တစ်သက်တာ ကျန်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ဖို့အချက် 8 ချက်
၁။ ဝိတ်ချချင်ချင်၊ မချချင်ချင် အစားအသောက်ကို သတိထားဖို့ လိုပါတယ်။
သိပ်အများကြီးတော့ မဟုတ်ပါဘူး။ ဆိုဒါအချိုရည်တွေကို ဖြတ်လိုက်တာ၊ အသီးအရွက်တွေကို ပိုစားတာလိုမျိုး အသေးအမွားအပြောင်းအလဲတွေက ရေရှည်မှာအင်မတန်တာသွားပါတယ်။
၂။ ဆေးလိပ်ဖြတ်ပါ။ ဘယ်ရက်မှာဖြတ်မယ်ဆိုတာ အတိအကျရက်သတ်မှတ်ပါ။ ပြီးတော့ တကယ်ဖြတ်ဖြစ်အောင်ဖြတ်ပါ။ စွဲလန်းတာတစ်ခုခုကိုဖြတ်ပစ်ရတာ အင်မတန်ခက်ခဲပေမယ့်လည်း စိတ်ပိုင်းဖြတ်လိုက်ရင် လုပ်နိုင်မှာပါ။
၃။ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။ တစ်ပတ်ကို၂ကြိမ်လောက် မိနစ်၂၀လမ်းလျောက်တာလောက်က ဘာမှမလုပ်တာထက်စာရင်တော့ ကောင်းပါသေးတယ်။ တစ်နေ့တာအချိန်စာရင်းထဲမှာ ကိုယ်လက်လှုပ်ရှားဖို့ အချိန်တစ်ချိန်သတ်မှတ်လိုက်ပါ။ ရှာရင် အချိန်ဆိုတာ ထွက်ပါတယ်။
၄။ ကိုယ့်မှာ ဆီးချို၊ သွေးတိုးလိုမျိုး ရောဂါရှိရင် ဆရာဝန်ရက်ချိန်းတွေကို မပျက်မကွက်သွားပါ။ နေကောင်းတယ်လို့ကိုယ့်ကိုယ်ကိုထင်နေရင်တောင် ဆရာဝန်ရက်ချိန်အတိုင်း ပုံမှန်ပြသင့်ပါတယ်။
Enervon-C Adult 1

၅။ ဆရာဝန်နဲ့ပွင့်ပွင့်လင်းလင်းတိုင်ပင်ပါ။ တစ်ခုခုစိုးရိမ်နေတာရှိရင် ဆရာဝန်ကို ပွင့်ပွင့်လင်းလင်းပြောပြပါ။ ကိုယ့်ရဲ့လူနေမှုပုံစံနဲ့ပတ်သတ်လို့ ဆရာဝန်နဲ့တိုင်ပင်ဖို့ ဝန်မလေးပါနဲ့။
၆။ အိပ်ရေးဝဖို့အရေးကြီးပါတယ်။ အိပ်ရေးဝမှသာ လူလန်းစိတ်ကြည်မှာပါ။ အိပ်ရေးဝမှသာ နာတာရှည်နဲ့ရုတ်ချည်းဖျားနာနေမကောင်းမှုတွေကို ကောင်းကောင်းကာကွယ်နိုင်မှာပေါ့။
၇။ ကိုယ်ကျန်းမာဖို့အရေးကြီးသလို စိတ်ကျန်းမာရေးကလည်း အရေးကြီးကြောင်း နားလည်သဘောပေါက်ပါ။ လေ့ကျင့်ခန်းတွေ၊ အိပ်ရေးဝခြင်းနဲ့ အစားအသောက်ကောင်းတွေက စိတ်ဖိစီးမှုရဲ့ မကောင်းသော နောက်ဆက်တွဲတွေကို ပျောက်ပျက်အောင်တိုက်ဖျက်ရာမှာ အရေးပါပါတယ်။ တစ်ခါတစ်လေ အလုပ်အကိုင်တွေ၊ မိသားစုအရေးတွေကို ခေတ္တခဏမေ့ထားပြီး ပြန်လည်အားဖြည့်ဖို့အတွက် ကိုယ်ကြိုက်နှစ်သက်ရာတစ်ခုခုကို လုပ်ကိုင်ပေးဖို့လိုပါတယ်။
၈။ တစ်နှစ်မှာတစ်ရက်လောက် ကျန်းမာရေးစစ်ဆေးဖို့ အချိန်ပေးသင့်ပါတယ်။ တစ်နှစ်တစ်ခါ ကျန်းမာရေးစစ်ဆေးမှု (Medical Checkup) ခံယူသင့်ပါတယ်။ နောက်နှစ်အတွက်လည်း ကျန်းမာရေးကောင်းအောင် ဘယ်လိုနေထိုင်ကြမလဲဆိုတာကို ကြိုတင်အစီအစဉ်ချမှတ်ထားပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
Enervon-C Adult 2

၁။ ဝိတ္ခ်ခ်င္ခ်င္၊ မခ်ခ်င္ခ်င္ အစားအေသာက္ကို သတိထားဖို႔ လိုပါတယ္။
သိပ္အမ်ားႀကီးေတာ့ မဟုတ္ပါဘူး။ ဆိုဒါအခ်ိဳရည္ေတြကို ျဖတ္လိုက္တာ၊ အသီးအရြက္ေတြကို ပိုစားတာလိုမ်ိဳး အေသးအမြားအေျပာင္းအလဲေတြက ေရရွည္မွာအင္မတန္တာသြားပါတယ္။
၂။ ေဆးလိပ္ျဖတ္ပါ။ ဘယ္ရက္မွာျဖတ္မယ္ဆိုတာ အတိအက်ရက္သတ္မွတ္ပါ။ ၿပီးေတာ့ တကယ္ျဖတ္ျဖစ္ေအာင္ျဖတ္ပါ။ စြဲလန္းတာတစ္ခုခုကိုျဖတ္ပစ္ရတာ အင္မတန္ခက္ခဲေပမယ့္လည္း စိတ္ပိုင္းျဖတ္လိုက္ရင္ လုပ္နိုင္မွာပါ။
၃။ ကိုယ္လက္လႈပ္ရွားမႈျပဳလုပ္ပါ။ တစ္ပတ္ကို၂ႀကိမ္ေလာက္ မိနစ္၂၀လမ္းေလ်ာက္တာေလာက္က ဘာမွမလုပ္တာထက္စာရင္ေတာ့ ေကာင္းပါေသးတယ္။ တစ္ေန႔တာအခ်ိန္စာရင္းထဲမွာ ကိုယ္လက္လႈပ္ရွားဖို႔ အခ်ိန္တစ္ခ်ိန္သတ္မွတ္လိုက္ပါ။ ရွာရင္ အခ်ိန္ဆိုတာ ထြက္ပါတယ္။
၄။ ကိုယ့္မွာ ဆီးခ်ိဳ၊ ေသြးတိုးလိုမ်ိဳး ေရာဂါရွိရင္ ဆရာဝန္ရက္ခ်ိန္းေတြကို မပ်က္မကြက္သြားပါ။ ေနေကာင္းတယ္လို႔ကိုယ့္ကိုယ္ကိုထင္ေနရင္ေတာင္ ဆရာဝန္ရက္ခ်ိန္အတိုင္း ပံုမွန္ျပသင့္ပါတယ္။
၅။ ဆရာဝန္နဲ႔ပြင့္ပြင့္လင္းလင္းတိုင္ပင္ပါ။ တစ္ခုခုစိုးရိမ္ေနတာရွိရင္ ဆရာဝန္ကို ပြင့္ပြင့္လင္းလင္းေျပာျပပါ။ ကိုယ့္ရဲ႕လူေနမႈပံုစံနဲ႔ပတ္သတ္လို႔ ဆရာဝန္နဲ႔တိုင္ပင္ဖို႔ ဝန္မေလးပါနဲ႔။
၆။ အိပ္ေရးဝဖို႔အေရးႀကီးပါတယ္။ အိပ္ေရးဝမွသာ လူလန္းစိတ္ၾကည္မွာပါ။ အိပ္ေရးဝမွသာ နာတာရွည္နဲ႔ရုတ္ခ်ည္းဖ်ားနာေနမေကာင္းမႈေတြကို ေကာင္းေကာင္းကာကြယ္နိုင္မွာေပါ့။
၇။ ကိုယ္က်န္းမာဖို႔အေရးႀကီးသလို စိတ္က်န္းမာေရးကလည္း အေရးႀကီးေၾကာင္း နားလည္သေဘာေပါက္ပါ။ ေလ့က်င့္ခန္းေတြ၊ အိပ္ေရးဝျခင္းနဲ႔ အစားအေသာက္ေကာင္းေတြက စိတ္ဖိစီးမႈရဲ႕ မေကာင္းေသာ ေနာက္ဆက္တြဲေတြကို ေပ်ာက္ပ်က္ေအာင္တိုက္ဖ်က္ရာမွာ အေရးပါပါတယ္။ တစ္ခါတစ္ေလ အလုပ္အကိုင္ေတြ၊ မိသားစုအေရးေတြကို ေခတၲခဏေမ့ထားၿပီး ျပန္လည္အားျဖည့္ဖို႔အတြက္ ကိုယ္ႀကိဳက္ႏွစ္သက္ရာတစ္ခုခုကို လုပ္ကိုင္ေပးဖို႔လိုပါတယ္။
၈။ တစ္ႏွစ္မွာတစ္ရက္ေလာက္ က်န္းမာေရးစစ္ေဆးဖို႔ အခ်ိန္ေပးသင့္ပါတယ္။ တစ္ႏွစ္တစ္ခါ က်န္းမာေရးစစ္ေဆးမႈ (Medical Checkup) ခံယူသင့္ပါတယ္။ ေနာက္ႏွစ္အတြက္လည္း က်န္းမာေရးေကာင္းေအာင္ ဘယ္လိုေနထိုင္ၾကမလဲဆိုတာကို ႀကိဳတင္အစီအစဥ္ခ်မွတ္ထားပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























