နှာခေါင်းပိတ်ကာ အသက်ရှူမရပါက ရေနွေးငွေ့ ရှူပါ
ရေနွေးငွေ့ရှူခြင်းဖြင့် နှာစေးခြင်း၊ နှာပိတ်ခြင်းကို သက်သာစေပြီး လည်ချောင်းအတွင်းရှိ ချွဲသလိပ်များကို ရှင်းလင်းစေကာ အသက်ရှူရကောင်းစေပါတယ်။
● ရေနွေးပူပူကို ပန်းကန်လုံးထဲ ထည့်ပါ။
● ရေနွေးမှ 8 လက်မမှ 12 လက်မခန့် အကွာမှနေ၍ မျက်လုံးပိတ်ပြီး ရေနွေးငွေ့ရှူပါ။
● ရေနွေးငွေ့ရစေရန် ခေါင်းပေါ်တွင် မျက်နှာသုတ်ပဝါ အုပ်ထားပါ။
● 2 မိနစ်မှ 5 မိနစ်ခန့်သာ ပြုလုပ်ပါ။
>> သတိပြုရန်
● မျက်နှာကို ရေနွေးနှင့် အနီးကပ်မထားပါနှင့်။
● မျက်လုံးကို တိုက်ရိုက်ရေနွေးငွေ့ အထိမခံပါနှင့်။
● တစ်ခါရှူလျှင် 10 မိနစ်ထက် မပိုပါစေနှင့်။
Dr. K (www.drmyanmar.com)