/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နှလုံးကျန်းမာရေးအတွက်-သိသင့်သောအချက်များ

နှလုံးကျန်းမာရေးအတွက် သိသင့်သောအချက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

(၁)    နှလုံးဆရာဝန် ညွန်ကြားသောဆေးများကို ပုံမှန်သောက်ပါ
    သင့်နှလုံးဆရာဝန်က ဆေးသောက်ဖို့ ညွန်ကြားပါက မပျက်မကွက် သောက်သုံးဖို့ လိုအပ်ပါတယ်။

(၂)     Online ပေါ်က စကားလုံးတွေကို သိပ်မယုံပါနဲ့
    နှလုံးရောဂါကို အိမ်တွင်းကုထုံးများ၊ ဗီတာမင်များနဲ့ ကုသလို့ ရမယ်ဆိုတဲ့ အွန်လိုင်းပေါ်က စကားလုံးတွေကို မယုံကြည်သင့်ပါဘူး။ နှလုံးရောဂါဟာ သေချာ ရုတစိုက်ကုသရမယ့် ရောဂါတစ်ခု ဖြစ်ပါတယ်။

(၃)     သင့်ဆီက သတင်းအချက်အလက် (information) များများရလေ ဆရာဝန်က များများ ကုသပေးနိုင်လေပါပဲ
    နှလုံးဆရာဝန်ဆီ မသွားရောက်မီမှာ သင့်ရောဂါရာဇဝင်မှန်သမျှကို ရေးမှတ်သွားသင့်တဲ့အပြင် သင်သောက်နေသောဆေးတွေကိုပါ သယ်ဆောင်သွားဖို့ မမေ့ပါနဲ့နော်။

(၄)     လိင်ကိစ္စနဲ့ နှလုံးရောဂါ
    နှလုံးဆေးများကြောင့် လိင်မှုစွမ်းရည်ကျဆင်းမှာ ကြောက်သူများအနေနဲ့ သင့်နှလုံးဆရာဝန်ကို ပွင့်လင်းစွာ ပြောပြခြင်းဖြင့် အဆင်ပြေနိုင်မှာဖြစ်ပါတယ်။

(၅)     အားဖြည့်အချိုရည် (energy drinks) တွေနဲ့ ဝေးဝေးနေပါ
    အားဖြည့်အချိုရည် (energy drinks) တွေမှာ ရင်တုန်စေတဲ့ ကဖိန်းဓာတ်နဲ့ အခြားဓာတုပစ္စည်းတွေ ပါဝင်တာမို့ နှလုံးရောဂါရှိသူတွေ မသောက်သင့်ပါဘူး။

(၆)     အကျင့်ဆိုးတွေကို ပြုပြင်ပါ
    ဆေးလိပ်နဲ့အရက်ကို ဖြတ်နိုင်အောင် ကြိုးစားပါ။ ဘာဂါနဲ့ အခြားအသင့်စားအစာများကို ရှောင်ပါ။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။

(၇)     ကျွန်ုပ်တို့ဟာ လူသားများသာ
    ကျွုနု်ပ်တို့ဟာ လူထဲကလူတွေဖြစ်တာမို့ ကျန်းမာရေးနဲ့ ညီညွတ်လွန်းသောအစာများကို မစားလိုခြင်း၊ ဆေးလိပ်၊ အရက်များကို မရှောင်ကြဉ်လိုခြင်းတို့ ရှိနိုင်ပါတယ်။ ဒါကြောင့် နှလုံးဆရာဝန်များနဲ့ သွားရောက်ပြသတဲ့အခါမှာ ပွင့်ပွင့်လင်းလင်းပြောပြဖို့ လိုပါတယ်။

(၈)     ဆေးများကို ဆက်မသောက်ခြင်း သို့မဟုတ် ထပ်တိုးသောက်ခြင်းတို့ရှိပါက ဆရာဝန်ကို အသိပေးပါ
    သင့်အနေနဲ့ နှလုံးဆရာဝန် ညွန်ကြားထားတဲ့အတိုင်း ဆေးများကို တိကျစွာ သောက်သုံးဖို့ လိုပါတယ်။ ဆေးများကို ဆက်လက် မသောက်လိုပါက ဆရာဝန်ကို တင်ပြဖို့ လိုပါတယ်။

(၉)     သင့်အနေနဲ့ စိတ်ချယုံကြည်စွာ တိုင်ပင်နိုင်သော ဆရာဝန်ကို ရွေးချယ်ပါ
    သင့်အနေနဲ့ ဆရာဝန်နဲ့ တွေ့ဆုံချိန်တိုင်းမှာ သိလိုသော မေးခွန်းများကို သေချာစွာ မေးမြန်းပါ။ သင့်ကို စိတ်ရှည်လက်ရှည် ဖြေဆိုပေးသောဆရာဝန်နဲ့သာ အစဉ်တစိုက် ပြသနိုင်ပါတယ်။

(၁၀)     ဆရာဝန်တစ်ယောက်နဲ့ အဆင်မပြေပါက နောက်ဆရာဝန်တစ်ယောက်ကို ရှာဖွေပါ။
    ဆရာဝန် တစ်ယောက်နဲ့တစ်ယောက် ကုသပုံမှာ မတူညီကြပါဘူး။ ဒါကြောင့် သင့်အနေနဲ့ ဆရာဝန်တစ်ဦးစီက စိတ်တိုင်းကျတဲ့ ဆွေးနွေးမှုမရရှိပါက နောက်ဆရာဝန်တစ်ဦးထံ ပြောင်းလဲကုသသင့်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)