တစ်သက်တာ ဂရုစိုက်ရမယ့် အရိုးကျန်းမာရေး
မိမိရဲ့ခန္ဓာကိုယ်ကို အထောက်အပံ့ပေးထားတဲ့ အရိုးတွေ ကျွတ်ဆတ်တာ၊ ကျိုးလွယ်တာတွေ မရှိအောင် ကြိုးစားထိန်းသိမ်းမှသာ ကျန်းမာကြံ့ခိုင်ပြီး ခိုင်မာတောင့်တင်းတဲ့ အနေအထားကို တည်ဆောက်နိုင်မှာပါ။
အရေးပါအရာရောက်တဲ့ အရိုးတွေ ကျန်းမာဖို့ တစ်သက်တာ ဘာတွေလုပ်ဆောင်သင့်သလဲကို စဉ်းစားကြည့်ကြရအောင်။
1. သင့်တင့်မျှတတဲ့ အဆီဓာတ်ဟာ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင် D နဲ့ ကေ ကယ်လဆီယမ်ဓာတ် စုပ်ယူမှုမှာ အရေးပါပါတယ်။ ကျန်းမာတဲ့ အဆီဓာတ်ရဖို့ အဆီများတဲ့ငါးနဲ့ အစေ့အဆံတွေကို ရွေးချယ်စားသုံးပါ။
2. ပန်းဂေါ်ဖီ၊ ပဲပင်ပေါက်၊ ဘရိုကိုလီ၊ အယ်လမွန်စေ့၊ ကန်ဇွန်းဥ၊ ရေညှိ၊ ဂဏန်းပျော့၊ ဆာဒင်းငါးတွေမှာပါဝင်တဲ့ ကယ်လဆီယမ်ဓာတ်ဟာ အရိုးအတွက်သာမက တစ်ကိုယ်လုံးအတွက် အကျိုးကျေးဇူး ဖြစ်ထွန်းစေပါတယ်။
ကယ်လဆီယမ်ဓာတ် ပြည့်ဝတဲ့အစားအစာတွေကတော့ -
● ပဲ
● တိုဟူး
● နို့နှင့်နို့ထွက်ပစ္စည်းများ
● ဆော်လမွန်ငါး
3. တီဗီ၊ ကွန်ပျုတာပဲ ကြည့်မနေပါနဲ့။ ထပြီး လှုပ်ရှားသွက်လက်နေပါစေ။ လှုပ်ရှားသွက်လက်နေတာ၊ အလေးမတာတွေက ကိုယ်နေဟန်ထားနဲ့ အရိုးအနေအထားကို အကောင်းဆုံး ပံ့ပိုးနိုင်ပါတယ်။ နေ့စဉ် လေ့ကျင့်ခန်းလုပ်ခြင်း ကိုယ်လက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ပေးခြင်းဖြင့် အရိုးတွေနဲ့ တွယ်ဆက်အရွတ်တွေ လုံးဝသန်စွမ်းလာပြီး လျော့ရဲတာတွေ မဖြစ်မှာ ဖြစ်ပါတယ်။
4. နေ့စဉ် ဗီတာမင် D ရဖို့ နေရောင်ခြည် ခံယူပါ။ ဗီတာမင် D နည်းလေ အရိုးကျိုးလွယ်လေပါပဲ။ တစ်ပတ်ကို မိနစ်နှစ်ဆယ်ခန့် မနက်ပိုင်း နေရောင်ခြည်နဲ့ ထိတွေ့ပေးပါ။ ဗီတာမင်ဒီဓာတ် ပြည့်၀ဖို့ အဓိက အနေနဲ့ ငါး စားပေးရပါမယ်။ တစ်ပတ်ကို 2-3 ကြိမ် စားပေးဖို့ လိုအပ်ပါတယ်။
အချိုဓာတ်ဟာ အရိုးကျန်းမာရေးအတွက် ရန်သူပါပဲ။ အရက်နဲ့ ကဖိန်းဓာတ်တွေ၊ ပြုပြင်ပြောင်းလဲထားတဲ့ ဆေးသကြားတွေဟာ ကိုယ်တွင်းက အာဟာရဓာတ် သိုလှောင်မှုကို ပျက်ပြားစေပါတယ်။ အချိုကဲတဲ့ အစားအစာတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်တာဟာ အရိုးကျန်းမာရေးအတွက် အရေးပါတဲ့အချက် ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
(Unicode)
● ပဲ
● တိုဟူး
● နို့နှင့ျနို့ထှကျပစ်စညျးမြား






























