ပင်ပန်းတဲ့အခါ ဘာကြောင့်ဖြူဖပ်ဖြူရော်ဖြစ်သွားရသလဲ
လူတစ်ယောက်မှာအလုပ်တွေများနေမယ်၊ စိတ်ဖိစီးမှုများနေမယ်ဆိုပါက ရေသောက်ဖို့မေ့လျော့နေ တတ်ကြပါတယ်။ ခန္ဓာကိုယ်မှာရေဓာတ်ခမ်းခြောက်သွားခြင်းက လူကိုဖြူဖပ်ဖြူရော်ဖြစ်စေတဲ့ အကြောင်းရင်းဖြစ်သလို စိတ်ဖိစီးမှုများချိန်၊ ပင်ပန်းနေချိန်မှာထွက်လာတဲ့ အေဒရီနယ်လင်းဟော်မုန်းကြောင့်ဖြစ် ပါတယ်။ ယင်းဟော်မုန်းက ခန္ဓာကိုယ်အား တုံ့ပြန်မှုမြန်စေရန်ကူညီပေးပြီး ခန္ဓာကိုယ်ရှိသွေးကြော (အထူးသဖြင့် အရေပြားမျက်နှာပြင်အနီးရှိသွေးကြော) တွေကိုကျဉ်းသွားအောင်လုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့့် အရေပြားဆီသို့သွေးစီးဆင်းမှုနည်းသွားပြီး ပုံမှန်ထက်ဖြူဖျော့လာခြင်းဖြစ်ပါတယ်။
ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် အသားအရေဖြူရော်လာရသလဲဆိုရာမှာ ခန္ဓာကိုယ်မှာရေဓာတ် ကုန်ခန်းသွားခြင်းက သွေးလှည့်ပတ်ရာတွင်လိုအပ်တဲ့ အရည်တွေနည်းသွားခြင်းကြောင့်ဖြစ်ပြီး သွေးထောက်ပ့ံ ရာမှာအရေပြားထက် ခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ ဦးနှောက်၊ နှလုံးဆီသို့ ဦးစားပေးကာ သွေးထောက်ပံ့ပေးရခြင်းကြောင့်လည်းဖြစ်ပါတယ်။ အသားအရေဖြူဖပ်ဖြူရော်ဖြစ်ရခြင်း ရဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုက သွေးနီဥ နည်းသွားခြင်းကြောင့်ဖြစ်စေတဲ့ သွေးအားနည်းရောဂါ ရှိခြင်းကြောင့်ဖြစ်ပါတယ်။ သွေးနီဥက အောက်ဆီဂျင်ကို သယ်ဆောင်ပေးပြီး ခန္ဓာကိုယ်မှာသွေးနီဥ လုံလုံလောက်လောက်မရှိပါက အောက်ဆီဂျင်ရရှိမှုနည်းကာ လူကိုဖြူဖပ်ဖြူရော်ဖြစ်စေရုံသာမက ပင်ပန်းနေသလိုလည်း ခံစားရစေနိုင်ပါတယ်။
CMS






























