/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/တုပ်ကွေးမြန်မြန်ပျောက်စေဖို့-အရည်များများ-သောက်ကြစို့

တုပ်ကွေးမြန်မြန်ပျောက်စေဖို့ အရည်များများ သောက်ကြစို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဟဲ့ သား ... ဖျားနေတယ်မလား၊ ဆန်ပြုတ်လေးစားပြီး ဆေးသောက် ... ပြီးရင် ဓာတ်ဆားရည်လေး သောက်လိုက်နော် ...

          ဟာ ... အမေကလည်း ဆေးတော့သောက်မယ် ... ဓာတ်ဆားရည်ကြီးတော့ မကြိုက်ပါဘူး၊ အဲ့ဒါကြီး သောက်လို့ အဖျားပျောက်မှာမို့လို့လား? ဖျားလို့ ပါးစပ်ပျက်နေပါတယ်ဆို ရေလည်း မသောက်ချင်ဘူး ဘာမှလည်း မစားချင်ပါဘူးဗျာ ...

          ယခုလို တုပ်ကွေးချိန်မှာ အိမ်တိုင်းလိုလို တစ်ယောက်မဟုတ် တစ်ယောက် ဖျားနာပြီးကြပြီ မဟုတ်ပါလား? ဖျားနာနေချိန်မှာ အိပ်ရာပေါ် စောင်ထူထူခြုံပြီး ကွေးနေရုံဖြင့် သက်သာလာမှာ မဟုတ်ပါဘူး။ တုပ်ကွေးကူးစက်ခံရချိန်မှာ ရေ သို့မဟုတ် အရည်များများ သောက်ခြင်းဖြင့် ခံစားရသော ေ၀ဒနာများကို သက်သာစေတဲ့အပြင် မြန်မြန်ပျောက်ကင်းဖို့လည်း အထောက်အကူပေးပါတယ်။

 

>>    ဖျားနာနေစဉ် ရေဓာတ်ပြည့်၀ဖို့ ဘာလို့အရေးကြီးသလဲ

(၁)    ကို်ယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်စေတယ်

          ရေဓာတ် ပြည့်၀နေခြင်းဖြင့် ကိုယ်ခံအားဆဲလ်များဟာ ဘက်တီးရီးယားနဲ့ ရောဂါပိုးများရှိသော နေရာကို ပိုမိုမြန်ဆန်စွာသွားပြီး တိုက်ထုတ်နိုင်ပါတယ်။ ဒါကြောင့် အဖျား မြန်မြန်သက်သာစေမှာပါ။

 

(၂)    အဖျားကျစေတယ်

          ရေသောက်ခြင်းဖြင့် ကိုယ်တွင်းအပူချိန်ကို ကျဆင်းစေတဲ့အတွက် အဖျားမြန်မြန်ကျစေတာပေါ့။ ဒါကြောင့် ဖျားနေစဉ် တစ်နေ့ကို ရေ ၈ ဖန်ခွက်လောက် သောက်ပေးသင့်ပါတယ်။

 

(၃)    ခေါင်းကိုက်တာတွေ ပြေလျော့စေတယ်

          ဦးနှောက်ရဲ့ ၇၅- ၈၀ ရာနှုန်းကို ရေဖြင့် ဖွဲ့စည်းထားပါတယ်။ ရေဓာတ် နည်းပါးပါက ဦးနှောက်ဆီသို့ သွေးနဲ့ အာဟာရများ ကောင်းစွာရောက်ဖို့ ခဲယဉ်းစေပါလိမ့်မယ်။ အဲဒီအခါ ခေါင်းကိုက်တာ၊ မူးေ၀တာတို့ ဖြစ်လာမှာပါ။

Bio Adult 1

(၄)     ကျန်းမာသောဆဲလ်များကို အသစ်တစ်ဖန် မွေးဖွားဖို့ ကူညီပေးတယ်

          ရေထက် ဓာတ်ဆားရည် သောက်သုံးခြင်းဖြင့် ဆိုဒီယမ်၊ ကလိုရိုဒ်နဲ့ ပိုတက်ဆီယမ်တို့ပါ ရရှိစေတဲ့အတွက် မူးေ၀နုံးချိခြင်း၊ ကြွက်တက်ခြင်းတို့ကိုပါ သက်သာစေပြီး ဦးနှောက်နဲ့ ကြွက်သားဆဲလ်သစ်များကို ထွက်ပေါ်စေပါတယ်။

 

(၅)     အသက်ရှူလမ်းကြောင်း အမြှေးပါးများကို အစိုဓာတ် ရရှိစေတယ်

          ဖျားနေစဉ်မှာ အာခေါင်နဲ့ လည်ပင်းများ ခြောက်သွေ့တတ်ပါတယ်။ ရေသောက်ခြင်းဖြင့် အသက်ရှူလမ်းကြောင်းတစ်လျှောက် အမြှေးပါးများကို အစိုဓာတ်ရစေပြီး အာခေါင်ကွဲခြင်းကိုပါ သက်သာစေတဲ့အတွက် ဘက်တီးရီးယားပိုးများ ထပ်မံ၀င်ရောက်ခြင်းကို တားဆီးပေးပါတယ်။ ဒါ့အပြင် ကိုယ်ခံအားကိုပါ တက်စေပါလိမ့်မယ်။

 

(၆)     အာဟာရများကို ပိုမိုစုပ်ယူနိုင်စေတယ်

          ကောင်းမွန်သော အစာချေစနစ်အတွက် ရေက အရေးကြီးပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက် ရေဓာတ် ပြည့်၀နေမှသာ အာဟာရများကို ကောင်းစွာစုပ်ယူပြီး ကိုယ်ခန္ဓာအနှံ့ ပို့ဆောင်နိုင်မှာပါ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Bio Adult 2

(Unicode)







