင်၊ ရပ်၊ သွား ဣိရိယာပုဒ်၃ပါးလုံးမှာ ကိုယ်ဟန်နေထားမှန်မှန်ထားတာ
• လည်ပင်းကိုထိန်းမတ်ပေးနိုင်တဲ့အနေအထားနဲ့အိပ်တာ
• လည်ပင်းကြွက်သားတွေသန်မာစေမယ့်လေ့ကျင့်ခန်းတွေလုပ်တာ
ဒီနည်းလမ်းတွေကို လိုက်လုပ်ကြည့်ပါ။
ဒါပေမယ့်လည်း တစ်ခါတစ်လေ ဒီနည်းလမ်းတွေနဲ့တင် မပျောက်တာမျိုးလည်း ရှိနို်င်တယ်။ တစ်ခါတစ်လေ ဇတ်နာတာသက်သာဖို့ ဆေးသောက်ရနိုင်တယ်။ ဘယ်လိုကုရမလဲသေချာသိနိုင်ဖို့က ဘာကြောင့်ဖြစ်တယ်ဆိုတာပေါ် မူတည်နေတယ်။ ဒါ့ကြောင့် တော်တော်နာပြီဆိုရင် ဆေးခန်းသွားဖို့လိုပါတယ်။
ညာဘက်ဇတ်နာနေတာဟာ သိပ်ပြီး့ စိုးရိမ်စရာတော့ မလိုပါဘူး။ အများစုက ရိုးရိုးအရေးမကြီးတဲ့အကြောင်းရင်းတွေကြောင့် ဖြစ်တာမို့ အိမ်မှာပဲကိုယ့်ဟာကိုယ်ကုနိုင်တယ်။
ဒါပေမယ့် မသက်သာဘူး၊ ပိုပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြဖို့အရေးကြီးလာပြီပေါ့။ အများစုကတော့ ၁ပတ်၂ပတ်အတွင်းမှတင် သက်သာသွားလိမ့်မယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Bio Adult 2

(Unicode)
ဇတျနာတဲ့ဝဒေနာခံစားနရေတဲ့သူတှအေတှကျ ဘာကွောင့ျဇတျနာရတယျ၊ ဘယျလိုကုသရမယျ၊ ဘယျလိုကာကှယျရမယျဆိုတာတှကေို ပွောပွပေးမယျနောျ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























