/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နေပူပူမှာ-အရေပြားကင်ဆာ-ကာကွယ်ဖို့-ဒါလေးတွေ-လိုက်နာကြရအောင်

နေပူပူမှာ အရေပြားကင်ဆာ ကာကွယ်ဖို့ ဒါလေးတွေ လိုက်နာကြရအောင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုယ့်ရဲ့ အရေပြားပေါ်မှာ ကင်ဆာဖြစ်တယ်ဆိုတာ နောက်ကိစ္စတွေ အသာထားပြီး စဉ်းစားရင်တောင် အတော်စိတ်ဆင်းရဲစရာ ရုပ်ပျက်စရာရောဂါတစ်ခုပါပဲ။ မိမိတန်ဖိုးထားရတဲ့ အရေပြားလေး ကျန်းမာလှပဖို့ရယ်၊ ကင်ဆာကာကွယ်ဖို့ရယ်အတွက် ဒီလိုအရေးကြီးအချက်တွေကို လိုက်နာကြရင် အဆင်ပြေပြီပေါ့။
●  နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားကင်ဆာဖြစ်စေတဲ့ အဆိုးဆုံးအန္တရာယ် ဖြစ်ပါတယ်။ နေရောင်ခြည်ဒဏ်ဟာ အရေပြားမှာ ဗီတာမင်ဒီ ဖြစ်လာစေပြီး အရိုးနဲ့သွားတွေကို ခိုင်စေပေမယ့် အလွန်အကျွံဆိုတာတော့ မကောင်းဘူးပေါ့။ နေသိပ်ပူတဲ့အချိန်မှာ အင်္ကျီလက်ရှည်ဝတ်ပါ။ မျက်နှာအကာတပ်ပါ။ နေရောင်ခံ လိမ်းဆေးလိမ်းပါ။
●  မနက် (၁၀) နာရီကနေ ညနေ (၄) နာရီအတွင်းဟာ နေပူဒဏ်အပြင်းဆုံးမို့ အရိပ်ရအေးမြတဲ့ နေရာတွေမှာနေပါ။ ဦးထုပ်ကြီးကြီး ဝိုင်းဝိုင်းဆောင်းပါ။
●  အရည်အသွေး မြင့်မားပြီး အာမခံချက်ရှိတဲ့နေရောင်ကာခရင်မ်တွေကို ရွေးချယ်သုံးစွဲပါ။
●  နေရောင်ခြည်ဒဏ်ဟာ အရေပြားကို 5 နှစ်ကနေ 15 နှစ်ထိ အိုမင်းရင့်ရော်စေပါတယ်။ ကင်ဆာကတော့ နောက်တစ်ဆင့်ပေါ့။
●  အရေပြား ကျန်းမာဖို့၊ သွေးလည်ပတ်မှု ကောင်းဖို့ ကိုယ်လက်လှုပ်ရှားပါ။ ရေများများသောက်ပါ။ အရည်ရွမ်းတဲ့ သစ်သီး ဝယ်စားပါ။
●  အသားဖြူဖျော့သူတွေမှာ ခရမ်းလွန်ရောင်ခြည်ကို 55% ရာခိုင်နှုန်းထိ အရေပြားထဲကို ထိုးဖောက်ဝင်ရောက်စေတဲ့အတွက် အန္တရာယ်အလားအလာ အမြင့်ဆုံး ဖြစ်ပါတယ်။ ဒီတော့ အသားဖြူ၊ အသားလတ်သူတွေအနေနဲ့ ပိုမိုသတိထားပြီး မိမိအရေပြားကို ကာကွယ်ဖို့ လိုပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)